May 26, 2026 | မြန်မာ

တိုးတက်လာတဲ့ နည်းပညာများနှင့် စပ်လျဉ်း၍

ကျွန်တော်တို့ကမ္ဘာကြီးမှာ နည်းပညာတွေတိုးတက်လာတဲ့အချိန်ကြာလာတာနဲ့အမျှ တစ်ခုနဲ့တစ်ခု ဆက်နွယ်မှုတွေရှိလာပြီး မူလရည်ရွယ်ချက်ကနေတစ်ဆင့် ဆင့်ကဲဖြစ်ပေါ်လာတဲ့နည်းပညာတွေပေါ်ပေါက်လာကြပါတယ်။ ဥပမာအနေနဲ့ဆိုရင် ကွန်ပျူတာရဲ့အစောပိုင်းကာလတွေမှာ ကြီးမားတဲ့အရွယ်အစားနဲ့ ဈေးလည်းကြီးသလို သိပ္ပံနဲ့ စစ်ရေးရည်ရွယ်ချက်အချို့အတွက်ပဲ အဓိကအသုံးပြုခဲ့ကြပေမဲ့ 1970 နဲ့ 1980 ခုနှစ်ပိုင်း ကိုယ်ပိုင်ကွန်ပျူတာတွေစတင်မိတ်ဆက်ချိန်မှာတော့ ကွန်ပျူတာတွေကို သာမန်ပြည်သူတွေကအစ ပိုမိုအသုံးပြုလာနိုင်ခဲ့ကြတာပါ။ နည်းပညာအမျိုးအစားအများအပြားရှိတယ်ဆိုပေမဲ့ အသုံးအများဆုံးနည်းပညာအမျိုးအစားအချို့ကတော့ – Information Technology (IT) –…

Text size
ကျွန်တော်တို့ကမ္ဘာကြီးမှာ နည်းပညာတွေတိုးတက်လာတဲ့အချိန်ကြာလာတာနဲ့အမျှ တစ်ခုနဲ့တစ်ခု ဆက်နွယ်မှုတွေရှိလာပြီး မူလရည်ရွယ်ချက်ကနေတစ်ဆင့် ဆင့်ကဲဖြစ်ပေါ်လာတဲ့နည်းပညာတွေပေါ်ပေါက်လာကြပါတယ်။ ဥပမာအနေနဲ့ဆိုရင် ကွန်ပျူတာရဲ့အစောပိုင်းကာလတွေမှာ ကြီးမားတဲ့အရွယ်အစားနဲ့ ဈေးလည်းကြီးသလို သိပ္ပံနဲ့ စစ်ရေးရည်ရွယ်ချက်အချို့အတွက်ပဲ အဓိကအသုံးပြုခဲ့ကြပေမဲ့ 1970 နဲ့ 1980 ခုနှစ်ပိုင်း ကိုယ်ပိုင်ကွန်ပျူတာတွေစတင်မိတ်ဆက်ချိန်မှာတော့ ကွန်ပျူတာတွေကို သာမန်ပြည်သူတွေကအစ ပိုမိုအသုံးပြုလာနိုင်ခဲ့ကြတာပါ။

နည်းပညာအမျိုးအစားအများအပြားရှိတယ်ဆိုပေမဲ့ အသုံးအများဆုံးနည်းပညာအမျိုးအစားအချို့ကတော့ –

Information Technology (IT) – ဒါကတော့ ကွန်ပျူတာ၊ ဆော့ဖ်ဝဲလ်နဲ့ ကွန်ရက်ချိတ်ဆက်ကိရိယာတွေအပါအဝင် ဒစ်ဂျစ်တယ်သတင်းအချက်အလက်တွေကို စီမံဆောင်ရွက်တာတွေ၊ Cloud Storage တွေလို နည်းပညာတွေ အကုန်လုံးပါ၀င်နေပါတယ်။

Biotechnology (ဇီ၀နည်းပညာ) – ဒီအပိုင်းမှာကတော့ ထုတ်ကုန်အသစ်တွေဖန်တီးဖို့၊ ဆေးဝါးအသစ်တွေဖန်တီးဖို့နဲ့ အချိန်ကြာကြာတာရှည်ခံတဲ့ အစားအစာထုတ်လုပ်တာလိုမျိုးပြဿနာတွေကို ဖြေရှင်းတာတွေ၊ သက်ရှိ‌တွေ၊ ဆဲလ တွေနဲ့ ဇီဝဖြစ်စဉ်တွေကို လေ့လာတဲ့နည်းပညာတွေပါဝင်ပါတယ်။

Energy Technology – ဒီမှာကတော့ ဆိုလာပြား‌တွေနဲ့ ဘက်ထရီတွေလိုမျိုး စွမ်းအင်ထုတ်လုပ်တာမျိုး၊ သိုလှောင်တာမျိုးတွေနဲ့ ဖြန့်ဖြူးခြင်းဆိုင်ရာတွေလိုနည်းပညာတွေ ပါဝင်လျက်ရှိတယ်။

NanoTechnology – နာနိုနည်းပညာဆိုတာကတော့ အက်တမ်နဲ့ မော်လီကျူးတွေရဲ့ မယုံနိုင်လောက်အောင်သေးငယ်တဲ့ စကေးနဲ့ ပစ္စည်းတွေရဲ့ ဒီဇိုင်းကို ပုံဖော်ထုတ်လုပ်ခြင်းနဲ့ ခြယ်လှယ်တဲ့နေရာမျိုးတွေမှယ ကိုင်တွယ်ဖြေရှင်းပေးတဲ့ သိပ္ပံနဲ့ အင်ဂျင်နီယာဆိုင်ရာနည်းပညာတစ်ခုပါပဲ။

Aerospace Technology – Aerospace Technology ဆိုတာကကျ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့အတူ ဒုံးပျံတို့၊ ဂြိုဟ်တုတို့၊ ဂြိုဟ်တု‌တွေနဲ့ အာကာသယာဉ်တွေလို ကမ္ဘာ့လေထုထဲမှာ လည်ပတ်နေတဲ့ယာဉ်တွေကို ဒီဇိုင်းဆွဲပေးတာ၊ တည်ဆောက်ပေးတာ၊ စမ်းသပ်တာတို့၊ လည်ပတ်တာတို့လိုမျိုးတွေကို ဆောင်ရွက်ပေးတဲ့ နည်းပညာအမြောက်အများပါဝင်နေပါတယ်။

Robotics and Automation – Robotics and Automation ဆိုတာကတော့ လူသားတစ်ဦးဝင်ရောက်လုပ်ကိုင်တာအနည်းဆုံး ဒါမှမဟုတ် လုံးဝမပါဝင်ဘဲနဲ့ အလုပ်တွေကို အလိုအလျောက်လုပ်ပေးနိုင်တဲ့ စက်နဲ့ စနစ်တွေကို ဖန်တီးပေးတဲ့နည်းပညာတစ်မျိုးပါ။

Artificial intelligence ( AI ) – AI ဆိုတာကတော့ အာရုံခံနိုင်မှု၊ ပြောထားတဲ့စကားတွေကိုမှတ်မိမှု၊ ဆုံးဖြတ်ချက်ချနိုင်တာတွေနဲ့ ဘာသာစကား‌တွေကို ဘာသာပြန်တာတွေလိုမျိုး ပုံမှန်အနေနဲ့လူသားဉာဏ်ရည်လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်‌ပေးနိုင်တဲ့ ဉာဏ်ရည်တုနည်းပညာတွေကိုဆိုလိုတာဖြစ်ပါတယ်။

Transportation Technology – ဒါကတော့ ကား၊ ရထားတို့၊ လေယာဉ်တို့လို လူ‌တွေနဲ့ကုန်ပစ္စည်းတွေကို ရွှေ့ပြောင်းနိုင်တဲ့ ရွေ့လျားမှုဆိုင်ရာနည်းပညာတွေအပြင် အလိုအလျောက်မောင်းနှင်တဲ့ကားတွေ၊ hyperloop သယ်ယူပို့ဆောင်ရေးစနစ်လိုနည်းပညာတွေ ပါဝင်နေပါတယ်။

1990 နဲ့ 2000 ခုနှစ်တွေမှာ အင်တာနက်ထွန်းကားလာခြင်းနဲ့အတူ နည်းပညာဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကအလှည့်အပြောင်းတွေလည်း ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ချိတ်ဆက်လာနိုင်ပြီး သတင်းအချက်အလက်တွေကိုမျှဝေနိုင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ဝန်ဆောင်မှုအသစ်အများအပြားဟာ လျင်လျင်မြန်မြန်ပဲ တိုးတက်လာကြပါတော့တယ်။ ဥပမာအနေနဲ့ဆိုရင် Social Media Platform တွေဟာ ကျွန်တော်တို့အချင်းချင်း ဆက်သွယ်ပြောဆိုဆက်ဆံမှုတွေအဖြစ် ပြောင်းလဲလာခဲ့ပြီးတော့ Amazon နဲ့ eBay တို့လို အွန်လိုင်းစျေးကွက်တွေကလည်း စျေးဝယ်ခြင်းတွေအပါအ၀င် စီးပွားရေးလုပ်ဆောင်ပုံတွေကိုပါ ပြောင်းလဲလာ‌နိုင်စေခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ အထင်ရှားဆုံးတိုးတက်လာတာတစ်ခုကတော့ မတူညီတဲ့နည်းပညာတွေကို ပေါင်းစပ်ထားတဲ့ ထုတ်ကုန်အသစ်တွေနဲ့အတူ အတော့်ကိုဖွံ့ဖြိုးတိုးတက်လာတဲ့ ဝန်ဆောင်မှုတွေပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ မိုဘိုင်းလ်စက်ပစ္စည်းတွေ၊ ကွန်ပျူတာနည်းပညာတွေနဲ့ အင်တာနက်တို့ပေါင်းစည်းလိုက်ရာ‌ကနေ ကျွန်‌တော်တို့အခုသုံးနေကြတဲ့ စမတ်ဖုန်းတွေဖြစ်လာပါတယ်။ အခုချိန်မှာဆိုရင် တစ်ချိန်တုန်းက ကွန်ပျူတာတွေမှာပဲ အသုံးပြုနိုင်တဲ့ Feature တော်တော်များများကို စမတ်ဖုန်းတစ်လုံးထဲမှာတင် အသုံးပြုလာနိုင်ကြပြီဖြစ်ပြီးတော့ ခေတ်သစ်တစ်ခုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုအသွင် ဖြစ်လာခဲ့တာပေါ့။

နောက်ထပ် အရှိန်အဟုန်နှင့် တိုးတက်လာတဲ့ နယ်ပယ်တစ်ခုကတော့ စက်ရုပ်တည်ဆောက်ခြင်း နည်းပညာတွေပါပဲ။ စက်ရုပ်နည်းပညာတွေ တိုးတက်လာတာကြောင့် တစ်ချိန်က လူသားတွေပဲလုပ်ဆောင်နိုင်တယ်ဆိုပြီး သတ်မှတ်ထားကြတဲ့ အလုပ်တချို့ကိုပါ လူသားတွေအစား လုပ်ဆောင်လာနိုင်ကြတဲ့အထိပါ။ ယခုလက်ရှိမှာတော့ စက်ရုပ်တွေကို ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကစပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာကာသစူးစမ်းလေ့လာရေးတွေအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာလျက်ရှိနေပါတယ်။

 

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.