July 21, 2026 | မြန်မာ
Archive

Short Facts

ကိုယ့်ရဲ့ ဗီဇတစ်ခုလုံးကို ကန်ဒေါ်လာ ၃၀၀ လောက် သုံးရုံနဲ့ စစ်ဆေးနိုင်တယ်ဆိုရင် ယုံမလား . . . ?

ကမ္ဘာ့ပထမဆုံး လူ့ဗီဇ-ဖော်ထုတ်ရေး စီမံကိန်း (Human Genome Project) ဟာ ၁၉၉၀ ပြည့်နှစ်မှာ စတင်ခဲ့ပြီး ၁၃ နှစ်အကြာ ၂၀၀၃ ခုနှစ်ရောက်မှ အောင်မြင်ခဲ့သလို ကုန်ကျစရိတ်ကလဲ ကန်ဒေါ်လာ ၂.၇ ဘီလီလျံဝန်းကျင် ရှိခဲ့တာပါ။ ၂၀၂၀ ခုနှစ်မှာတော့ လူတစ်ယောက်ရဲ့ ဗီဇတစ်ခုလုံး (Whole Genome) ကို ကန်ဒေါ်လာ…

Fact Hub Editorial · Jul 15, 2026 · 5 min read

“မြေမျက်နှာပြင် ၁၀၆ ဧကကို အုပ်မိုးထားတဲ့ သက်ရှိပန်ဒို “

ပန်ဒို (Pando) ဆိုတာ အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်က မြေမျက်နှာပြင် ၁၀၆ ဧကလောက်ကို ဖုံးလွှမ်းထားတဲ့ သစ်တောအုပ်ကြီးပါ။ ‘ပန်ဒို’ ဆိုတဲ့ နာမည်က လက်တင် (Latin) ဘာသာစကားအရ “ငါ ပြန့်ပွားတယ်” (I Spread) လို့ အဓိပ္ပာယ်ရပါတယ်။ အပြင်ပန်းက ကြည့်ရင် သစ်ပင်ပေါင်း ၄ သောင်းကျော်…

Fact Hub Editorial · May 5, 2026 · 1 min read

“အရသာအမျိုးမျိုးအတွက် လျှာမှာ သက်ဆိုင်ရာ အရသာခံဇုန်တွေ ရှိသလား . . . ?“

အရသာအမျိုးမျိုးကို လျှာပေါ်က သက်ဆိုင်ရာ အရသာခံဇုန်တွေက‌နေ တစ်မျိုးစီ သီးသန့် ခံစားတယ် ဆိုတာ အယူအဆမှားတစ်ခုပါ။ လျှာဖျားက အချိုဓာတ်ကို အရသာခံပြီး လျှာရင်းက အခါးဓာတ်ကို အရသာခံတယ် ဆိုတာမျိုးပေါ့။ တကယ်တော့ အရသာအမျိုးမျိုးကို လျှာရဲ့ ဘယ်နေရာမှာမဆို ခံစားနိုင်ပြီး တချို့နေရာတွေမှာတော့ အရသာတစ်မျိုးမျိုးကို ခံစားနိုင်စွမ်း ပိုမြင့်သွားရုံပါပဲ။ လျှာရင်းက အန္တရာယ်ရှိတဲ့ ဓာတုဒြပ်ပေါင်းတွေကို…

Fact Hub Editorial · May 5, 2026 · 1 min read

“မတော်တဆတွေ့ရင်းကနေ အသက်သန်းချီ ကယ်နိုင်ခဲ့တဲ့ ဆေး”

စာဖတ်သူတို့ နေ့စဉ်ဘဝမှာ ပုံမှန်အသုံးပြုနေတဲ့ ဆေးတစ်မျိုးက မတော်တဆရှာဖွေတွေ့ရှိရင်းကနေ သန်းနဲ့ချီတဲ့ လူတွေရဲ့အသက်ကို ကယ်နိုင်ခဲ့တယ်ဆိုတာ သိပါသလား . . . ?။၁၉၂၈ ခုနှစ်မှာ သိပ္ပံပညာရှင် အလက်ဇန်းဒါး ဖလင်းမင်းဟာ သူ့ဓာတ်ခွဲခန်းထဲမှာ ပိုးမွှားတွေကို စမ်းသပ်ရင်း အားလပ်ရက် ခရီးထွက်သွားပါတယ်။ သူပြန်လာချိန်မှာ ခရီးမထွက်ခင်က ထားခဲ့တဲ့ စမ်းသပ်ခွက်ထဲ မှိုတစ်မျိုး တက်နေတာ…

Fact Hub Editorial · Apr 30, 2026 · 1 min read

လျပ်စစ်စွမ်းအင် မလိုဘဲ ဆယ်စုနှစ်ကြာ လင်းစေနိုင်တဲ့ အလင်း

Radioluminescence (ရေဒီယိုလူးမီးနက်ဆင့်) ဆိုတာ အိုင်းယွန်းပြု ဓာတ်ရောင်ခြည် (Ionizing Radiation) တွေက အလင်းလွှတ်ပစ္စည်း (ဖော့စ်ဖော – Phosphor) ကို သွားရောက် ထိမှန်တဲ့အခါ အလင်းထွက်ပေါ်လာတဲ့ ရူပဗေဒ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအလင်း ထွက်ပေါ်လာဖို့ အပူစွမ်းအင်၊ ဒါမှမဟုတ် ပြင်ပက လျှပ်စစ်ဓာတ်အား ပေးနေစရာ မလိုလို့ သူ့ကို…

Fact Hub Editorial · Apr 28, 2026 · 1 min read

“ကလေးသုံးယောက်ကို တစ်ပြိုင်တည်း ပြုစုနိုင်တဲ့ စူပါမေမေ”

သားပိုက်ကောင်အမတွေမှာ မိန်းမကိုယ်သုံးခု — ဘေးဘက် မိန်းမကိုယ်နှစ်ခုနဲ့ အလယ် မိန်းမကိုယ်တစ်ခု — အပြင် သားအိမ်နှစ်ခု ပါရှိပါတယ်။ ဒီလိုဖွဲ့စည်းပုံမျိုးကို အိတ်ကပ်ပါ နို့တိုက်သတ္တဝါ  (Marsupial) လို့ ခေါ်တဲ့ သားပိုက်ကောင်၊ ကိုအာလာ (Koalas)၊ ဝမ်းဘတ် (Wombats) နဲ့ တက်စ်မေးနီးယန်းဒဲဗဲလ် (Tasmanian Devils) လို သတ္တဝါတွေမှာ…

Fact Hub Editorial · Apr 21, 2026 · 1 min read

“မျက်စိရှေ့မှာတင် ပျောက်နေတဲ့ နှာခေါင်း”

နှာခေါင်းက လူတွေရဲ့ ရှေ့တည့်တည့်မှာ အမြဲတမ်း ရှိနေပေမဲ့ သေချာ အာရုံစိုက် မကြည့်တာကြောင့် သတိမထားမိကြပါဘူး။ ဒီလိုဖြစ်ရတာက နှာခေါင်းကို မမြင်ရလို့ မဟုတ်ဘဲ  လူတွေရဲ့ ဦးနှောက်က အလိုလို လျစ်လျူရှုထားလိုက်လို့ပါ။ ဒီဖြစ်စဉ်ကို သိပ္ပံပညာရှင်တွေကတော့ မသိလိုက်ဘဲ အာရုံစိုက်ခြင်း (Unconscious Selective Attention) လို့ ခေါ်ပါတယ်။ လူတွေရဲ့ ဦးနှောက်က…

Fact Hub Editorial · Apr 21, 2026 · 1 min read

  “လူငယ်နဲ့ ခါးနာ၊ ခါးကိုက် ပြဿနာ”

အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ကြုံတွေ့ခံစားရလေ့ရှိတဲ့ ခါးနာ၊ ခါးကိုက်ပြဿနာက ဒီနှစ်အတောအတွင်း လူငယ်အတော်များများပါ ရင်ဆိုင်လာရတဲ့ ရောဂါတစ်မျိုး ဖြစ်လာပါတယ်။ ပုံမှန်ဆိုရင် ခါးနာတာက ကျောရိုးအောက်ပိုင်း (ခါးနေရာတစ်ဝိုက်) က အရွတ်တွေနဲ့ ကြွက်သားတွေ ထိခိုက်တာကြောင့် နာကျင်ရတာ ဖြစ်တတ်ပေမဲ့ ပိုပြီး ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ကျောရိုးတည်ဆောက်ပုံမှာ ပါတဲ့ အခြားသော အစိတ်အပိုင်း‌တွေ (အရိုး၊…

Hnin Shwe Yee San · Jan 18, 2025 · 1 min read

“ကော်ဖီက အိပ်ချင်စိတ်ပျောက်အောင် ဘယ်လိုလုပ်ပေးလဲ. . . ?”

“ကော်ဖီက အိပ်ချင်စိတ်ပျောက်အောင် ဘယ်လိုလုပ်ပေးလဲ. . . ?” အိမ်စာထပ်ရမဲ့ အချိန်က နီးလာပြီ၊ ဒါပေမဲ့ အိမ်စာက အခုထိ မပြီးသေးဘူး၊ အရမ်းလဲ အိပ်ချင်နေပြီ။ ဒီလို အဖြစ်မျိုးကို စာဖတ်သူတို့အားလုံး ကြုံဖူးကြမှာပါ။ ပြီးတော့ ဒီလိုဖြစ်လာတိုင်း အားလုံးလိုလို လုပ်မိတာကလဲ အိပ်ချင်စိတ်ပြေသွားအောင် ကော်ဖီတစ်ခွက်လောက် ထဖျော်ပြီး သောက်လိုက်တာပါပဲ။ ကော်ဖီသောက်ပြီးမှသာ…

Moe Myint Phyu · Oct 25, 2024 · 2 min read

နေ့စဉ်ဘဝထဲက ပလတ်စတစ်

အိမ်ထဲမှာ ထိုင်နေရင်း ဘေးပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်တဲ့အခါ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ရေသန့်ဘူးတွေ၊ ပန်ကာတွေနဲ့ မင်တံတွေ စတဲ့ ပစ္စည်းတွေကို မြင်ရပါလိမ့်မယ်။ အပြင်ကို ထွက်လာကြည့်ရင်လဲ ပလတ်စတစ်‌တွေနဲ့ ပါ၀င်ဖွဲ့စည်းထားတဲ့ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေကို မြင်ကြရမှာပါ။ မုန့်သွားဝယ်ကြတဲ့အခါ ပစ္စည်းတွေကို ထုပ်ပေးလိုက်တဲ့ အရာတွေကလဲ ပလတ်စတစ်တွေပါပဲ။ ဒီပလတ်စတစ်တွေ ဘယ်ကနေ လာသလဲ.…

Aye Chan Oo · Jan 31, 2024 · 1 min read
123

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.