May 24, 2026 | မြန်မာ

နာဆာ အနေနဲ့ ဘာကြောင့် လကမ္ဘာပေါ် ကို ပြန်လည်အခြေချချင်လာကြရတာလဲ။

အာကာသစူးစမ်းလေ့လာရေးတွေမှာ ဆယ်စုနှစ်များစွာ ရှေ့ဆုံးကနေ ဦးဆောင်နေတဲ့ နာဆာအဖွဲ့အစည်းအနေနဲ့ လက်ရှိအချိန်မှာ “Artemis Program” လို့ အမည်ပေးထားတဲ့ ပရိုဂရမ်တစ်ခုနှင့်အတူ လူသားတွေ လကမ္ဘာပေါ်ကို အခြေချသွားရောက်နိုင်ရေးအတွက် ပြင်ဆင်နေကြပါတယ်။ “Artemis” ပရိုဂရမ်ဆိုတာကတော့ လပေါ်မှာ လူသားတွေရဲ့နေထိုင်တည်ရှိမှုကို စတင်ထူထောင်ဖို့ရယ်၊ အနာဂတ်မှာအင်္ဂါဂြိုဟ်နဲ့အတူ အခြားနက်ရှိုင်းတဲ့အာကာသနေရာတွေကို စူးစမ်းရှာဖွေဖို့အတွက် ခြေလှမ်းသစ်တစ်ခုအဖြစ် လှမ်းဖို့ရည်ရွယ်ထားတဲ့ ပရိုဂရမ်ပဲဖြစ်ပါတယ်။ ဒါဆိုရင် နာဆာအနေနဲ့…

NASA’s Space Launch System rocket carrying the Orion spacecraft launches on the Artemis I flight test, Wednesday, Nov. 16, 2022, from Launch Complex 39B at NASA’s Kennedy Space Center in Florida. NASA’s Artemis I mission is the first integrated flight test of the agency’s deep space exploration systems: the Orion spacecraft, Space Launch System (SLS) rocket, and ground systems. SLS and Orion launched at 1:47 a.m. EST, from Launch Pad 39B at the Kennedy Space Center. Photo Credit: (NASA/Bill Ingalls)
Text size

အာကာသစူးစမ်းလေ့လာရေးတွေမှာ ဆယ်စုနှစ်များစွာ ရှေ့ဆုံးကနေ ဦးဆောင်နေတဲ့ နာဆာအဖွဲ့အစည်းအနေနဲ့ လက်ရှိအချိန်မှာ “Artemis Program” လို့ အမည်ပေးထားတဲ့ ပရိုဂရမ်တစ်ခုနှင့်အတူ လူသားတွေ လကမ္ဘာပေါ်ကို အခြေချသွားရောက်နိုင်ရေးအတွက် ပြင်ဆင်နေကြပါတယ်။ “Artemis” ပရိုဂရမ်ဆိုတာကတော့ လပေါ်မှာ လူသားတွေရဲ့နေထိုင်တည်ရှိမှုကို စတင်ထူထောင်ဖို့ရယ်၊ အနာဂတ်မှာအင်္ဂါဂြိုဟ်နဲ့အတူ အခြားနက်ရှိုင်းတဲ့အာကာသနေရာတွေကို စူးစမ်းရှာဖွေဖို့အတွက် ခြေလှမ်းသစ်တစ်ခုအဖြစ် လှမ်းဖို့ရည်ရွယ်ထားတဲ့ ပရိုဂရမ်ပဲဖြစ်ပါတယ်။

ဒါဆိုရင် နာဆာအနေနဲ့ ဘာအကြောင်းကြောင့် လကမ္ဘာပေါ်ကို သွားရောက်ဖို့ ပြန်လည်စိတ်ဝင်စားလာကြတာလဲလို့မေးစရာရှိလာပါမယ်။ ဒီ့အတွက် အဖြေကတော့ သိပ္ပံနည်းကျစူးစမ်းရှာဖွေမှုတွေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် အခြားအကြောင်းရင်းများစွာ ရှိနေတာကြောင့်ပါပဲ။

 

သိပ္ပံနည်းကျစူးစမ်းရှာဖွေမှုများ

လကမ္ဘာဆိုတာကတော့ ကျွန်တော်တို့ရဲ့အနီးဆုံးအိမ်နီးချင်းဂြိုဟ်တစ်ခုအဖြစ် တင်စားလို့ရနိုင်ပါတယ်။ အနီးဆုံးဂြိုဟ်ဖြစ်သည့်တိုင် ကျွန်တော်တို့လူသားတွေ မသိနိုင်သေးတဲ့အရာတွေလည်း များစွာရှိနေပါသေးတယ်။ သို့ပေမဲ့လူသားတွေကို လကမ္ဘာပေါ်ပို့ဆောင်ခြင်းကတစ်ဆင့် ပိုမိုနက်ရှိုင်းတဲ့ သိပ္ပံနည်းကျစူးစမ်းရှာဖွေတွေ့ရှိမှုတွေကို ဖော်ထုတ်လာနိုင်ကြတော့မှာပဲဖြစ်ပါတယ်။

လကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဧရိယာတစ်ခုရှိနေပါသေးတယ်။ အဲ့တာကတော့ ရေခဲတွေအများစုတွေ့ရှိရတဲ့ လရဲ့ဝင်ရိုးစွန်းတွေပဲဖြစ်ပါတယ်။ အဆိုပါ သတ္ထုသိုက်တွေဟာဆိုရင် သောက်သုံးရေအရင်းအမြစ်အနေနဲ့ရော၊ ဒုံးပျံလောင်စာရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပါ ပါ၀င်နေပြီးတော့ အနာဂတ်အာကာသစူးစမ်းလေ့လာရေးဆိုင်ရာ အရင်းအမြစ်များအဖြစ် အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ လပေါ်မှာရှိတဲ့ အဲ့ဒီ့ရေခဲသိုက်တွေကို လေ့လာခြင်းဟာ နေအဖွဲ့အစည်းအတွင်းမှာရှိတဲ့ ရေရဲ့ဇစ်မြစ်နဲ့အတူ ဆင့်ကဲဖြစ်စဉ်တွေကို လေ့လာရာမှာလည်း အထောက်အကူဖြစ်လာစေမှာ အသေအချာပါပဲ။

နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ လရဲ့ဘူမိဗေဒဆိုင်ရာ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ၁၉၆၀ တို့၊ ၁၉၇၀ ခုနှစ်တို့မှာ ဆောင်ရွက်ခဲ့တဲ့ “Apollo” မစ်ရှင်တွေဟာ လရဲ့ဘူမိဗေဒဆိုင်ရာ အကြောင်းအရာတွေကို နားလည်စေနိုင်မယ့် အဖိုးတန်အချက်အလက်တွေပေးနိုင်ခဲ့ပေမဲ့ အခြားလေ့လာစရာတွေအများကြီး ကျန်ရှိနေပါသေးတယ်။ ဥပမာအားဖြင့် လမှာ အတော့်ကိုသေးငယ်တဲ့ အူတိုင်ရှိနေပြီး အဲဒီအူတိုင်ဟာ လကမ္ဘာရဲ့သံလိုက်စက်ကွင်းနဲ့ အခြားသော ဘူမိဗေဒဖြစ်စဉ်တွေကို ဘယ်လိုအကျိုးသက်ရောက်ကြောင်း နားလည်နိုင်ဖို့ သိပ္ပံပညာရှင်များအနေနဲ့ ကြိုးစားနေဆဲသာဖြစ်ပါတယ်။ အကယ်၍ လကမ္ဘာပေါ်မှာ လူသားတွေဟာ စူးစမ်းလေ့လာမှုတွေပိုမိုပြုလုပ်လာနိုင်မယ်ဆိုရင် နောက်ထပ်တန်ဖိုးရှိတဲ့အချက်အလက်များစွာကို ရရှိလာနိုင်ကြဦးမှာပါ။

 

လကမ္ဘာပေါ်တွင် လူသားများနေထိုင်တည်ရှိနိုင်ရေး

နောက်တစ်ခုအနေနဲ့ကတော့ လကမ္ဘာဟာ အင်္ဂါဂြိုလ်နှင့် အခြားနက်ရှိုင်းတဲ့အာကာသစခန်းတွေဆီ သွားလာဖို့ ကြားခံနေရာတစ်ခုအနေနဲ့ ‌ဆောင်ရွက်ပေးလာနိုင်မှာဖြစ်ပါတယ်။“Artemis” ပရိုဂရမ်ရဲ့ အဓိကရည်မှန်းချက်တွေထဲကတစ်ခုကတော့ 2028 ခုနှစ်မှာ လကမ္ဘာပေါ်ရေရှည်တည်တံ့နိုင်မယ့် လူသားတည်ရှိမှုတစ်ခုကို ထူထောင်နိုင်ဖို့ပဲဖြစ်ပါတယ်။ လူသားတွေကောင်းကောင်းနေထိုင်နိုင်ဖို့အတွက် အဆင့်မြင့်အသက်ကယ်ထောက်ပံ့ရေးစနစ်တွေနဲ့ရှင်သန်နေထိုင်ဖို့နေရာတွေကိုရရှိလာအောင် သစ်လွင်တဲ့နည်းပညာနဲ့ ပိုမိုတိုးတက်မှုရှိမယ့် စမ်းသပ်မှုအခြေအနေတွေအများကြီးလိုအပ်နေဦးမှာပါ။

ဒိီပရိုဂရမ်ဟာ နည်းပညာအသစ်စမ်းသပ်တာတွေအပြင် လကမ္ဘာပေါ်ကို လူသားတွေရောက်ရှိနိုင်ဖို့တင်မက အနာဂတ်အာကာသမစ်ရှင်တွေအတွက် အရေးကြီးတဲ့အတွေ့အကြုံတွေနဲ့ လေ့ကျင့်မှုတွေမှာလည်း များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လရဲ့ ပုံသဏ္ဍာန်အနေအထားတွေက အင်္ဂါဂြိုဟ်ရဲ့ပုံစံနဲ့ ဆင်တူတာကြောင့် “Artemis” ပရိုဂရမ်ကနေရမယ့် အချက်အလက်တွေဟာ အင်္ဂါဂြိုလ်နဲ့ အခြားနေရာတွေရဲ့ အနာဂတ်မစ်ရှင်တွေကို အကောင်အထည်ဖော်တဲ့အခါမှာလည်း အတော်အရေးကြီးတဲ့ကဏ္ဍမှာ ရှိနေပါတယ်။

 

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးများ

နာဆာအနေနဲ့ လကမ္ဘာကို စူးစမ်းလေ့လာတဲ့နေရာမှာ ရေရှည်တည်တံ့မယ့်လူသားတည်ရှိမှုကိုထူထောင်နိုင်ဖို့ အခြားနိုင်ငံတွေနဲ့လည်း ပူးပေါင်းမှုတွေဆောင်ရွက်ထားပါသေးတယ်။ “Artemis” ပရိုဂရမ်ကို နိုင်ငံတကာကြိုးပမ်းမှုတစ်ခုအနေနဲ့ဖန်တီးထားပြီး ဒိီပရိုဂရမ်ဟာ နိုင်ငံတကာဆက်ဆံရေးများအထိကို အဓိကအခန်းကဏ္ဍတွေကနေ ပါဝင်လျက်ရှိပါတယ်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့သင်္ကေတတစ်ခုကတော့ လကမ္ဘာကို လှည့်ပတ်မယ့် “Lunar Gateway”လို့ အမည်ရတဲ့အာကာသစခန်းတစ်ခုပဲဖြစ်ပါတယ်။ Lunar Gateway ကို ဥရောပအာကာသအေဂျင်စီ၊ ကနေဒါအာကာသအေဂျင်စီနဲ့ ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီတို့အပါအဝင် အခြားအာကာသအေဂျင်စီတွေနဲ့အတူ ပူးပေါင်းတည်ဆောက်နေကြပါပြီ။

နိုင်ငံတကာမိတ်ဖက်တွေအပြင် “Artemis” ပရိုဂရမ်ဟာ နည်းပညာအသစ်တွေနဲ့ စွမ်းဆောင်ရည်တွေဖွံ့ဖြိုးတိုးတက်လာအောင် စီးပွားဖြစ်အဖွဲ့အစည်းအများစုနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပြုလုပ်ထားကြပါသေးတယ်။ နာဆာအနေနဲ့ လက်ရှိအချိန်မှာ လကမ္ဘာပေါ်ဆင်းသက်ဖို့အတွက် ကုမ္ပဏီအများအပြားကို စာချုပ်တွေပေးအပ်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အာကာသယာဉ်တွေ၊ ဆင်းယာဉ်တွေနဲ့ အခြားစက်ပစ္စည်းတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားဖြစ်အဖွဲ့အစည်းအများအပြားနဲ့လည်း ပူးပေါင်းရှာဖွေကြလျက်ပါပဲ။

 

နိဂုန်းချုပ်အနေနဲ့ကတော့ “Artemis” ပရိုဂရမ်ကနေ ရရှိမယ့်အချက်အလက်တွေဟာ အနာဂတ်အာကာသမစ်ရှင်တွေကို စီစဉ်ဆောင်ရွက်တဲ့အခါမှာ အတော့်ကိုအရေးပါတဲ့အပြင် နာဆာဟာလည်း အာကာသစူးစမ်းလေ့လာရေးတွေ ပိုမိုတိုးတက်လာအောင် အလေးပေးနေလျက်ရှိပါတယ်။ အဲ့ဒီလိုပဲ “Artemis” ပရိုဂရမ်ဟာလည်း Universe ကြီးအကြောင်း လေ့လာရှာဖွေနေကြတဲ့ ကျွန်တော်တို့တစ်တွေအတွက် သိပ်ကိုအရေးကြီးတဲ့ခြေလှမ်းသစ်တစ်ခုအဖြစ် ကိုယ်စားပြုလျက်ရှိနေပါတယ်။

 

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.