April 19, 2026 | မြန်မာ
Biology

သင်သိပါသလား

🔬 Biology 📅 April 19, 2023 👤 Htoo Tay Za

ပျားတွေဟာ မြွေတွေထက် လူ့အသက်ကိုပိုပြီးအန္တရာယ်ပြုနိုင်ပါတယ်

မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်လိုကောင်တွေကို သတိထားဖို့လိုတယ်ဆိုပေမယ့် ပျား ဒါမှမဟုတ် ခွေးတစ်ကောင်ကြောင့်လည်း သင့်အသက်ဆုံးရှုံးနိုင်ပါတယ်။

၂၀၀၈ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အတွင်း တိရိစ္ဆာန်တွေကြောင့် သေဆုံးသူ ၁၆၁၀ ဦးရှိခဲ့တဲ့ထဲက (၄၇၈) ဦးဟာ ‌ပျားတွေကြောင့်၊ (၂၇၂) ဦးဟာ ခွေးတွေကြောင့်သေဆုံးခဲ့ရကြောင်း Wilderness & Environmental Medicine မှာထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ‌ထိုနည်းတူစွာပဲ မြွေ၊ ပင့်ကူများနှင့် ကင်းမြီးကောက်များကြောင့် သေဆုံးသူဦးရေဟာ ရှစ်နှစ်အတွင်း (၉၉) ဦးရှိခဲ့ကြောင်း သိရပါတယ်။

မြင်း၊ ကျွဲများနှင့် ၀က်တွေလိုအခြားနို့တိုက်သတ္တဝါ‌များကြောင့်လည်း နှစ်စဉ် လူ (၇၂) ဦးအထိ သေဆုံးကြကြောင်း The Centers for Disease Control and Prevention မှသုတေသီများကလေ့လာတွေ့ရှိထားပါသေးတယ်။

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.