April 19, 2026 | မြန်မာ

ကွမ်တမ်ရူပဗေဒနှင့် စိတ်ကူးယဉ်သိပ္ပံကမ္ဘာ (ကွမ်တမ်ရူပဗေဒသို့ ချဉ်းကပ်ခြင်း အပိုင်း – ၃)

အပိုင်း – ၁၊ ၂ မဖတ်ရသေးရင် ဒီလင့်ခ်နဲ့ ဒီလင့်ခ်ကနေ ဖတ်နိုင်ပါတယ်။  ______ ဒီအပိုင်းက ကွမ်တမ်ရူပဗေဒနဲ့ ဆိုင်တဲ့ concept ပိုင်း သိပ်မပါတော့ဘဲ sci-fi တချို့ကနေ ဆက်စပ်တွေးမိတာလေးတွေ ရေးဖြစ်တာဖြစ်လို့ စိတ်မဝင်စားလို့ ကျော်သွားတော့မယ်ဆိုရင်လဲ အဆင်ပြေပါတယ်။  ဆောင်းပါး စစတုန်းက စာလိုပဲ ကျွန်တော်တို့အနေနဲ့ ကွမ်တမ်ဆိုတဲ့ ဝေါဟာရကို…

3D Illustration Atomic structure. Atom is the smallest level of matter that forms chemical elements. Glowing energy balls. Nuclear reaction. Concept nanotechnology. Neutrons and protons - nucleus
Text size

အပိုင်း – ၁၊ ၂ မဖတ်ရသေးရင် ဒီလင့်ခ်နဲ့ ဒီလင့်ခ်ကနေ ဖတ်နိုင်ပါတယ်။ 

______

ဒီအပိုင်းက ကွမ်တမ်ရူပဗေဒနဲ့ ဆိုင်တဲ့ concept ပိုင်း သိပ်မပါတော့ဘဲ sci-fi တချို့ကနေ ဆက်စပ်တွေးမိတာလေးတွေ ရေးဖြစ်တာဖြစ်လို့ စိတ်မဝင်စားလို့ ကျော်သွားတော့မယ်ဆိုရင်လဲ အဆင်ပြေပါတယ်။ 

ဆောင်းပါး စစတုန်းက စာလိုပဲ ကျွန်တော်တို့အနေနဲ့ ကွမ်တမ်ဆိုတဲ့ ဝေါဟာရကို ဒီဘက်ခေတ်ရဲ့ ရုပ်ရှင်တွေ တီဗွီရှိုးတွေမှာ မကြာခဏ တွေ့လာရပါတယ်။ နမူနာအနေနဲ့ Marvel Universe ပဲ ထားပါတော့။ Marvel က ထုတ်တဲ့ ကားတိုင်းမှာ ကွမ်တမ်ရူပဗေဒဆိုတဲ့ ဝေါဟာရကို အသေအလဲသုံးပါတယ်၊ (တစ်ခါတလေ ရူပဗေဒနဲ့ မဆိုင်တောင် ထည့်သုံးဖြစ်နေတဲ့အကြောင်းကိုတော့ ဒီမှာမပြောတော့ပါဘူး။) သူတို့ရဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်း မှန်သမျှကို ကွမ်တမ်ရူပနဲ့ နှိုင်းနှိုင်းပြောတတ်တာလေးပဲ နည်းနည်း ကြည့်ရဆိုးပေမဲ့ ရုပ်ရှင်ထဲ ပါဝင်တဲ့ တချို့ သဘောတရားအယူအဆပိုင်းတွေကတော့ အမှန်တကယ်တွေ ဖြစ်ကြပါတယ်။ နမူနာအနေနဲ့ Doctor Strange ရဲ့ mutiple realities အယူအဆပါ။

ဒီအယူအဆက ပါတစ်ကယ်တွေအနေနဲ့ မတူညီတဲ့ ဖြစ်နိုင်ချေအမျိုးမျိုးမှာ တည်ရှိနေနိုင်တယ်ဆိုတာကို ရည်ညွှန်းချင်တယ်လို့ ကျွန်တော် သဘောပေါက်မိပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့က အီလက်ထရွန်တစ်လုံးရဲ့ တည်ရှိရာနေရာနဲ့ ပတ်သက်တဲ့ အကြောင်း ပြောကြမယ်ဆိုပါစို့၊ ရူပဗေဒသမားကတော့ နမူနာအနေနဲ့ “အီလက်ထရွန်ဆိုတာ အလျားယူနစ် ၁ နဲ့  ၃ အကွာအဝေး အတွင်းက ကြိုက်တဲ့နေရာမှာ တည်ရှိနေနိုင်ချေရှိတယ်ဟေ့” လို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကွမ်တမ်ကမ္ဘာမှာတော့ ပါတစ်ကယ်ရဲ့ မတူညီတဲ့ တည်ရှိနိုင်ချေတွေ အကုန်လုံးက မတူညီတဲ့ reality တွေမှာ ဖြစ်နိုင်ပြီး အကွာအဝေးကလဲ မတူညီတဲ့ နေရာမှာ တည်ရှိနေနိုင်တယ်လို့ ဆိုလိုတာပါ။ သဘောက reality တစ်ခုမှာတော့ ယူနစ် ၂ မှာရှိပြီး နောက်တစ်ခုမှာတော့ ယူနစ် ၃ မှာရှိနေနိုင်ပါတယ်။ အဲ့ဒီဂဏန်းတွေမှ မဟုတ် အကွာအဝေးအတွင်းက တည်ရှိနေနိုင်သမျှ နေရာ ဖြစ်နိုင်ချေအားလုံးမှာ reality တွေအနေနဲ့ ရှိနေနိုင်တာမျိုးပါ။ အတိုပြောရရင်တော့ ကွမ်တမ်ကမ္ဘာထဲက ပါတစ်ကယ်တွေဟာ သူတို့ရဲ့ သတ်မှတ်အကွာအဝေးအတွင်းက ဖြစ်နိုင်ချေရှိတဲ့ နေရာတွေအပေါ် မူတည်ပြီး မတူညီတဲ့ realities တွေမှာ ရှိနေနိုင်တယ်လို့ ကောက်ယူနိုင်ပါတယ်။ MCU က ဒီသဘောတရားကို အခြေခံပြီး ဖြစ်နိုင်ချေရှိသမျှ reality တိုင်းဟာ မတူတဲ့ ယူနီဗာ့စ်တွေမှာ ဖြစ်တာကြောင့် Multiple universe ဖြစ်တယ်ဆိုတဲ့ concept ကို ယူထားတာမျိုးပေါ့။ (ကွမ်တမ်ရူပက သဘောသဘာဝကို MCU နဲ့ မြင်သာသလို အစားထိုးလိုက်တာဖြစ်လို့ လွဲနေတာရှိရင် ဝင်ပြောခဲ့နိုင်ပါတယ်၊ ရုပ်ရှင်နဲ့ ပတ်သက်ပြီးပြောတာ လွဲကောင်းလွဲနိုင်လို့ပါ။)

နောက်တစ်ခု ကျွန်တော်ကြည့်ဖူးတဲ့ Endgame ထဲမှာဆိုရင်လဲ အချိန်ခရီးသွားတာနဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့ အယူအဆတစ်ခု ပါပါတယ်။ လူတိုင်းသိလောက်မဲ့ အတိတ်ကို ပြောင်းလဲရင် အနာဂတ်ပါ လိုက်ပြောင်းလဲတယ်ဆိုတာမျိုးပေါ့။ အကယ်၍ အဗန်ဂျာတွေသာ အတိတ်ကို သွားပြီး သားနိုစ့်ကို သတ်ခဲ့မယ်ဆိုရင် ဒီ apocalypse ကြီးတစ်ခုလုံး မရှိလာနိုင်သလို ဘာပြဿနာမှ မရှိ၊ သားနိုစ့်ကလဲ မရှိနေလို့ အဗန်ဂျာတွေကလဲ အချိန်ခရီးသွားပြီး ပြန်သတ်ဖြစ်မှာ မဟုတ်ဘဲ မုန့်လုံးစက္ကူကပ်နေပါလိမ့်မယ်။ Grandfather paradox .. အဘိုးဝိရောဓိလို့ သိကြပါတယ်၊ လူတစ်ယောက်က သူ့အဘိုးကို သတ်ချင်လို့ အတိတ်ကိုခရီးသွားပြီး သတ်လိုက်မယ်ဆိုရင် သူ့အမေနဲ့ အဖေ မရှိနိုင်တော့လို့ သူပါ မရှိတော့ဘူး ဆိုတာပါ။

ဒီဝိရောဓိကို ဖြေရှင်းဖို့ အကြံကကျတော့ ဗြိတိန်ရူပဗေဒပညာရှင် ဒေးဗစ်ဒွိုင့်ချ် (David Deutsch) ပေးတာပါ။ ရုပ်ရှင်ထဲမယ် တိုနီစတာ့ခ်ပြောခဲ့တဲ့ တစ်ယောက်ပါပဲ။ ဒေးဗစ်က ဒီဝိရောဓိကို ဖြေရှင်းဖို့အတွက်က ပါတစ်ကယ်တွေရဲ့ ဖြစ်နိုင်ချေ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ချိတ်တွေးကြည့်ရင် အဖြေပေါ်နိုင်တယ်လို့ ဆိုပါတယ်။ အတိတ်ကို ပြောင်းလဲတာက ဖြစ်နိုင်ချေအတော်နည်းပြီး သားနိုစ့်ကို သတ်ရင် သားနိုစ့်သေတဲ့ reality တစ်ခုပဲ ထပ်ကွဲရုံဖြစ်လို့ သူတို့အနေနဲ့ သားနိုစ့်ကို အတိတ်မှာ သတ်လို့ရနိုင်ဖို့၊ အနာဂတ်မှာ သေသွားဖို့က မဖြစ်နိုင်ပါဘူး။ 

အဲ့တော့ အဗန်ဂျာတွေက ဘာလုပ်လဲဆိုတဲ့အခါကျ အတိတ်ကို ခရီးသွားပြီး ဖျက်ဆီးခံရတော့မဲ့  အင်ဖနတီကျောက်တုံးတွေအကုန်လုံးကို ဖျက်ဆီးမခံရသေးခင်လေး သွားယူထားလိုက်ပါတယ်။ အဲ့ဒီနောက်တော့မှ ပျောက်သွားတဲ့ ကျောက်တုံးကြောင့် အတိတ်ကို ပြောင်းလဲမိတာမျိုး ဖြစ်မှာစိုးလို့ တူညီတဲ့ အချိန်ကိုပဲ တစ်ခါပြန်သွားပြီး ကျောက်တုံးတွေ ပြန်ထားခဲ့တာပေါ့။ (ဒီနေရာမှာလဲ လွဲတာရှိရင် ပြောနိုင်ပါတယ်၊ ကြည့်ထားတာ အတော်ကြာပြီမလို့ပါ။)

 

ဆက်စပ်ဆောင်းပါး – အချိန်ခရီးသွားခြင်းရဲ့ နောက်ကွယ်က ရူပဗေဒ

နောက် ကွမ်တမ်ကမ္ဘာနဲ့ တိုက်ရိုက်သက်ဆိုင်တာဆိုရင် Ant-man ရုပ်ရှင်တွေဖြစ်ပါလိမ့်မယ်၊ ကျွန်တော် Ant-man ရုပ်ရှင်တွေလဲ သေချာမကြည့်ဖူးလို့ ထည့်မရေးတော့ပါဘူး။ ဖတ်နေတဲ့သူတွေထဲကနေပြီး အဲ့ထဲက ကွမ်တမ်ဖြစ်ရပ်အမှန်တွေနဲ့ ဆက်စပ်မိတာရှိရင် ကောမန့်မှာ ဆွေးနွေးပေးခဲ့ကြပါဦး။

ဒီနေရာအတွက် အချုပ်ကတော့ Parallel Universe, multiverse အယူအဆတွေက အဆိုကြမ်း (hypothesis) အနေနဲ့ပဲ ရှိသေးတာဖြစ်ပြီး ကွမ်တမ်အနှိုင်းဘောင်အတွင်းက ပါတစ်ကယ်တွေကို သုတေသနလုပ်ရင်း ဆင်တူတဲ့ ရလဒ်တွေ ထွက်လာလို့သာ hypothesis အနေနဲ့ လက်ခံထားတာပါ။ ဒါနဲ့ ပတ်သက်လို့ အထင်လွဲမှားနိုင်တဲ့ သိပ္ပံတု/သိပ္ပံယောင်တွေဆီ ဦးတည်မိသလို ဖြစ်မှာစိုးလို့ ကြိုပြောထားရခြင်းပါ။ (Hypothesis ဆိုတာ ဘာ၊ Theory ဆိုတာဘာလဲ မသိသေးရင်တော့ သိပ္ပံဘယ်လိုအလုပ်လုပ်သလဲ‌ ဆောင်းပါးကို ဖတ်နိုင်ပါတယ်။)

―――――――

ကွမ်တမ်ရူပဗေဒရဲ့ အရေးပါမှု ကျယ်ပြန့်လာခြင်း 

ကွမ်တမ်ရူပဗေဒက ရုပ်ရှင်တွေထဲမှာတော့ အတော်မျက်စိရှုပ်ဖို့ ကောင်းပေမဲ့ တကယ့်တကယ် အပြင်မှာ ကျွန်တော်တို့အနေနဲ့ သဘာဝတရားကြီးကို ပိုမိုနားလည်လာနိုင်ဖို့အတွက်က ကွမ်တမ်ရူပကို မဖြစ်မနေလိုအပ်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကွမ်တမ်ဟာ သိပ္ပံရဲ့ အဓိက ပညာရပ်ဆိုင်ရာ နယ်ပယ်ခွဲတွေထဲ ပါဝင်လာပြီး နယ်ပယ်လဲ ဆထက်တိုး ကျယ်ပြန့်လာနေပါတယ်။ နမူနာအနေနဲ့ ပြောရမယ်ဆိုရင်တောင် ကွန်တမ်သဘောအခြေခံတဲ့ ကွမ်တမ်ကွန်ပြူတာတွေက သာမန်ကွန်ပြူတာတွေ မလုပ်နိုင်တဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေကို အချိန်တိုလေးအတွင်း လုပ်လာနိုင်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို သုံးပြီး စွမ်းအင်ထုတ်လုပ်တဲ့ နေရာမှာလဲ ကွမ်တမ်ရူပဗေဒကြောင့်ပဲ တဟုန်ထိုး တိုးတက်ခဲ့တာပါ။ နောက်ပြီး Astrophysics နဲ့ ပတ်သက်ပြီးတော့လဲ ကွမ်တမ်ရူပဗေဒက အင်မတန်အရေးပါတဲ့ အပိုင်းကနေ ပါဝင်နေပါတယ်။ ခြုံပြောရရင်တော့ ကျွန်တော်တို့အနေနဲ့ စကြာဝဠာကြီးကို အကောင်းဆုံး နားလည်နိုင်ဖို့ရာအတွက် စကြာဝဠာကို ဘယ်လိုတည်ဆောက်ထားလဲဆိုတာ သိရှိသဘောပေါက်ထားမှ ရမှာပါ။ ဒီလိုနားလည်နိုင်ဖို့ကလဲ ကွမ်တမ်ရူပဗေဒနယ်ပယ်ကနေ ရရှိလာတဲ့ အသိပညာတွေကိုပဲ အားကိုးရမှာဖြစ်ပါတယ်။ သဘာဝတရားကြီးက ဆန်းကြယ်ပါတယ်။ သဘာဝတရားကြီးကို တနေ့ထက် တနေ့ နားလည်နိုင်ဖို့ ကြိုးစားနေတဲ့၊ နားလည်လာနိုင်တဲ့ လူသားတွေကလဲ ပိုလို့တောင် ဆန်းကြယ်ပါသေးတယ်။

 

 

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.