Nucleosynthesis
Nucleosynthesis ဆိုတာက အက်တမ်တွေရဲ့ နျူကလိယစ်ကို ရှိပြီးသားအမှုန်တွေနဲ့ ပြန်လည်ဖန်တီးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး စကြဝဠာထဲမှာရှိသမျှ ဒြပ်စင်တွေအားလုံးကို ဒီနည်းလမ်းနဲ့ ပေါ်ပေါက်လာစေခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အမျိုးအစားကွဲတွေလဲ ရှိပါတယ်။ နမူနာအနေနဲ့ ဘစ်ဘမ်း နျူကလီယိုဆင်းသစစ် (Big Bang Nucleosynthesis) ဟာ ဘစ်ဘမ်းလို့ခေါ်တဲ့ မဟာပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်းမှာပဲ အခြေခံအမှုန်လေးတွေအဖြစ် ပေါ်ပေါက်လာပါတယ်။ အဲဒီကနေတစ်ဆင့် ပရိုတွန်၊ နျူထရွန်တို့ ပေါင်းစည်းမိသွားပြီး ဟိုက်ဒြိုဂျင်လို အရိုးရှင်းဆုံး ဒြပ်စင်တွေ ဖြစ်ပေါ်လာပါတယ်။ နောက်ပိုင်းမှာတော့ ဟီလီယမ်တွေ၊ လီသီယမ်တွေ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာပြီး စကြဝဠာကြီး ပုံပေါ်လာတာ ဖြစ်ပါတယ်။ ကြယ်တွေရဲ့ နျူကလီးယားပေါင်းစည်းမှုဖြစ်တဲ့ ဗဟိုဝတ်ဆံမှာလဲ အလားတူဖြစ်စဉ် ဖြစ်လေ့ရှိပါတယ်။ နမူနာပြောရရင် ဟိုက်ဒြိုဂျင်အက်တမ်လေးလုံးပေါင်းပြီး ဟီလီယမ်ဖြစ်တာ၊ ဟီလီယမ်တွေပေါင်းရင်း ကာဘွန်ဖြစ်တာ အစရှိသဖြင့်ပေါ့။
Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။