မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?
အင်တာနက်ပေါ် ပျံ့နှံ့နေတဲ့ မြစ်ရေခမ်းတယ်၊ မြေကျွံကျတယ် ဆိုတဲ့ ပုံတွေကို စစ်ဆေးကြည့်တဲ့အခါ ဒီဖြစ်ရပ်ဟာ မြေကျွံကျလို့ဆိုတဲ့ အကြောင်းရင်းထက် မြေအရည်ပျော်လို့ ဆိုတဲ့ အကြောင်းရင်းက ပိုပြီး ဖြစ်နိုင်ခြေရှိတာ တွေ့ရပါတယ်။ ဒီလို ယူဆရတဲ့ အကြောင်းရင်းတွေကတော့ — ၁။ မြေကျွံကျင်း (Sinkhole) ဆိုတာ နေရာတစ်ခုရဲ့ အောက်ဘက်မှာ မြေအောက်ရေပြင် နိမ့်ကျသွားလို့…