May 24, 2026 | မြန်မာ
Fact Check 1 min read

အမေရိကန် ကွန်ဂရက်ညီလာခံမှာ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတဲ့ အကြောင်း အတည်ပြုထားခြင်း မရှိပါဘူး။

 အချက်အလက်မှား သတိပြုရန် 

မကြာသေးခင်အချိန်က လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ အမေရိကန်ဥပဒေပြုလွှတ်တော် ကွန်ဂရက်ညီလာခံမှာ အမျိုးအမည်မသိ ပျံသန်းယာဉ် ; UFO တွေနဲ့ ကမ္ဘာဂြိုဟ်ပြင်ပသက်ရှိ ; ဂြိုဟ်သားတွေ တည်ရှိကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ပိုစ့်တစ်ခု အမည်မဖော်လိုတဲ့ စာမျက်နှာကနေတဆင့် မျှဝေထားတာကို Fact Hub က အချက်အလက် စစ်ဆေးခဲ့ပါတယ်။ ဖော်ပြချက်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Fact Hub – Fact Check အဖွဲ့ကနေပြီး access ရှိတဲ့ archive နဲ့ trusted citation တွေကို အသုံးပြုပြီး စစ်ဆေးခဲ့ရာမှာ အကြောင်းအရာအတွင်း သတင်းအမှားတချို့ ; false news၊ ယူဆချက်အမှားတချို့ ; fake assumption နဲ့ နားလည်မှုလွဲစေနိုင်တဲ့ ဖော်ပြချက်အမှားတချို့ကို တွေ့ရှိခဲ့ရပါတယ်။ ပါဝင်နေတဲ့ အချက်အလက်အမှားတချို့ကို သတိပြုနိုင်ဖို့ ဒီအကြောင်းအရာကို ရေးသားမျှဝေလိုက်ပါတယ်။

ဒီအကြောင်းအရာကို real-time အချက်အလက်ရယူနိုင်တာမျိုးမရှိတဲ့အတွက်ကြောင့် နိုင်ငံတကာသတင်းဌာနတွေဖြစ်တဲ့ Associated Press, BBC, Wired, Independent, CNN တို့က ဖော်ပြထားတဲ့ အချက်အလက်တွေကို အသေးစိတ်ဖတ်ရှုပြီး Global Archive Library တွေကတဆင့် ဒေတာတွေကို citation ရယူခဲ့ပါတယ်။ အဆိုပါအချက်အလက်တွေအရ အမေရိကန်ကွန်ဂယက်လွှတ်တော်ကနေပြီး ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်လို့ အတည်ပြုလိုက်တဲ့ အကြောင်းအရာ မရှိပါဘူး။ ဒေတာရယူထားတဲ့ ရင်းမြစ်ငါးခုရဲ့ ဖော်ပြချက် အသီးသီးကနေပြီး ဘုံတူညီတာတွေက ဒါတွေပါ။

Fact Hub ကနေပြီး လက်ရှိအချိန်ထိ မှတ်တမ်းရယူနိုင်တဲ့ အကြောင်းအရာတွေရဲ့ ဘုံဖော်ပြချက်တွေကို ပြန်လည်ကောက်နုတ်ဆန်းစစ်ထားတာဖြစ်ပြီး အထဲမှာပါဝင်တဲ့ အကြောင်းအရာတွေ ပြောင်းလဲမှု ရှိနိုင်ပါမယ်။

ဖတ်ရှုသူတေွ ရှင်းလင်းဖို့ မေးခွန်းအတည်ပြုချက်နဲ့ ရရှိထားတဲ့ ဒေတာတွေကို အခြေခံပြီး Fact Hub က အကျဉ်းချုပ်ပေးပါ့မယ်။

UFO တွေ ရှိလား။

UFO တွေရှိပါတယ်၊ လက်ရှိအချိန်ထိ အမျိုးအစားအတည်မပြုနိုင်တဲ့ ဝေဟင်အရာဝတ္ထုတွေအကုန်လုံးက UFO တွေပါ။ ဒါပေမဲ့ UFO တိုင်းက ဂြိုဟ်သားစီးလာတဲ့ ယာဉ်ပျံတော့ မဟုတ်နေပါ။

UFO တွေက ကမ္ဘာပြင်ပသက်ရှိတွေရဲ့ ယာဉ်ဖြစ်နိုင်လား။ ကမ္ဘာပြင်ပသက်ရှိတွေ ရှိနေပြီလား။

အတိအကျမပြောနိုင်ပါ၊ ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိတွေသာ အခုလိုမျိုး ကမ္ဘာဂြိုဟ်မှာ သက်ရှိတွေရှိတဲ့ အကြောင်းသိ၊ ကမ္ဘာကို ရှာတွေ့ခဲ့ပြီး လေထုထဲအထိ စုံစမ်းထောက်လှမ်းတာမျိုး လုပ်နိုင်ပြီဆိုရင် သူတို့တွေက အတော်နည်းပညာမြင့်တဲ့ civilization ကို ရောက်နေပါပြီ။ ဒါကြောင့် ဉာဏ်ရည်မြင့်မျိုးစိတ်တွေအနေနဲ့ စုံစမ်းထောက်လှမ်းတာမျိုးထက် ကမ္ဘာကို ဆက်သွယ်ဖို့ အရင်ကြိုးစားကြမှာ ပိုသဘာဝကျပါတယ်။ စုံစမ်းထောက်လှမ်းတာမျိုး လုပ်မယ်ဆိုရင်တောင် အခုလိုပေါ်ပေါ်ထင်ထင် လုပ်လာနိုင်ဖို့ မဖြစ်နိုင်သေးပါ။ ဉာဏ်ရည်မြင့်၊ နည်းပညာမြင့် မျိုးစိတ်တွေကလည်း Bio state အနေနဲ့ မရှိနိုင်တော့ဘဲ ဒစ်ဂျစ်တယ်မျိုးစိတ် သက်ရှိတွေဖြစ်နိုင်ဖို့ ပိုအခွင့်အလမ်းများပါတယ်။

အမေရိကန်ကွန်ဂရက်က ဂြိုဟ်သားတွေ တည်ရှိတဲ့အကြောင်း အတည်ပြုထားပြီလား။

အတည်မပြုထားသေးပါ။ ဇူလိုင်လ ၂၇ ရက် ညနေ ၆ နာရီ global archive ဒေတာအရ အမေရိကန်ဥပဒေပြုရေး ကွန်ဂရက်လွှတ်တော်အနေနဲ့ ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိတွေ၊ ဂြိုဟ်သားတွေ ရှိနေတဲ့ အကြောင်း အတည်ပြုချက် မရှိသေးပါဘူး။ သက်သေတွေကတဆင့် ဖွင့်ဟတင်ပြတာဖြစ်ပြီး သက်သေတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်/တိုက်ရိုက် အဆိုပြုချက်မျိုး၊ သက်ရှိမျိုးစိတ်တွေနဲ့ ကိုယ်တိုင်/တိုက်ရိုက် ကြုံတွေ့ခဲ့ရတာမျိုး မဟုတ်ပါ။

သတင်းဌာနတွေက မြေပြင်အတည်ပြုချက်နဲ့ ဘယ်လိုဖော်ပြထားလဲ။

BBC / CNN

 

ကွန်ဂရက်ရဲ့ ရီဘက်ပလစ်ကန် တင်ဘာချက် ပြောကြားချက်
 

အယ်ဒီတာရဲ့ ယူဆချက်ကတော့ ဂြိုဟ်သားယာဉ်မှုးတွေသာ တကယ်ရှိခဲ့မယ်ဆိုရင် မိုင်ပေါင်းဘီလီယျံချီ၊ အလင်းနှစ်ချီပြီး သွားလာနိုင်ခဲ့တဲ့ သတ္တဝါတွေက ကမ္ဘာ့လေထုထဲရောက်မှ ပျက်ကျပြီး အဲ့လိုပျက်ကျလို့ သူတို့ရဲ့အချက်အလက်တွေကို ရခဲ့တယ်ဆိုတာ နားလည်ရခက်နိုင်ပါတယ်။

အဆုံးသတ်ရရင်တော့ ဂြိုဟ်သားတွေ၊ ဂြိုဟ်သားယာဉ်ပျံတွေ အမှန်တကယ် တည်ရှိ မရှိကို လက်ရှိ အတည်ပြုထားတာမျိုး လုံးဝမရှိသေးတဲ့အတွက်ကြောင့် အမေရိကန်ဥပဒေပြုလွှတ်တော် ကွန်ဂရက်ညီလာခံမှာ အမျိုးအမည်မသိ ပျံသန်းယာဉ် ; UFO တွေနဲ့ ကမ္ဘာဂြိုဟ်ပြင်ပသက်ရှိ ; ဂြိုဟ်သားတွေ တည်ရှိကြောင်း ကြေညာဆိုတဲ့ အကြောင်းအရာက အချက်အလက်မှား ဖြစ်ပါတယ်။

ဂြိုဟ်သားတွေ ရှိတယ်၊ မရှိဘူးနဲ့ ပတ်သက်လို့ အထူးတလည် ငြင်းချက်မထုတ်လိုပါ။ သက်သေတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ ဟုတ်ခြင်း မဟုတ်ခြင်းကလည်း အရေးမကြီးဘဲ ဂြိုဟ်သားတွေအမှန်တကယ်ရှိတယ်လို့ ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအမှားကိုပဲ ဗဟိုပြုထားတာ ဖြစ်ပါတယ်။ လိုအပ်တဲ့အချက်အလက်တွေ အကုန်လုံးကို Fact Hub ရဲ့ website မှာ ပူးတွဲဖော်ပြထားပြီး ထပ်မံဖြည့်စွက်ဦးမယ့် အကြောင်းအရာတွေကိုလည်း အဲ့ဒီမှာ update လုပ်ပါ့မယ်။

ဒီအကြောင်းအရာကို Fact Hub ရဲ့ Fact Check အဖွဲ့က ရေးသားထားတာပါ။

Share Facebook Telegram Email
Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

Article Credits

Written by Fact Hub Editorial
Managing Editor Fact Hub Fact Check Team

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.