ဘဝပုံစံကွဲ — ၈
မီသီနိုဂျင် (methanogens) တွေကို ဘယ်လို အမျိုးအစား ခွဲမလဲ။ သက်ရှိသစ်ပင်ရဲ့ ဘယ်လိုနေရာမှာ သူတို့ ရှိနေသလဲ။ တခြား ဘယ်လို ပိုးမွှားလေးတွေနဲ့ရော အမျိုးနီးစပ်နေမလဲ။ ၁၉၇၀ ပြည့်လွန်နှစ် အလယ်ပိုင်းတွေမှာ ဝုစ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း မေးမြန်းနေကြတဲ့ ဒီမေးခွန်းတွေဟာ ခြောက်ကပ်ကပ်နိုင်တဲ့ နာမည်ရှိပေမဲ့ အရေးကြီးနယ်ပယ်ဖြစ်တဲ့ “ဘက်တီးရီးယား မျိုးခွဲပညာ” (bacterial…