တက်စလာ (Tesla) ရဲ့ ကြိုးမဲ့လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုနည်းပညာကို ဆန်းစစ်ကြည့်ခြင်း
ကြိုးမဲ့လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုနည်းပညာကို ကြားဖူးကြပါသလား . . .? ဒီနည်းပညာအကြောင်းကို မသိရင်တောင် နီကိုလာ တက်စလာ (Nikola Tesla) ဆိုတဲ့ နာမည်ကိုတော့ ရင်းနှီးကြလောက်မှာပါ။ နီကိုလာ တက်စလာ ဆိုတာက ဆာဘီးယား-အမေရိကန် (Serbian-American) လူမျိုး အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး သူ့ခေတ်သူ့အခါတုန်းက အလွန်ထူးချွန်တဲ့ တီထွင်သူတစ်ယောက်ပါ။ တက်စလာက မူပိုင်ခွင့် ၃၀၀ လောက်ရှိပြီး…