April 18, 2026 | မြန်မာ
History Article

သမိုင်းထဲက ကွင်းဆက်လူသတ်သမား

Dr. Harold Shipman ဆိုတဲ့ သူကတော့ သမိုင်းမှာ ကွင်းဆက်လူသတ်သမားဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဗြိတိသျှ အထွေထွေရောဂါကု ဆရာ၀န်တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ၁၉၄၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ နော်တင်ဟမ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ Leeds မြို့မှာ ဆေးပညာကိုလေ့လာခဲ့ပြီး နောက်ပိုင်းမှာ Great Manchester ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဟာရိုးက ၁၉၇၀ နောက်ပိုင်းကစပြီး…

Text size

Dr. Harold Shipman ဆိုတဲ့ သူကတော့ သမိုင်းမှာ ကွင်းဆက်လူသတ်သမားဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဗြိတိသျှ အထွေထွေရောဂါကု ဆရာ၀န်တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ၁၉၄၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ နော်တင်ဟမ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ Leeds မြို့မှာ ဆေးပညာကိုလေ့လာခဲ့ပြီး နောက်ပိုင်းမှာ Great Manchester ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဟာရိုးက ၁၉၇၀ နောက်ပိုင်းကစပြီး သူရဲ့ သက်ကြီးရွယ်အိုလူနာတွေကို ဆေးကုပေးယောင်ဆောင်ပြီး ဆေးမှတ်တမ်းအတုတွေပြုလုပ်ကာ ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးတစ်ခုဖြစ်တဲ့ Diamorphine ဆေးတွေပေးပြီး သတ်ပစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း လူနာပေါင်း (၂၁၅) ဦးခန့်ကို သတ်ပစ်ခဲ့ပြီးနောက် သမိုင်းမှာ လူသတ်မှုအများဆုံးကျူးလွန်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားစာရင်းထဲ ဝင်လာခဲ့ပါတယ်။ ဟာရိုးရဲ့ လူနာတွေ သေဆုံးမှုအရေအတွက် မြင့်မားလာတာကို သတိထားမိလာတဲ့ ဒေသခံဆရာ၀န်တွေက သံသယဝင်လာကြပြီး ဖော်ထုတ်ဖို့အတွက် ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဟာရိုးရဲ့ ရာဇ၀တ်မှုတွေကို ၁၉၈၈ ခုနှစ်မှသာ စတင်တွေ့ရှိပြီး လူသတ်မှု (၁၅) မှု၊ ဆေးမှတ်တမ်းအတုတစ်ခု ပြုလုပ်မှုနဲ့အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့တာပါ။ ဒီလိုနဲ့ စုံစမ်းစစ်ဆေးရေးတစ်ခုကို စတင်ခဲ့ပြီး ဟာရိုးက သူ့ရဲ့ လူနာတွေကို နှစ်ပေါင်းများစွာကြာအောင် စနစ်တကျနဲ့ သတ်ပစ်နေခဲ့ကြောင်း အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် ဇန်နဝါရီလမှာတော့ ဟာရိုး အပေါ်တင်ထားတဲ့ စွဲချက်တွေအားလုံးမှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ သူဟာအချုပ်ခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့ပြီး သူ့အလောင်းကိုတော့ သေဆုံးလျက်တွေ့ခဲ့ရပါတယ်။ Dr. Horold Shipman ရဲ့ ဖြစ်ရပ်က ဗြိတိန်နိုင်ငံနှင့်အတူ တစ်ကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ ဒီအမှုက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဒီလို ရာဇ၀တ်မှုတွေကို ဖော်ထုတ်နိုင်တဲ့အတွက် နောက်ကွယ်မှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နိုင်ခဲ့ပြီး မူဝါဒအသစ်တွေ တိုးမြှင့်ချမှတ်နိုင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်က အာမခံချက်မရှိတဲ့ လူတစ်ယောက်ကို လုပ်ပိုင်ခွင့်အပြည့်အဝပေးထားခြင်းတွေရဲ့ အန္တရာယ်တွေအပါအဝင် လူတစ်ယောက်ကြောင့် အခြားလူပေါင်းများစွာရဲ့ ဘ၀အပေါ် ဆိုးဆိုးရွားရွားအကျိုးသက်ရောက်မှုတွေကိုလည်း မီးမောင်းထိုးပြလျက်ရှိနေပါတယ်။

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.