May 25, 2026 | မြန်မာ
Astronomy & Space 1 min read

မြန်မာနိုင်ငံမှ မြင်ရမည့် မေလ ၅ ရက်နေ့ အရိပ်ဖျော့လကြတ်ခြင်း

အရိပ်ဖျော့လကြတ်ခြင်း (Penumbral Lunar Eclipse) လို့ခေါ်တဲ့ လကြတ်ခြင်းဖြစ်စဉ်တစ်ခု လာမယ့် မေ ၅ ရက်နေ့မှာ ဖြစ်ပွားမှာဖြစ်ပြီး မြန်မာနိုင်ငံက မြင်ရမှာဖြစ်ပါတယ်။

နေနဲ့ လရဲ့ ကြားထဲ ကမ္ဘာရောက်လာတာပြီး ကမ္ဘာရဲ့အရိပ်  လပေါ်ကျရောက်လာတာနဲ့ အတူ အဆိုပါအရိပ်ဖျော့လကြတ်ခြင်း ဖြစ်ပေါ်မှာ ဖြစ်ပြီးတော့ အာဖရိက၊ အာရှနဲ့ ဩစတေးလျတိုက်တွေကနေ မြင်တွေ့နိုင်မှာပါ။

လကြတ်တဲ့အချိန်မှာ နေ၊ လနဲ့ ကမ္ဘာတို့ ရောက်ရှိနေတဲ့ နေရာနဲ့ လအပေါ်ကျရောက်တဲ့ ကမ္ဘာ့အရိပ်အပေါ်မူတည်ပြီး လအပြည့်ကြတ်ခြင်း (Total)၊ တစိတ်တပိုင်းလကြတ်ခြင်း (Partial) နဲ့ အရိပ်ဖျော့လကြတ်ခြင်း (penumbral) ဆိုပြီး လကြတ်ခြင်းဖြစ်စဉ်တွေကို အမျိုးအစားခွဲနိုင်ပါတယ်။ ဒီတစ်ခေါက်လကြတ်ခြင်းက အရိပ်ဖျော့လကြတ်ခြင်း (Penumbral eclipse) လို့ ခေါ်ပါတယ်။ လပေါ်ကျရောက်တဲ့ ကမ္ဘာရဲ့အရိပ် လကို သွားထင်တဲ့နေရာမှာ အရိပ်စစ်/အရိပ်မည်း တစ်နည်း အရိပ်တည့်တည့်ကျရောက်တဲ့နေရာနဲ့ အရိပ်ဖျော့ကျရောက်တဲ့ နေရာဆိုပြီး အမျိုးအစားကွဲပါတယ်။ မေလ ၅ ရက်နေ့ လကြတ်တဲ့ဖြစ်စဉ်မှာဆိုရင် လဟာ ကမ္ဘာရဲ့အရိပ်ဖျော့ကျတဲ့နေရာကိုပဲ ဖြတ်သန်းသွားမှာ ဖြစ်တာကြောင့် အရိပ်ဖျော့လကြတ်ခြင်းလို့ သတ်မှတ်ရခြင်းဖြစ်ပါတယ်။ Penumbra လို့ ခေါ်တဲ့ အပြင်ဘက်က အရိပ်ဖျော့ကိုပဲ ဖြတ်သန်းသွားမှာဖြစ်လို့ တခြားလကြတ်တာတွေလို သွေးနီရောင်သမ်းတာ၊ မှောင်မည်းသွားတာမျိုးမရှိဘဲ လမျက်နှာပြင်တစိတ်တပိုင်းမှာပဲ အရိပ်ဖျော့ထင်တာကို မြင်တွေ့ရမှာပါ။

အဆိုပါနေကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံက မြင်တွေ့နိုင်မှာဖြစ်ပြီး မေလ ၅ ရက် မြန်မာစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်မှာ လကြတ်တာစတင်မှာပါ။

ည ၁၁ နာရီ ၅၂ မိနစ်မှာ အရိပ်ဖျော့လကြတ်တာ အပြည့်အဝအနေအထားကိုရောက်ရှိမှာဖြစ်ပြီး မေလ ၆ ရက် ည ၂ နာရီမှာ ဖြစ်စဉ်ပြီးဆုံးမှာပါ။ ဖြစ်စဉ် အစအဆုံး ကြာချိန်အနေနဲ့ ၄ နာရီ ၁၈ မိနစ်ခန့် ကြာမြင့်မှာဖြစ်ပြီး လကြတ်တာကို မြင်တွေ့ရဖို့အတွက် အရှေ့ဘက်မိုးကုပ်စက်ဝိုင်းအထက်ဘက်အထိ မြင်ကွင်းရှင်းတဲ့နေရာကနေ ကြည့်ရှုမှသာ ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်မှာပါ။

လကြတ်တဲ့အချိန်မှာ ကမ္ဘာက နေနဲ့ လအကြား ကျရောက်နေမှာဖြစ်လို့ လကြတ်တဲ့ဖြစ်စဉ်တွေဟာ လပြည့်နေ့မှသာဖြစ်ပေါ်လေ့ရှိသလို နေကြတ်တဲ့ဖြစ်စဉ်တွေဟာလည်း လကွယ်တဲ့နေ့တွေမှာသာ ဖြစ်ပေါ်လေ့ရှိတာပါ။ လကြတ်တဲ့ဖြစ်စဉ်မတိုင်ခင် နှစ်ပတ် ဒါမှမဟုတ် လကြတ်ပြီး နှစ်ပတ်အကြာတိုင်း နေကြတ်တဲ့ဖြစ်စဉ်ဖြစ်ပေါ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ရှားပါးရောစပ်နေကြတ်တဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်အပြီး နှစ်ပတ်အကြာ မေလ ၅ ရက်နေ့မှာ လကြတ်မှာဖြစ်ပါတယ်။

ရှားပါးနေကြတ်တဲ့ဖြစ်စဉ်အသေးစိတ်ကို အောက်မှာဖတ်ပါ။

လကြတ်တဲ့ဖြစ်စဉ်ကို တည်နေရာအလိုက် ဘယ်လိုမြင်တွေ့ရမလဲဆိုတာကို ပြသပေးမယ့် မြေပုံလင့်ခ်

https://www.timeanddate.com/eclipse/map/2023-october-28

အသေးစိတ်အချိန်ဇယားနဲ့ လကြတ်တဲ့ဖြစ်စဉ် သရုပ်ဖော် ဗီဒီယိုကို ကောမန့်မှာ ကြည့်နိုင်ပါတယ်။

နောက်ထပ်လာဖို့ရှိတဲ့ လကြတ်ခြင်းဖြစ်စဉ်တွေကိုလည်း ဖော်ပြပေးထားပါမယ်။

Written by – Zwe Thukha Min

Edited by – Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Share Facebook Telegram Email
Min Z

Zwe Thukha Min is the founder of Fact Hub Myanmar, a digital publishing platform focused on science communication and fact-checking. His work centers on making scientific knowledge accessible to the public through writing, journalism, and educational initiatives. He is interested in science communication, media literacy, and journalism.

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.