April 19, 2026 | မြန်မာ
Chemistry Article

မြေဆီလွှာနှင့် ဓာတုဗေဒ

မြေဆီလွှာဆိုတာ ဘာလဲ။ သူ့ကို ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ။ သူ့ကို ဘယ်လိုအရာတွေနဲ့ ဖွဲ့စည်းထားသလဲ။ မြေဆီလွှာဆိုတာ ကျွန်တော်တို့ငယ်ငယ်ကတည်းက နေထိုင်ရာ ဒြပ်ရှိအရာကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အနီးနားပတ်ဝန်းကျင်ကို သတိမမူမိကြဘဲ မြေဆီလွှာရဲ့ သိပ္ပံသဘောသဘာ၀တွေကို လျစ်လျူရှုထားမိခဲ့ကြပါတယ်။ ဒီ‌နေ့မှာတော့ မြေဆီလွှာအကြောင်းတွေကို ဓာတုဗေဒနဲ့ ချိတ်ဆက်ပြီး လေ့လာကြပါမယ်။ မြေကြီးရဲ့အလွှာများ။ မြေဆီလွှာ (Soil) ကို…

Text size

မြေဆီလွှာဆိုတာ ဘာလဲ။ သူ့ကို ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ။ သူ့ကို ဘယ်လိုအရာတွေနဲ့ ဖွဲ့စည်းထားသလဲ။

မြေဆီလွှာဆိုတာ ကျွန်တော်တို့ငယ်ငယ်ကတည်းက နေထိုင်ရာ ဒြပ်ရှိအရာကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အနီးနားပတ်ဝန်းကျင်ကို သတိမမူမိကြဘဲ မြေဆီလွှာရဲ့ သိပ္ပံသဘောသဘာ၀တွေကို လျစ်လျူရှုထားမိခဲ့ကြပါတယ်။ ဒီ‌နေ့မှာတော့ မြေဆီလွှာအကြောင်းတွေကို ဓာတုဗေဒနဲ့ ချိတ်ဆက်ပြီး လေ့လာကြပါမယ်။

မြေကြီးရဲ့အလွှာများ။

မြေဆီလွှာ (Soil) ကို အဓိကအလွှာသုံးလွှာနဲ့ ဖွဲ့စည်းထားပါတယ်။ အဲ့တာတွေကတော့ Top Soil, Sub Soil နဲ့ Bedrock (သို့မဟုတ်) Parent Rock တို့ပဲ ဖြစ်ပါတယ်။

Top Soil

မြေဆီလွှာရဲ့ အပေါ်ယံအကျဆုံးအလွှာဟာ Top Soil ဖြစ်ပါတယ်။ မြေမျက်နှာပြင် 0.5 က‌နေ 1 မီတာအနက်အထိရှိပြီး အဲ့ဒီအလွှာမှာ Organic Material တွေ ကြွယ်ဝကြပါတယ်။ Organic Material ဆိုတာ Organisms (သက်ရှိ) တွေရဲ့ ရုပ်၀တ္ထုတွေကို ဆိုလိုတာပါ။ သက်ရှိတွေမှာပါ၀င်တဲ့ ဓာတုဒြပ်တွေဟာ ဒီအလွှာမှာ အများဆုံးစုနေကြပါတယ်။ Top Soil ဟာ အပင်တွေပေါက်ရောက်ရာ နယ်မြေတစ်ခုလဲ ဖြစ်ပါတယ်။ အပင်တွေပေါက်ရောက်တဲ့ မြေထုအလွှာအပေါ်မူတည်ပြီး Top Soil ကို အလွှာသုံးလွှာအဖြစ်ထပ်မံပိုင်းခြားလို့ရပါတယ်။ အဲ့တာတွေကတော့ –

၁။ မြေဆွေးအလွှာ (Humus Layer)

၂။ ဆေးဖက်ဝင်အလွှာ (Herb Layer)

၃။ သစ်တောအောက်ထပ်အလွှာ (Shrub Layer) တို့ပဲ ဖြစ်ပါတယ်။

အပင်တွေရဲ့ အောက်ခြေမြေကြီးမှာ သစ်ရွက်တွေ၊ သစ်ကိုင်းတွေစုပုံနေပြီး မြေဆွေးများဖြစ်နေတာကြောင့် အဲ့ဒီအလွှာကို Humus Layer လို့လဲ ခေါ်ပါတယ်။ Top Soil မှာတင် ထပ်မံခွဲထားတဲ့ အခြားအလွှာတစ်ခုကတော့ ဆေးဖက်ဝင်အလွှာဖြစ်ပါတယ်။ နောက်ဆုံးအလွှာ Shrub Layer ကတော့ မြက်ပင်တွေ၊ အပင်ငယ်လေးတွေနဲ့ ချုံပုတ်ငယ်လေးတွေပေါက်ရောက်ကြတဲ့ သစ်တောအောက်ထပ်အလွှာဖြစ်ပါတယ်။

Sub Soil

ဒီအလွှာကတော့ Soil ရဲ့ ဒုတိယအလွှာဖြစ်ပါတယ်။ အဲ့ဒီအလွှာဟာ Top Soil ထက် ပိုမိုမာကျောပြီး မြေဆွေးပါဝင်မှုနည်းတာကြောင့် အရောင်ကလဲ ဝါဖျော့ဖျော့အရောင်ပဲ ရှိပါတယ်။ ဒီအလွှာမှာတော့ ဆားတွေ (Magnesium Sulphate, Sodium Chloride, Magnesium Chloride) နဲ့ အိုင်းယွန်းအောက်ဆိုဒ် (Iron Oxide) တို့လို Mineral တွေ ပါဝင်မှုများပါတယ်။

Bedrock (သို့) Parent Rock

Soil ရဲ့ တတိယမြောက်အလွှာကတော့ Bedrock လို့ခေါ်တဲ့အလွှာထူကြီးပဲဖြစ်ပြီး Sub Soil အလွှာရဲ့အောက်ဘက်ကစ 20 ကနေ 25 မိုင်လောက်အထိ နက်ဆင်းသွားပါတယ်။ ဒီအလွှာဟာ ကျောက်ခဲကျောက်သားစိုင်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက်ကြောင့် မာကျောလှပါတယ်။ Bedrock ကို Regolith အလွှာလို့လဲ ခေါ်ပါသေးတယ်။

အဲဒီအလွှာတွေရဲ့အောက်ကို ထပ်ပြီးနိမ့်ဆင်းသွားရင်တော့ Lithosphere လို့ခေါ်တဲ့ အလွှာကိုရောက်ရှိသွားမှာပါ။ အဲ့ဒီအလွှာမှာ နီကယ် (Nickel) နဲ့ Iron (Fe) တို့ဟာ လောင်ကျွမ်းနေတာကြောင့် ဒီအလွှာကို Super Hot Core လို့သတ်မှတ်ထားပါတယ်။

မြေဆီလွှာအမျိုးအစားများ။

မြေဆီလွှာကို ယေဘုယျအားဖြင့် အမျိုးအစား ၃ မျိုးခွဲခြားထားပါတယ်။ အဲ့တာတွေကတော့ –

၁။ Sand

၂။ Clay

၃။ Silt တို့ဖြစ်ပါတယ်။

Sand (သဲ) ဟာ Silicon (Si) ဒြပ်စင်တွေနဲ့ Oxygen (O) ဒြပ်စင်တို့ ချိတ်ဆက်ပေါင်းစပ်ပြီး ရရှိလာတဲ့ ဒြပ်အသစ်တစ်ခုဖြစ်ပါတယ်။ Sand ရဲ့ Chemical Formula ကတော့ SiO2 ဖြစ်ပြီး Silicon dioxide (သို့) Silica လို့ ခေါ်ပါတယ်။ Sand ကိုမှ oxygen ၂ လုံးထပ်ပေါင်းထည့်မယ်ဆိုရင် SiO2 ကနေ SiO4 ကို ရလာမှာဖြစ်ပြီး သူ့ကိုတော့ Silicate လို့ ခေါ်ပါတယ်။ Silicate ဆိုတာ ကျောက်တုံးကို ဆိုလိုတာပါ။

Clay (ရွှံ့စေးဆိုတာ နူးညံ့ပျော့ပျောင်းတဲ့ မြေအမျိုးအစားတစ်မျိုးဖြစ်ပြီး သူ့ထဲမှာ Silica (SiO2), Alumina (Al2O3), Magnesia နဲ့ ရေ (H₂O) တို့ ပါဝင်ပါတယ်။ Clay ထဲမှာ Metal တွေဖြစ်ကြတဲ့ Potassium (K), Sodium (Na) နဲ့ Calcium (Ca) တို့လဲ ပါဝင်ကြပါတယ်။

Silt (နုန်းမြေ) ဟာ စိုက်ပျိုးရေးအတွက် အရေးပါလှတဲ့ မြေအမျိုးအစားတစ်ခုဖြစ်ပြီး သဲနဲ့ ရွှံ့စေးမြေကြား အရွယ်အစားလောက်သာရှိပါတယ်။ Silt ထဲမှာတော့ Silicate (SiO4) နဲ့ Mineral တွေပါဝင်နေကြပါတယ်။

မြေဆီလွှာရဲ့ ရေသိုလှောင်နိုင်မှုဂုဏ်သတ္တိ

မြေဆီလွှာဟာ သူ့ကိုဖွဲ့စည်းထားတဲ့ Element တွေရဲ့ အရွယ်အစားနဲ့ တည်ဆောက်မှုပုံစံအပေါ်မူတည်ပြီး တစ်ခုနဲ့တစ်ခု မတူညီတဲ့ ရုပ်ဂုဏ်သတ္တိတွေကို ပိုင်ဆိုင်ထားကြပါတယ်။ လေနဲ့ ရေတို့ဟာ Fluid တွေဖြစ်တဲ့အတွက် မြေဆီလွှာထဲမှာရှိတဲ့ အပေါက်ငယ်လေးတွေကြားထဲကို စီးဆင်းစိမ့်ဝင်နိုင်ကြပါတယ်။ ချောမွေ့တဲ့မျက်နှာပြင်ရှိတဲ့ မြေဆီလွှာတွေဟာ မျက်နှာပြင်ကြမ်းတမ်းတဲ့မြေဆီလွှာတွေထက် Pore space ပိုများကြပါတယ်။ Pore space တွေဆိုတာ မြေ particle တွေ တစ်ခုနဲ့တစ်ခုအကြားမှာရှိနေတဲ့ အပေါက်လေးတွေကိုပြောတာဖြစ်ပါတယ်။ မြေဆီလွှာဟာ ရေကိုစုပ်ယူလိုက်တဲ့အခါမှာ ရေတွေနဲ့ပြည့်လျှံသွားပြီး လေပေါက်လေးတွေလျော့ကျလာပါတယ်။ Pore space များလေလေ ရေစိမ့်ဝင်နိုင်မှုများလေလေဖြစ်ပြီး ရေသိုလှောင်ထားနိုင်မှုလဲ မြင့်တက်လာပါတယ်။

Sand ရဲ့ Particle တွေဟာ မြေဆီလွှာအမျိုးအစား ၃ မျိုးထဲမှာ အရွယ်အစားအကြီးဆုံးဖြစ်ပါတယ်။ မြေဆီလွှာထဲမှာ Sand ပါဝင်မှုများလာတာနဲ့အမျှ မြေကြီးဟာလဲ ကြမ်းသထက်ကြမ်းလာပါတယ်။ Particle ကြီးတွေကို ပိုင်ဆိုင်ထားတာကြောင့် Pore space တွေဟာလဲ နည်းပါးကြပါတယ်။ ဒီတော့ သဲထဲကို ရေတွေဖြတ်သန်းသွားတဲ့အခါကျရင် အဲ့ဒီ့ရေတွေကို သိုထားနိုင်မဲ့ အပေါက်လေးတွေမရှိတာကြောင့် ရေဟာ လွယ်လွယ်နဲ့ပဲ ဖြတ်သန်းစီးဆင်းသွားပါတော့တယ်။

အသေးဆုံး particle ကို ပိုင်ဆိုင်ထားတဲ့ Clay မှာကျတော့ ပါဝင်နေတဲ့ Pore space များပြီး သူ့ထဲကို ရေဖြတ်သန်းသွားတဲ့အခါမှာလဲ အဲ့ဒီစိမ့်ပေါက်လေးတွေကြောင့် ရေကိုကြာကြာသိုလှောင်ထားနိုင်ပါတယ်။

မြေဆီလွှာရဲ့ pH 

pH ဆိုတာ Potential of Hydrogen ရဲ့ အတိုကောက်အသုံးအနှုန်းဖြစ်ပြီး သူ့ကိုတော့ ၀တ္ထုတစ်ခုဟာ Acid ဓာတ်ကြွယ်ဝနေသလား၊ ဒါမှမဟုတ် Base ဓာတ်ပြည့်ဝနေသလားဆိုတာကို သိချင်တဲ့အခါ သုံးပါတယ်။ pH Scale ဟာ 0 ကနေ 14 အထိရှိပြီးတော့ အရောင်အလိုက် Base နဲ့ Acid ခွဲခြားထားပါတယ်။ pH 7 ဆိုရင် Neutral ဖြစ်ပြီး 7 အထက်ကျော်ရင်တော့ Base လို့သတ်မှတ်ပါတယ်။ pH 7 အောက်ဆိုရင်တော့ Acid လို့သတ်မှတ်ပါတယ်။ pH 0 ကတော့ Acid ဓာတ်အပြင်းဆုံးဖြစ်ပြီး pH 14 ကတော့ Base ဓာတ်အများဆုံးဖြစ်ပါတယ်။

ကောက်စိုက်သမားတွေ၊ လယ်သမားတွေဟာ အပင်တစ်ပင်ကို မစိုက်ပျိုးခင်မှာ အဲ့ဒီမြေဆီလွှာဟာ Acid ဓာတ်များနေသလား၊ Base ဓာတ်များနေသလားဆိုတာကို အရင်စစ်ဆေးကြရပါတယ်။ ဘာလို့လဲဆိုတော့ အပင်တွေကို Acid တအားများတဲ့နေရာမှာပဲဖြစ်ဖြစ်၊ Base တအားများတဲ့နေရာမှာပဲဖြစ်ဖြစ် စိုက်မိရင် အပင်တွေသေဆုံးတတ်ကြလို့ပါ။ ဒီအခါ pH တိုင်းကိရိယာတွေကိုအသုံးပြုပြီး မြေဆီလွှာရဲ့ pH level ကို တိုင်းတာကြရပါတယ်။ အပင်အများစုရဲ့ pH ပမာဏဟာ 5.5 ကနေ 7 အထိ ရှိကြပါတယ်။ တကယ်လို့မြေဆီလွှာဟာ Acid ပါဝင်မှုပမာဏများနေရင် သူ့ထဲကို Baseတစ်မျိုးဖြစ်တဲ့ Lime (CaCO3) ကိုထည့်ပြီး Acid ပမာဏနည်းအောင်လုပ်ယူလို့ရပါတယ်။ Acid ဟာ Base နဲ့ ဓာတုဓာတ်ပြုရင် ရလဒ်အနေနဲ့ ဓာတ်ပြယ်ခြင်းဖြစ်လို့ပါပဲ။ ဒါပေမဲ့ မြေဆီလွှာဟာ Base ပါဝင်မှုပမာဏများနေရင်တော့ သူ့ထဲကို Gypsum (CaSO4) ထည့်ပြီး ဓာတ်ပြယ်စေကာ Base ပမာဏနည်းသွားအောင်ပြုလုပ်နိုင်ပါတယ်။

မြေထုညစ်ညမ်းခြင်း

ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးပေါ်မှာ စွန့်ပစ်ခြင်းကို အခြေပြုပြီးတော့ လေထု၊ ရေထု နဲ့း မြေထုတွေဟာ ပိုပိုပြီးညစ်ညမ်းလာလျက်ရှိပါတယ်။ ရေကန်တွေထဲကို ဓာတုပစ္စည်းနဲ့ အမှိုက်တွေစွန့်ပစ်တာကြောင့် ရေထုညစ်ညမ်းမယ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) နဲ့ ကာဗွန်မိုနောက်ဆိုဒ် (CO) ဓာတ်ငွေ့တွေကို စွန့်ပစ်ခြင်းကြောင့် လေထုညစ်ညမ်းလာပြီး မြေကြီးပေါ်ကို ပလတ်စတစ်အိတ်စွန့်ပစ်တာတွေနဲ့ ကားတွေထဲကနေ ခဲမှုန် (Lead) တွေ ထွက်ကျလာတာတွေကြောင့် မြေထုညစ်ညမ်းတာတွေဖြစ်ပေါ်နေပါတယ်။ မြေသြဇာတွေ အလွန်အကျွံအသုံးပြုတာကြောင့် ရေထုထဲ Nitrogen စိမ့်ဝင်တာတွေ၊ Dry Decomposition နဲ့ Wet Decomposition တို့ကြောင့် မြေကြီးညစ်ညမ်းရတာတွေက နေ့စဥ်နဲ့အမျှဖြစ်ပေါ်နေလျက်ရှိပါတယ်။

Article Credits

Written by Aye Chan Oo
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.