X-Ray နဲ့ ထောက်လှမ်းတွေ့ရှိခဲ့တဲ့ သက်တမ်းအရင့်ဆုံး ဧရာမတွင်းနက်ကြီး
ဘစ်ဂ်ဘန်းပေါက်ကွဲမှု ပြီးပြီးချင်း နှစ်သန်း ၄၇၀ မှာ ဖြစ်ပေါ်လာတဲ့ ဂလက်စီတစ်ခုအတွင်းက ဧရာမတွင်းနက်ကြီးတစ်ခုကို ဂျိန်းဝဘ်တယ်လီစကုပ်ကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအသစ်တွေ့ရှိတဲ့ တွင်းနက်က သမိုင်းတစ်လျှောက် တွေ့ရှိခဲ့တဲ့ မှတ်တမ်းတွေအကုန်ကို ချိုးဖျက် ကျော်လွန်ပြီး သက်တမ်းအရင့်ဆုံးနဲ့ အဲ့ဒီသက်တမ်းကာလအတွင်းမှာ တည်ရှိနေတဲ့ထဲ အကြီးဆုံး တွင်းနက်ကြီး ဖြစ်ယ်လို့ ဆိုပါတယ်။ ဘစ်ဂ်ဘန်းပေါက်ကွဲမှုအပြီး မွေးဖွားလာတဲ့ ကျွန်တော်တို့…