ကျွန်တော်တို့တွေ ကောင်းကင်ပြာပြာကြီးကို မော့ကြည့်ကြတဲ့အခါ ကောင်းကင်ကြီးမှာ အဖြူအစက်အပျောက်လေးတွေ၊ အချောင်းအချောင်းလေးတွေ ပြေးနေတာကို တွေ့ဖူးကြပါလိမ့်မယ်။ များသောအားဖြင့်တော့ ဒီလိုဖြစ်တာကို လူတွေက အမြင်အာရုံ အားနည်းလို့ ဖြစ်တာ၊ ရောဂါတစ်ခုခုကြောင့် ဖြစ်တာ၊ သွေးအားနည်းလို့ ဖြစ်တာ စသဖြင့် အမျိုးမျိုးတွေ ပြောကြပေမဲ့ တကယ်တော့ အဲ့ဒီလို မဟုတ်ပါဘူး။
အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်တဲ့အချိန် အစက်လေးတွေ၊ အချောင်းလေးတွေ ကောင်းကင်မှာ ပတ်ပြေးနေတာကို Blue field entoptic Phenomenon လို့ ခေါ်ပါတယ်။ အမြင်အာရုံမှာ ပတ်ပြေးနေတတ်တဲ့ အစက်အပြောက်လေးတွေကတော့ သက်ရှိဆဲလ်လေးတွေဖြစ်တဲ့ သွေးဖြူဥလေးတွေပါ။ ဘာကြောင့် ပတ်ပြေးနေသလို မြင်ရတာလဲဆိုတာကို ပြောပြပေးပါမယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ဆဲလ်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ မျက်လုံးထဲမှာလဲ သွေးဖြူဥနဲ့ သွေးနီဥဆဲလ်တွေ အသီးသီးရှိကြပါတယ်။ သွေးနီဥတွေကတော့ blue light ကို စုပ်ယူကြပြီး သွေးကြောမျှင်လေးတွေဆီကို ပို့ပေးပါတယ်။ ပြီးရင် သွေးနီဥလေးတွေ စုပ်ယူထားတဲ့ blue light ကို အဆင့်ဆင့်စစ်ထုတ်ပြီး ကြည့်လို့ရအောင် မျက်လုံးက ညှိလိုက်ပါတယ်။
ဒါပေမဲ့လဲ ဒီနေရာမှာ သွေးဖြူဥလေးတွေကတော့ ဒီလို မလုပ်နိုင်ပါဘူး။ သွေးဖြူဥတွေဟာ သွေးနီဥတွေထက် နည်းလဲနည်းသလို blue light ကိုလဲ စုပ်မယူနိုင်ပါဘူး။ ဒါကြောင့် ဦးနှောက်နဲ့ အချိတ်အဆက်ရှိတဲ့ သွေးကြောမျှင်လေးတွေဆီကိုလဲ ပို့မပေးနိုင်တော့ပါဘူး။ သွေးဖြူဥလေးတွေက blue light ကို စုပ်မယူနိုင်ပေမဲ့လဲ ရလိုရငြား ကြိုးစားကြည့်ပုံပါပဲ။ ဒီလိုမျိုး မရတာကို အတင်းကြိုးစားလိုက်တဲ့ အချိန်မှာ blue light တွေကို စစ်မထုတ်တော့ဘဲနဲ့ မူလအလင်းရောင်အတိုင်း စုပ်ယူလိုက်ပြီး ဦးနှောက်ကတစ်ဆင့် ပြပေးပါတော့တယ်။ ဒီလိုနဲ့ စစ်မထုတ်ထားတဲ့ blue light ကို စုပ်ယူလိုက်တာမို့ သာမန်မျက်စိနဲ့ မမြင်ရတဲ့ သွေးဖြူဆဲလ်လေးတွေက အဖြူရောင်တောက်တောက်လေး ဖြစ်လာပြီး ကျွန်တော်တို့ ကောင်းကင်ကို မော့ကြည့်ရင် မြင်နေရတဲ့ အရာလေးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ကောင်းကင်ပြာကြီးကို မော့ကြည့်ရင် မြင်နေရတဲ့ အစက်အပြောက်လေးတွေက သွေးဖြူလေးတွေပဲ ဖြစ်ပါတယ်။ လူတွေအတွက် အန္တရာယ်လဲ မဖြစ်စေသလို မျက်လုံးကျန်းမာရေးကိုလဲ မထိခိုက်စေပါဘူး။
(blue light ဆိုတာကတော့ 380 ကနေ 500 nanometer အကွာအဝေးအတွင်း တုန်ခါနေတဲ့ အတိုဆုံး လှိုင်းအလျားနဲ့ အမြင့်ဆုံး စွမ်းအင်ရှိပြီး မျက်စိနဲ့ မြင်နိုင်တဲ့ အလင်းတန်း တစ်စိတ်တစ်ပိုင်းကို ခေါ်တာဖြစ်ပါတယ်။ ဥပမာပြောရရင် ဖုန်း၊ တီဗီ၊ Laptop၊ Computer Monitor တွေကနေ လာတဲ့ အလင်းရောင်တွေပါ။)
ဒါကြောင့် ဖုန်းတွေ၊ တီဗီတွေ အကြည့်များတဲ့ သူတွေက ကောင်းကင်ကို မော့ကြည့်တဲ့အခါ လှုပ်စိလှုပ်စိဖြစ်နေတဲ့ သွေးဖြူဥလေးတွေကို ပိုပြီး ထင်ထင်ရှားရှား မြင်ရပါတယ်။