May 10, 2026 | မြန်မာ
Category

Category: Linguistics

Linguistics In-Depth

“ဘာသာစကားဆိုတာ ဘာလဲ . . . အဆုံးမဲ့ တွဲစပ်မှုတွေပါ”

ရှေ့မှာတင်ပြခဲ့ဖူးတဲ့ ဆောင်းပါးမှာ ဘာသာစကားက စိတ်ကူးထင်ရာ သတ်မှတ်ချက်တွေ (အတ္တနောမတိတွေ) ဖြစ်တယ်လို့ ဆိုခဲ့ပေမဲ့ အဲဒီစိတ်ကူးထင်ရာသတ်မှတ်မှုတွေဟာ ကြုံရာကျပန်းလုပ်ထားတာ မဟုတ်ပါဘူး။ စဉ်းစားကြည့်ရင် မြန်မာဘာသာစကား အသုံးပြုသူတစ်ဦးအနေနဲ့ –  “ငါ မြင်ဖူးတယ် ကြီးမားပြီး လှပတဲ့ သစ်ပင်တစ်ပင်ကို“ ဒီလို ပြောဖူးမယ် ဆိုပေမဲ့ – “တယ် ဖူး သစ် ကို…

Htet Phone Shein · Jan 17, 2024 · 5 min read
Linguistics Analysis

“ခွေး” သည် “ခွေး” မဟုတ်ဘဲ “ကြောင်” ဖြစ်သည် ဆိုပါစို့ နှင့် ပလာတာ ထပ်တရာ ပြဿနာ

ကိုယ့်အနားမှာ “ဝုတ် ဝုတ်” လို့ ဟောင်နေတဲ့ သတ္တဝါတစ်ကောင် ရှိနေမယ်၊ ဒီသတ္တဝါကို သင်က “ခွေး” လို့ ခေါ်လေ့ရှိမယ်။ ဒါပေမဲ့ သင့်အနားကို လူတစ်ယောက် ရောက်လာပြီး ဒီသတ္တဝါကို “ကြောင်” လို့ ပြောလိုက်တဲ့အခါ သင် ဘယ်လို ထင်မိမလဲ။ ဒီလူက ပုံမှန်ရော ဟုတ်ရဲ့လား၊ ထူးဆန်းနေပါလား၊ ငါတို့အားလုံးနီးပါး ခေါ်နေကြတဲ့ “ခွေး” ကို သူက ဘာကြောင့် “ကြောင်” လို့ ခေါ်နေတာလဲ၊ တစ်ခုခုတော့ တစ်ခုခုပဲ . . . စသဖြင့် တွေးကောင်းတွေးနေမိနိုင်ပါတယ်။ အများသဘောတူ လက်ခံထားတဲ့ ဝေါဟာရသတ်မှတ်ချက်ကို အခြားလူတစ်ယောက်က သွေဖည်ပြောလိုက်တဲ့အခါ ဒါဟာ လွဲမှားမှုတစ်ခု ဟုတ်ပါသလား . . . ။

Htet Phone Shein · Jan 13, 2024 · 7 min read
Linguistics Analysis

“ပင်လယ်ပြင်တွင် လမ်းပျောက်ရင်း လူ့ဝန်းကျင်ကို လှမ်းကြည့်ခြင်း”

 (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ရေးသားခဲ့သော “ပင်လယ်” ဝတ္ထုတိုတွင် ကိုယ်တိုင်ပြောရှုထောင့် သို့မဟုတ် ပထမလူရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံဖန်တီးခြင်းကို တွေ့ရသည်။

Htet Phone Shein · Jan 10, 2024 · 8 min read
Linguistics Analysis

“ဘွန်ဇိုင်းပင်တွေက ပြောပြတဲ့ လူသားတွေအကြောင်း”

ရေအေးသည် “ဘွန်ဇိုင်း” ဝတ္ထုကို (၂၀၁၆) ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ဤဝတ္ထုတွင် ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်လာပုံကို သစ်စေ့ငယ်ဘဝမှ စတင်၍ သစ်ပင်လား မြောက်သည်အထိ တစ်ဆင့်ချင်း ရေးသားထားသည်။ သစ်စေ့ငယ်သည် မြေပြင်ထဲသို့ ထိုးနှစ်ကာ သစ်ပင်ဖြစ်ရန် ကြိုးစားပုံ၊ သစ်ပင်ငယ်အဖြစ် ပေါက်လာပြီးနောက် လူသားက မြေပြင်မှ နှုတ်ယူသွားကာ “ဘွန်ဇိုင်း”…

Htet Phone Shein · Jan 2, 2024 · 1 min read
Linguistics Explainer

“နိမိတ်ပုံ၏ အနက်နှင့် သဘောသဘာဝ”

နိမိတ်ပုံဟူသော ဝေါဟာရသည် “image” ဟူသော အင်္ဂလိပ်ဝေါဟာရကို မြန်မာမှုပြုထားသော မွေးစားစကားလုံးတစ်ခု ဖြစ်သည်။ ထိုဝေါဟာရအသုံးကို ၁၉၆၂ ခုနှစ်တွင် “အလွမ်း၊ အဆွေး၊ အသောနှင့် စာရေးဆရာ” ဟူသော ဆောင်းပါး၌ ဆရာဇော်ဂျီက ဘာသာပြန်ကာ စတင်သုံးစွဲခဲ့ရာမှ ယနေ့ခေတ်အထိ အသုံးတွင်ကျယ်လာခဲ့သည်။ နိမိတ်ပုံ ဟူသော ဝေါဟာရနှင့် ပတ်သက်၍ “ကဗျာ့နရီနှင့် နိမိတ်ပုံ”…

Htet Phone Shein · Dec 12, 2023 · 3 min read

ကောင်းသော ညပါ လမင်းကြီးရေ

ကလေးတွေရဲ့ ညအိပ်ရာဝင်ချိန်မှာ လမင်းကြီးဟာ အဓိကဇာတ်ဆောင်တွေထဲမှာ အကြားရဆုံး၊ အသိရဆုံး၊ အပြောပြရဆုံးဇာတ်ဆောင်တစ်ယောက်ဆိုရင် မှားမယ်မထင်ပါဘူး။ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ စာလေးတွေ၊ ကဗျာလေးတွေတောင် ရှိပါရဲ့။ “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွတ်သည့် အဘိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို၊ ပိုမိုသည့် စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အယောင်ပြတယ်၊ ဖိုးလနတ်သား”။ “ညအခါ၊ လသာသာ၊ ကစားမလား၊ နားမလား”။…

Htet Phone Shein · Oct 6, 2023 · 1 min read

စကားကို စူးစမ်းသင်ယူချိန်မှာ ကလေးတွေ လုပ်တတ်တဲ့ အမှားလေးတွေ

ကလေးတွေ စကားပြောတတ်အောင် သင်ယူနေချိန်မှာ သူတို့အနီးဝန်းကျင်မှာ ရှိတဲ့ သက်ရှိတွေဆီက အသံတွေကို ဖမ်းယူပြီး ကြားရဖန်များလာတဲ့အခါ အဲဒီအသံတွေအတိုင်း လိုက်တုပပြီး အသံထွက်တတ်ကြပါတယ်။ အထိအတွေ့အများဆုံးက မိခင်ဖြစ်ရင် မိခင်ဆီက စကားပြောသံ၊ စကားပြောဟန်တွေကို စောင့်ကြည့်လေ့လာပြီး မိခင်ပြောတဲ့ စကားလုံးတွေထဲက သူတို့ ဖမ်းမိသလောက် စကားလုံးတွေ၊ အကြားရအများဆုံးစကားလုံးတွေကို အသံ၊ သို့မဟုတ် စကားသံအဖြစ် ပြန်ထုတ်တတ်ကြတာပေါ့။ ဥပမာ မိခင်ဖြစ်သူက သူ့ကိုယ်သူ “မေမေ” လို့ ရည်ညွှန်းပြီး ကလေးရှေ့မှာ ပြောဖန်များလာတဲ့အခါ ကလေးက မိခင်ကို မြင်တဲ့အခါ “မေမေ” လို့ အသံထွက်ညွှန်ပြတတ်လာတာမျိုး ဖြစ်ပါတယ်။ စကားလုံးတွေ၊စကားတွေကို သင်ယူနေချိန်မှာ ကလေးတွေအနေနဲ့ စံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ တပြေးတညီတည်း သင်ယူနိုင်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ လုပ်တတ်တဲ့ အမှားလေးတွေလဲ ရှိနေပါတယ်။ မွေးဖွားပြီးအချိန်ကနေ ပထမဆုံး ထိတွေ့ရတဲ့ ပထမဘာသာစကားကို စူးစမ်းသင်ယူနေချိန်မှာ ကလေးတွေ လုပ်တတ်တဲ့အမှားတွေကို အောက်ပါအတိုင်း အဓိကအုပ်စု ၃ စု ခွဲထုတ်လိုက်လို့ ရပါတယ်။ အဲဒီအုပ်စု ၃ စုကတော့ – ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) ၃။ Underextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်း) တို့ပဲ ဖြစ်ပါတယ်။ ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) အရွယ်ရောက်သူသုံးဘာသာစကားမှာ တိရစ္ဆာန်တွေ၊ ပစ္စည်းတွေ၊ အရာဝတ္ထုတွေ၊ အပင်တွေ စတဲ့ အရာရာကို အမျိုးအစားခွဲခြားပြီး ဘယ်အရာက ဘာရယ်လို့ သတ်သတ်မှတ်မှတ် ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ဥပမာ အမှောင်မှာ မြင်နိုင်စွမ်းရှိပြီး ကြွက်ခုပ်တတ်တဲ့ သားစားအိမ်မွေးတိရစ္ဆာန်ကို “ကြောင်”၊ အဝါရောင်မှာ အနက်စင်းတွေ ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျား”၊ ညိုဝါရောင်အခံမှာ အနက်ပြောက်ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျားသစ်” လို့ အရွယ်ရောက်ပြီးသူတွေက သတ်မှတ်ခေါ်ဆိုကြတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကတော့ “ကျား” ကိုလဲ “ကြောင်”၊ “ကျားသစ်” ကိုလဲ “ကြောင်” ဆိုပြီး သူတို့စိတ်ထဲ ကောက်ချက်ချထားတဲ့အတိုင်း ခေါ်တတ်ကြပါတယ်။သူတို့လေးတွေရဲ့ သင်ယူထားတာတွေထဲမှာ “ကျား” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့ မခေါ်ဘဲ “ကျား” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့၊ “ကျားသစ်” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့မခေါ်ဘဲ “ကျားသစ်” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့ မပါရှိနေသေးတာကြောင့် သိရင်းစွဲ ဝေါဟာရဖြစ်တဲ့ “ကြောင်” နဲ့ပဲ အခြားတိရစ္ဆာန်တွေကိုပါ ရည်ညွှန်းခေါ်ဆိုတတ်ကြတဲ့ အခြေအနေလေးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာစကားကို စူးစမ်းသင်ယူနေတဲ့ ကလေးတွေမှာ ဖြစ်တတ်တာ နောက်တစ်ခုက အများကိန်းနဲ့အတိတ်ကာလပြကြိယာတွေကို အသုံးပြုပုံမှားယွင်းနေကြတာတွေပါ။ ဥပမာပေးရရင် “mice” အစား “mouses” လို့ပြောတာတွေ၊ “teeth” အစား “tooths” လို့ ပြောတာတွေလိုမျိုး အနည်းကိန်းကနေ အများကိန်းပြောင်းတဲ့အခါမှာ “s” ထည့်လိုက်တာနဲ့ အများကိန်းဖြစ်သွားမယ် ဆိုပြီး ကောက်ချက်ချထားတာမျိုး၊ “brought” အစား “bringed” လို့ ပြောတာတွေ၊ “said” အစား “sayed” လို့ ပြောတာတွေလိုမျိုး ပစ္စုပ္ပန်ကာလပြကြိယာကနေ အတိတ်ကာလပြကြိယာအဖြစ်ပြောင်းတဲ့အခါ မူရင်းကြိယာမှာ “-ed” ထည့်လိုက်ရင် ရပြီ ဆိုပြီး ကောင်ချက်ချထားတာမျိုးတွေ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) လို့ ခေါ်ပါတယ်။ သူ့ရဲ့ ဆန့်ကျင်ဘက်ကတော့ Undergeneralisation ပဲ ဖြစ်ပါတယ်။ ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) မိဘတွေက ကလေးကို ပွေ့ပြီး ညနေခင်းမှာ လမ်းလျှောက်ထွက်တယ် ဆိုပါစို့။ အဲဒီညနေခင်းမှာ ရာသီဥတုသာယာတဲ့အတွက် လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေနဲ့ ငှက်အမျိုးအစားအချို့ကို ကလေးက မြင်မိမယ်။ အဲဒီအခါမှာ ကလေးကလိပ်ပြာကို မြင်တော့လဲ “စာကလေး”၊ “ပုစဉ်းကို မြင်တော့လဲ “စာကလေး”၊ ဗျိုင်းတွေ လေးကောင်အတန်းလိုက် ပျံသွားတာကို ခပ်ဝေးဝေးဆီက မြင်တော့လဲ “စာကလေး”၊ စာကလေးကို မြင်တော့လဲ “စာကလေး” ဆိုပြီး အသံထွက်ရည်ညွှန်းပြမယ်။ ဒါ့အပြင် လေထဲမှာ မြင်ရသမျှ တွေ့ရသမျှ အကောင်လေးတွေကို “စာကလေး” လို့ပဲ ကလေးက ခေါ်နေမယ်။ကလေးဟာ “လေထဲမှာ ရှိနေခြင်း” ဆိုတဲ့ ဘုံတူညီချက်တစ်ခုတည်းကိုပဲ စွဲမှတ်ထားပြီး ရည်ညွှန်းပြနေတာဖြစ်ပါတယ်။ ဒီအခြေအနေဟာ တိကျသေချာတဲ့ သတ်မှတ်ချက် ရှိပြီးသား စကားလုံးကိုပဲ အသုံးပြုပြီး တိကျသေချာစွာ သတ်မှတ်ထားခြင်း မရှိဘဲ ယေဘုယျအချက်တစ်ချက်ကို မြင်တွေ့တာနဲ့ ရည်ညွှန်းလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါကိုOverextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) လို့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။ ဒီအခြေအနေမှာကလေးရဲ့ သတ်မှတ်နိုင်စွမ်းကနေ သိနိုင်တဲ့ အချက်တစ်ချက်ကတော့ ကလေးဟာ သူ့အနီးနားဝန်းကျင်မှာ ရှိနေတဲ့ အရာတွေထဲက တူညီတဲ့ ဘုံအချက်ကို သတိပြုနေမိတယ် ဆိုတာပါပဲ။ လေ့လာချက်တစ်ခုအရ ကလေးတွေဟာ သူတို့ ပထမဆုံး သင်ယူထားတဲ့ စကားလုံး ၇၅ လုံးထဲက သုံးပုံတစ်ပုံကို လွန်ကဲစွာ တိုးချဲ့သတ်မှတ်တတ်ကြတာကို တွေ့ရှိထားပါတယ်။ အစောဆုံး သင်ယူထားတဲ့ အသုံးအများဆုံးစကားလုံးတွေကိုပဲလွန်ကဲစွာ တိုးချဲ့သတ်မှတ်တတ်ကြတာပါ။  Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) ကို (က) categorical overinclusions (ခြွင်းချက်မရှိလွန်ကဲစွာ ဝေါဟာရထည့်သွင်းခြင်းများ)၊ (ခ) analogical overextensions…

Htet Phone Shein · Sep 12, 2023 · 3 min read

စကားပြောတတ်အောင် ကလေးတွေ ဘယ်လို သင်ယူသလဲ။

လူသားတွေက လူမှုအသိုက်အဝန်းထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အရွယ်က စလို့ ‘စကား’ တွေကို စပြီး ကြားကြရပါတယ်။အမျိုးအမည်မခွဲတတ်သေးပေမဲ့ ‘စကား’ ဆိုတဲ့ ဒီအသံတွေနဲ့ ရင်းနှီးခဲ့ကြပြီးသားပါ။ ဒီတော့ သင်ကြားပေးသူတွေထံကစည်းမျဉ်း၊ စနစ်တွေနဲ့ နည်းလမ်းတကျ မသင်ယူခင်အရွယ်မှာ ကလေးတွေက စကားပြောတတ်လာအောင် ဘယ်လိုသင်ယူကြပါသလဲ။ မိခင်ဘာသာစကားဖြစ်တဲ့ ပထမဘာသာစကားကို ကလေးတွေ ဘယ်လို တတ်မြောက်လာကြပါသလဲ။   ဒီသင်ယူတတ်မြောက်ခြင်းဖြစ်စဉ်ကို ဘာသာဗေဒပညာရှင်တွေက သိပ္ပံနည်းကျ လေ့လာခဲ့ကြတယ်။ ကလေးတွေစကားပြောတတ်ဖို့ သင်ယူရာမှာ – ၁။ အသံ (Sounds) – မွေးကင်းစမှ ၆ လအရွယ် ၂။ စကားလုံး (Words) – ၈ လမှ ၁ နှစ်ခွဲအရွယ် ၃။ ဝါကျ (Sentences) – ၂ နှစ် မှ ၃ နှစ်အထက်အရွယ် ဆိုတဲ့ အဆင့် ၃ ဆင့် ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။   အဆင့် ၁ – အသံများကို သင်ယူခြင်း။   ဒီအဆင့်မှာ ကလေးငယ်တွေက သူတို့ပတ်ဝန်းကျင်ကနေ ကြားနေရတဲ့ အသံတွေ (ဥပမာအားဖြင့် /က/၊ /ခ/၊ /ဒ/၊ /d/၊ /o/၊/t/) ကို စတင်သင်ယူကြတယ်။ ဒီအဆင့်က ကလေးတွေ စာဖတ်တတ်တဲ့ အရွယ်ရောက်လာတဲ့အခါမှာ သိပ်ကို အရေးပါတဲ့၊ အထောက်အကူကောင်းကောင်းပြုတဲ့ အခြေခံအဆင့်တစ်ခုဖြစ်ပါတယ်။ ဒီလိုအသံတွေကို သတိပြုပြီး အသံပြန်ထွက်တဲ့ ဒီအဆင့်ကို Phonemic Awareness လို့ ခေါ်ပါတယ်။ အသံတွေကို သင်ယူကြရမှာ ကလေးတစ်ယောက်နဲ့တစ်ယောက် နှုန်းမတူကြပေမဲ့ မွေးဖွားချိန်၊ ၄ လ၊ ၆ လ ဆိုတဲ့ ယေဘုယျပုံစံတစ်ခုအနေနဲ့ ကလေးအများစုက သင်ယူကြတာကို တွေ့ရပါတယ်။ မွေးစအရွယ်မှာ အသံတွေရဲ့ အဖိ၊ အဖော့၊ အမြင့်၊ အနိမ့် စတဲ့ စည်းချက်တွေကို သင်ယူကြပါတယ်။ ၄လသားအရွယ်မှာတော့ အနားမှာရှိတဲ့ လူက ဘာသာစကားရဲ့ အသံတွေကို အသုံးပြုနေသလား၊ ဒါမှမဟုတ် ဘာသာစကားမဟုတ်တဲ့ ဆူညံသံတွေကို ထုတ်လုပ်နေတာလားဆိုတာ ခွဲခြားလာနိုင်ပြီး ၆ လသားအရွယ်မှာတော့ ကမ္ဘာ့ဘာသာစကားအသီးသီးရဲ့ အသံအားလုံးကို ထုတ်လာထွက်လာနိုင်ကြပါပြီ။ အသံတွေကို ပေါင်းစပ်ပြီး ရည်ညွှန်းဖော်ပြလိုတဲ့ အရာတွေကို ပြောနိုင်စွမ်း မရှိသေးတဲ့အတွက် ဘယ်နိုင်ငံက ဘယ်ဘာသာစကားမဆို ရှိနေတဲ့အသံတွေကို ကလေးတွေက ဒီအရွယ်မှာ သင်ယူပြီး အသံထွက်နိုင်ကြတာ ဖြစ်ပါတယ်။ စကားလုံးအဆင့်မရောက်မသေးတဲ့ အသံတွေ ဖြစ်တဲ့အတွက်အဓိပ္ပာယ်ကို တွဲမှတ်နားလည်နိုင်စွမ်းမရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။   အဆင့် ၂ – စကားလုံးများကို သင်ယူခြင်း။   အသံတွေကို သင်ယူပြီးတဲ့အရွယ်လွန်မြောက်လာချိန်မှာ ကလေးတွေက အဲဒီအသံတွေကို ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိတဲ့စကားလုံးတစ်လုံးဖြစ်လာအောင် တည်ဆောက်တဲ့ ပုံစံကို သင်ယူကြပါတယ်။ ဥပမာအနေနဲ့ သူတို့သောက်နေတဲ့၊ အမေဖြစ်သူ၊ အဖေဖြစ်သူက ပါးစပ်အတွင်းဆီကို ထည့်ပေးတဲ့ အရည်ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘ရေ’ ဆိုတဲ့ စကားလုံးတစ်လုံး ဖြစ်လာဖို့ ‘အေ’ နဲ့ ‘ရ’ ဆိုတဲ့ အသံတွေ ပေါင်းစပ်တာမျိုး၊ သူတို့အနားမှာ လာနေတတ်တဲ့ အမွေးပွပွ၊ အမြီးရှည်ရှည်၊ နှုတ်သီးရှည်ရှည် ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘dog’ ဆိုတဲ့ စကားလုံးဖြစ်လာဖို့ /d/၊ /ɔ/ နဲ့ /g/ ဆိုတဲ့ အသံတွေပေါင်းစပ်တာမျိုးတွေ ဖြစ်ပါတယ်။ စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်၊ နောက်စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်ဆိုတာ ဒီအဆင့်မှာ သေချာပေါက် တတ်မြောက်အောင် သင်ယူကြရတယ်။ ဒါတွေကို “Word Boundaries” လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် သင်ယူနေကြတာက ဘယ်အသံကိုဘယ်လိုထွက်ရမယ်ဆိုတာမျိုး စည်းစနစ်တွေနဲ့ မဟုတ်ဘဲ ရုပ်ရင်း (morpheme) တွေကို သင်ယူနေကြရုံသက်သက်ပါပဲ။အရွယ်နဲ့ ထပ်ပြီး ခွဲခြားပြရရင် ၈ လသားအရွယ်မှာ Word Boundaries တွေကို ခွဲခြားလာနိုင်တယ်။ အသံအုပ်စုတွေကိုသတိပြုမိလာတယ်။ ဒါပေမဲ့ အလုံးစုံ သိနားလည်နေတာမျိုးမဟုတ်ဘဲ စကားလုံးတွေရဲ့ ဆိုလိုရင်းအဓိပ္ပာယ်တွေကိုစူးစမ်းသင်ယူနေဆဲအရွယ်ဖြစ်ပါတယ်။ နေ့စဉ်တွေ့နေရတဲ့ အရာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဆိုင်တဲ့ စကားလုံးမျိုးတွေပါ။ ၁ နှစ်သားအရွယ်ရောက်လာရင်တော့ ဝေါဟာရစကားလုံးတစ်ခုရဲ့ အဓိပ္ပာယ်ကို တွဲစပ်နားလည်လာပြီး ဘယ်အရာကို ဘယ်လိုညွှန်းဆိုပြောရမလဲ ဆိုတာကို တတ်မြောက်လာကြပါတယ်။ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ စကားလုံးတွေကိုတောင် တုပပြောနိုင်တဲ့ အရွယ်ပါ။ ၁ နှစ်ခွဲအရွယ်ဖြစ်လာတဲ့အခါ သင်ယူနေရတဲ့ စကားလုံးတွေကို အသုံးချတတ်ဖို့ ကလေးတွေ သိနေကြပြီလို့ ဆိုရပါမယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ကလေးတွေက ဒီအဆင့်မှာ နာမ်တွေ၊ကြိယာတွေကို ခွဲခြားသိမှတ်နိုင်စွမ်းရှိနေကြပြီလို့ ဆိုထားကြပါတယ်။   အဆင့် ၃ – ဝါကျများကို သင်ယူခြင်း။   စကားလုံးတွေကို အဓိပ္ပာယ်နဲ့ တွဲသိပြီး အသုံးပြုလာနိုင်တဲ့အခါ ကလေးတွေက အဲဒီစကားလုံးတွေနဲ့ ဝါကျတည်ဆောက်တတ်ဖို့ အဆင့် ၃ မှာ သင်ယူကြပါပြီ။ ‘ဗိုက် တယ် ဆာ’၊ ‘ချင်တယ် စား ထမင်း’ လို အစီအစဉ်မကျတဲ့ ဝါကျမျိုးတွေမဟုတ်ဘဲ ‘ဗိုက်ဆာတယ်’၊ ‘ထမင်းစားချင်တယ်’ လို အစီအစဉ်တကျရှိတဲ့ ဝါကျတွေဖြစ်လာအောင် စကားလုံးတွေကိုသဒ္ဒါအရ နေရာတကျ စီတတ်လာတဲ့ အရွယ်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဝါကျတစ်ကြောင်းရဲ့ နာမ်နဲ့ ကြိယာအထားအသိုကို ကောင်းကောင်းသိနေကြတာပါ။ ၂ နှစ်သားအရွယ်မှာ အခြေခံဝါကျတည်ဆောက်ပုံတွေကို နားလည်လာကြတယ်။ ၂ နှစ်ခွဲနဲ့ ၃ နှစ်သားအရွယ်မှာတော့ ကလေးတွေ ပြောတဲ့ စကားတွေရဲ့ ၉၀% လောက်ထိ မှန်ကန်တာကိုစစ်တမ်းတွေအရ တွေ့ရှိထားပါတယ်။ အင်္ဂလိပ်ဘာသာစကားသုံးတဲ့ နိုင်ငံတွေက ကလေးတွေဟာ အတိတ်ကာလပြကြိယာတွေကို ဖော်ပြရမှာ ပုံသဏ္ဍာန်မမှန်တဲ့ ကြိယာတွေကို မှားသုံးတာလောက်ပဲရှိပြီး တော်တော်များများ မှန်မှန်ကန်ကန်သုံးနေနိုင်ကြတာပါ။ ၃ နှစ်နဲ့ ၄ နှစ်အရွယ်အတွင်းမှာ အများကိန်း၊ အနည်းကိန်းတွေကို သိလာကြတယ်။ ဘာကြောင့်၊ဘယ်လို၊ ဘယ်သူ၊ ဘယ်လောက် ဆိုတဲ့ မေးခွန်းမျိုးတွေကို နားလည်လာပါတယ်။ ဝါကျထဲမှာ စကားလုံး ၄/၅ လုံး ထည့်ပေါင်းသုံးလာနိုင်တယ်။ စကားဆက်လေးတွေလဲ ထည့်ပြောတတ်လာကြတယ်။ ၄ နှစ်နဲ့ ၅ နှစ်အရွယ်အတွင်းမှာသဘောတရားတွေက တူသလား၊ ကွဲပြားသလား နားလည်လာနိုင်ပြီး ပုံပြင်တွေ ပြန်ပြောပြတာ၊ တစ်ခုခုကို ပြန်ရှင်းပြတာမျိုးတွေ လုပ်လာနိုင်ကြတယ်။ ၅ နှစ်နဲ့ ၇ နှစ်အရွယ်အတွင်းမှာတော့ ဟာသတွေ နားလည်လာတယ်၊ တင်စားစကားလေးတွေ သုံးတတ်တာမျိုး ရှိလာပါတယ်။ လူကြီးတွေ ပြောတဲ့ ဘာသာစကားမှာလို တင်စားတာမျိုး မဟုတ်သေးဘဲ အဲဒီနီးနီးရှိတဲ့ စကားလုံးအချို့ကို သုံးတတ်လာတာမျိုးပါ။ ခြုံငုံပြောရရင် ၃ နှစ်အထက်အရွယ်မှာတော့ ဝေါဟာရစကားလုံးတွေကိုကျယ်ကျယ်ပြန့်ပြန့် သိလာကြတယ်။ အခြေခံဝါကျတည်ဆောက်ပုံတွေတင်မကဘဲ ပိုပြီး မြင့်တဲ့ ဝါကျတည်ဆောက်ပုံတွေကိုပါ အသုံးပြုလာနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီအဆင့်မှာ ကလေးတွေ သုံးတဲ့ ဘာသာစကားက ဆယ်ကျော်သက်နဲ့လူကြီးတွေသုံးတဲ့ ဘာသာစကားနဲ့တော့ တူနေနိုင်မှာ မဟုတ်ပါဘူး။   ကလေးနဲ့ စကားပြောတတ်ခြင်းအကြောင်း ပြောရာမှာ ဆက်စပ်ပါဝင်လာတာကတော့ Speech Delay လို့ ခေါ်တဲ့စကားပြောနောက်ကျခြင်းကိစ္စပါပဲ။ ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် စကားပြောတတ်ချိန်၊ စကားပြောတတ်နှုန်းမတူကြပါဘူး။ ယေဘုယျတွေ့ရှိချက်တွေကနေ သွေဖည်ပြီး speech delay ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ (၁) ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများ၊ (၂) လိင်ကွဲပြားခြင်း၊ (၃) မျိုးရိုးဗီဇတို့ပဲ ဖြစ်ပါတယ်။…

Htet Phone Shein · Aug 10, 2023 · 4 min read

ဘောင်အတွင်းက ကဗျာသိမှု

နှင်းဆီပွင့် လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး မနက်တုန်းဆီက ကျော့ဆုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး။ ဆရာ မင်းသုဝဏ်ရဲ့ကဗျာလေး။ မျက်လုံးထဲမယ် ဒီကဗျာလေးကို ပုံဖော်ကြည့်တယ်။ မိန်းမပျိုလေး လယ်တောကအပြန်မှာပဲ ခရေဖူးလေးတွေပန်ချင်လှပါတယ်လို့ မှာလိုက်လေသလား၊ ကောင်လေးကပဲ သူလယ်လုပ်ပြီး လယ်တောကအပြန်မှာ ခရေဖူးလေးတွေခူးပေးလေသလား ဆရာမင်းသုဝဏ်က ဘာကိုဆိုလိုခဲ့သလဲဆိုတာကိုတော့ ဆရာကိုယ်တိုင်ထက်အတိအကျ ဘယ်သူမှမသိနိုင်။ ကဗျာဖတ်သူတစ်ယောက်အနေနဲ့ ကျွန်မကမ္ဘာထဲမှာတော့…

Fact Hub Editorial · Jun 14, 2023 · 1 min read

မြန်မာစာ ဘာကြောင့်သင်

ကျွန်မတို့အားလုံး မူကြိုအရွယ်ကစလို့ အထက်တန်းပြီးတဲ့အထိ၊ အချို့လည်း တက္ကသိုလ်ပြီးတဲ့အထိ မြန်မာစာကို သင်ရိုးမှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ခဲ့ကြဖူးမှာပါ။ ဒါဖြင့် ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြီး ဒီဘာသာစကားနဲ့ရင်းနှီးနေသူတွေအဖို့ ဒီဘာသာစကားကြီးကို ဘာကြောင့်အရေးတယူလုပ်သင်နေရသလဲဆိုပြီး မကျေမနပ်ခံစားချက်မျိုး၊ မလိုအပ်ဘူးလို့ထင်ရတဲ့ ခံစားချက်မျိုးတွေလည်း ဖြစ်ကောင်းဖြစ်ခဲ့ကြဖူးပါလိမ့်မယ်။ ယနေ့ခေတ်ချာတိတ်များစကားအရဆိုရင် မြန်မာစာသင်တာဟာ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်ရင် တော်ရောပေါ့ ဆိုတာမျိုး။ ဒါဆိုရင် သာမန်…

Fact Hub Editorial · May 27, 2023 · 3 min read

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.