“ဟကွက်ဟာကွက်တွေကို အစုလိုက် ထင်ရာမြင်ရာ ရမ်းဖြည့်ကြတဲ့အခါ”
“ဝိုင်ဖိုင်ကေဘယ်ကြိုးတွေကို ငါးမန်းကိုက်တာတဲ့” “ကိုဗစ်-၁၉ က တရုတ်မှာ ဓာတ်ခွဲခန်းထဲ မွေးပြီး ဖြန့်လိုက်တာတဲ့” ဒီစကားတွေကို အရပ်ထဲမှာ ဟိုကဒီက မကြာခဏ ကြားဖူးကြမှာပါ။ ပထမစကားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလလောက်က မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းတွေ ဆိုးဆိုးဝါးဝါးပြတ်တောက်ချိန်တုန်းက ကြားခဲ့ရပြီး ဒုတိယစကားကိုတော့ ၂၀၂၀ ပြည့်နှစ် အစောပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှာ…