May 26, 2026 | မြန်မာ
Technology Article

Wearable Technology တွေရဲ့ အနာဂတ်

အလွယ်တကူ၀တ်ဆင်သယ်ဆောင်သွားနိုင်တဲ့ ပစ္စည်းတွေရဲ့ နည်းပညာတွေ Pedometers နဲ့ နှလုံးခုန်နှုန်းကိုပြပေးနိုင်တဲ့ မော်နီတာတွေကို စတင်မိတ်ဆက်လိုက်တဲ့အချိန်ကနေစပြီး သိသိသာသာတိုးတက်လာကြပါတယ်။ အခုအချိန်မှာဆိုရင် ကျနော်တို့တွေရဲ့ ကျန်းမာရေးကိုစောင့်ကြည့်ပေးနိုင်ပြီးတော့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုခြေရာခံနိုင်တဲ့ စက်ပစ္စည်းတွေအများအပြားရှိနေပါပြီ။ ဒီတစ်ခါမှာတော့ အလွယ်တကူ၀တ်ဆင်သယ်ဆောင်သွားနိုင်တဲ့ ပစ္စည်းတွေရဲ့ တိုးတက်မှုတွေနဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ တိုးတက်ပြောင်းလျက်ရှိနေတဲ့ နည်းပညာနယ်ပယ်အကြောင်းတွေကို ပြောပြသွားမှာပါ။ Smart Watch, Fitness trackers တွေနဲ့ Augmented…

Text size

အလွယ်တကူ၀တ်ဆင်သယ်ဆောင်သွားနိုင်တဲ့ ပစ္စည်းတွေရဲ့ နည်းပညာတွေ Pedometers နဲ့ နှလုံးခုန်နှုန်းကိုပြပေးနိုင်တဲ့ မော်နီတာတွေကို စတင်မိတ်ဆက်လိုက်တဲ့အချိန်ကနေစပြီး သိသိသာသာတိုးတက်လာကြပါတယ်။ အခုအချိန်မှာဆိုရင် ကျနော်တို့တွေရဲ့ ကျန်းမာရေးကိုစောင့်ကြည့်ပေးနိုင်ပြီးတော့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုခြေရာခံနိုင်တဲ့ စက်ပစ္စည်းတွေအများအပြားရှိနေပါပြီ။ ဒီတစ်ခါမှာတော့ အလွယ်တကူ၀တ်ဆင်သယ်ဆောင်သွားနိုင်တဲ့ ပစ္စည်းတွေရဲ့ တိုးတက်မှုတွေနဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ တိုးတက်ပြောင်းလျက်ရှိနေတဲ့ နည်းပညာနယ်ပယ်အကြောင်းတွေကို ပြောပြသွားမှာပါ။

Smart Watch, Fitness trackers တွေနဲ့ Augmented reality တို့လိုပစ္စည်းတွေက အခုခေတ်နည်းပညာတွေထဲက ရေပန်းအစားဆုံးဖြစ်နေတာတွေပါ။ ဒီပစ္စည်းတွေမှာဆိုရင် ဖုန်းခေါ်ဆိုတာ၊ Message ပို့တာ၊ Sleeping Tracking လုပ်နိုင်တာ စတာတွေအပြင် နှလုံးခုန်နှုန်းကိုပြသနိုင်တာနှင့် GPS ခြေရာခံတာတွေလို features အများအပြားကို အသုံးပြုနေနိုင်ပါပြီ။ ဒီပစ္စည်းတွေအားလုံးနီးပါးကို AI အသုံးပြုပြီး ဖန်တီးထားတာကြောင့်ပဲ အသုံးပြုသူတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေနဲ့ နှစ်သက်မှုတွေအပေါ်မှာ အခြေခံပြီး အသုံးပြုတဲ့သူအတွက် ပိုပြီးကိုက်ညီမယ့်ပုံစံကို ဖန်တီးထားပေးနိုင်မှာဖြစ်ပြီးတော့ အသုံးပြုတဲ့သူအတွက်လည်း သူနဲ့ပိုကိုက်ညီတဲ့အချက်အလက်တွေကိုရရှိနိုင်မှာပါ။ အနာဂတ်မှာတိုးတက်လာနိုင်တာအနေနဲ့ အ၀တ်အစား ဒါမှမဟုတ် လက်၀တ်ရတနာလိုမျိုးထဲတွေမှာပါ ထည့်သုံးနိုင်တာတွေအပြင်ကိုမှ လူ့ခန္ဓာကိုယ်ထဲကိုပါတိုက်ရိုက်ထည့်သွင်းထားလာနိုင်တဲ့ နည်းပညာကို ဖန်တီးဖို့အတွက် အာရုံစိုက်လာကြနိုင်ပါတယ်။အလွယ်တကူ၀တ်ဆင်သယ်ဆောင်သွားနိုင်တဲ့ နည်းပညာရဲ့ အသုံးချလာနိုင်တဲ့ အလားအလာတွေက တစ်ကိုယ်ရည်စာကျန်းမာရေးတွေအထက် အများကြီးပိုပြီးရှိပါတယ်။ ဥပမာအနေနဲ့ အချိန်နဲ့တစ်ပြေးညီ ဒေတာတွေ ရရှိနိုင်ဖို့အတွက် ပညာရေး၊ အားကစားနဲ့ စစ်ရေးစတဲ့ကိစ္စတွေအထိအသုံးပြုနိုင်ပါတယ်။ ဒီနည်းပညာ ဘယ်လောက်အထိ အနာဂတ်မှာတိုးတက်လာနိုင်လဲဆိုတာက ခန့်မှန်းရခက်ပြီးတော့ ဘယ်လိုတိုးတက်မှုတွေထပ်တွေ့ရဦးမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

Smart Watch တွေကို Apple, Samsung နဲ့ Google တို့လိုနည်းပညာကုမ္ပဏီကြီးတွေကနေစပြီး အခြားကုမ္ပဏီအများအပြားကလည်း သူတို့ရဲ့ ကိုယ်ပိုင်ဗားရှင်းတွေကို ထုတ်လုပ်လျက်ရှိနေပါတယ်။ အခုအချိန်မှာဆိုရင် Smart Watch တွေက လူကြိုက်အများဆုံးပစ္စည်းတွေထဲကတစ်ခုဖြစ်လာပါတယ်။ ဒီနာရီတွေက သာမန်နာရီတွေထက် အများကြီးပိုပြီးတိုးတက်လာတဲ့ နည်းပညာတစ်ခုဖြစ်လာပါတယ်။ ဒီနာရီတွေက လက်ကောက်၀တ်မှာတင် ၀တ်ဆင်အသုံးပြုနိုင်တဲ့ အသေးစားကွန်ပြူတာလေး တစ်ခုလိုဖြစ်လာတာပါ။ တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်နိုင်ဖို့နဲ့ ကိုယ့်ရဲ့လှုပ်ရှားမှုတွေအားလုံးကို နေ့တိုင်းခြေရာခံပေးနိုင်တဲ့ အပြင်ကိုမှ ဖုန်းခေါ်ဆိုတာတွေ၊ message ပေးပို့တာတွေနဲ့ အခြားအသုံး၀င်တဲ့ နည်းပညာတွေအားလုံး တစ်စုတစ်စည်းထဲပါ၀င်နေတာပါ။ ဆိုရှယ်မီဒီယာ၊ သီချင်းနားထောင်တာတွေနဲ့ GPS တွေလို App တွေကို၀င်ကြည့်နိုင်ဖို့လည်းအသုံးပြုနိုင်နေပါပြီ။ ဒီနည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ ကျနော်တို့ရဲ့ နေ့စဉ်ဘ၀မှာ ပိုပြီးလိုအပ်လာစေနိုင်တဲ့ Feature အသစ်တွေကို ပိုပြီးဖန်တီးလာနိုင်မှာဖြစ်ပြီးတော့ လူတိုင်းအသုံးပြုလာနိုင်ဖို့အတွက်လည်း ရည်ရွယ်လာပါတယ်။ အခုချိန်အထိတော့ ဒီလို Smart Watch တွေက အခြေခံလူတန်းစားတွမှာ အသုံးပြုနိုင်ဖို့အတွက် မလွယ်ကူတဲ့အခြေအနေမှာပဲရှိနေပါသေးတယ်။ နောင်မကြာတော့တဲ့အနာဂတ်မှာ အခုထက်ဈေးသက်သာပြီး အသုံး၀င်နိုင်တဲ့ Smart Watch တွေထွက်ပေါ်လာဦးမှာပါပဲ။

Fitness trackers တွေဆိုတာကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကမှ စတင်ရေပန်းစားလာခဲ့တဲ့ အလွယ်တကူ၀တ်ဆင်အသုံးပြုနိုင်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ Smart Watch တွေနဲ့ ပုံစံဆင်တူပြီးတော့ ခြေလှမ်းများ၊ ခရီးအကွာအဝေးနှင့် ကယ်လိုရီလောင်ကျွမ်းမှုတွေအပါအဝင် ကျနော်တို့ရဲ့ ကိုယ်လက်လှုပ်ရှားမှုတွေအားလုံးနီးပါးကို စောင့်ကြည့်ပေးနိုင်ဖို့အတွက်ထုတ်လုပ်ထားခဲ့တာပဲဖြစ်ပါတယ်။ ဒီ fitness tracker တွေရဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်တာတွေက ကျနော်တို့ရဲ့ Fitness Goal တွေကိုရောက်ရှိနိုင်ဖို့အတွက် ပံ့ပိုးပေးနိုင်တာတွေကြောင့်ပဲ ကျန်းမာရေးပိုင်းကိုစိတ်၀င်စားတဲ့သူတွေအကြားမှာ အတော်လေးကိုရေပန်းစားပါတယ်။ အချို့ fitness tracker တွေမှာဆိုရင် အသုံးပြုသူတွေအနေရဲ့ သူငယ်ချင်းနဲ့ ပါ ချိတ်ဆက်အသုံးပြုနိုင်လာပြီဖြစ်ပြီးတော့ challenges တွေကိုပါပြုလုပ်လာနိုင်စေပါတယ်။ နည်းပညာက ပိုပြီးတိုးတက်ပြောင်းလဲလာတာနဲ့အမျှ၊ ပိုပြီးတိကျတဲ့အပြင် ပိုအဆင့်မြင့်တဲ့ features တွေကို မကြာခင်မှာ ပိုပြီးမြင်တွေ့လာရတော့မှာပဲဖြစ်ပါတယ်။

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.