May 10, 2026 | မြန်မာ
Public Health Explainer

Dead body တွေကို ဘယ်လို ကိုင်တွယ်မလဲ၊ ဘာတွေ ဂရုပြုရမလဲ . . . ?

အခုအချိန်မှာ ကယ်ဆယ်ရေးပိုင်း မလုံလောက်တာကနေ စလို့ လူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်မဲ့ အခြေအအနေကနေ အသက်မပါပဲ DB ကို ဆွဲထုတ်ရတဲ့ အနေအထားတွေ ဖြစ်နေသလို ဆွဲမထုတ်နိုင်တဲ့ DB တွေလဲ များစွာ ရရှိနေပါတယ်။ ဒီ DB တွေက အချိန်ကြာလာတာနဲ့ ယိုယွင်းပျက်စီးလာပြီး အနံ့ဆိုးအပါအဝင် အခြားသော အန္တရာယ်ရှိ ဓာတ်ငွေ့တချို့နဲ့…

Text size

အခုအချိန်မှာ ကယ်ဆယ်ရေးပိုင်း မလုံလောက်တာကနေ စလို့ လူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်မဲ့ အခြေအအနေကနေ အသက်မပါပဲ DB ကို ဆွဲထုတ်ရတဲ့ အနေအထားတွေ ဖြစ်နေသလို ဆွဲမထုတ်နိုင်တဲ့ DB တွေလဲ များစွာ ရရှိနေပါတယ်။ ဒီ DB တွေက အချိန်ကြာလာတာနဲ့ ယိုယွင်းပျက်စီးလာပြီး အနံ့ဆိုးအပါအဝင် အခြားသော အန္တရာယ်ရှိ ဓာတ်ငွေ့တချို့နဲ့ ဘက်တီးရီးယားတွေ ထွက်လာပါတယ်။ ဒါကြောင့်မို့ မဖယ်ရှားနိုင်သေးတဲ့ အခြေအနေမှာ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေအနေနဲ့ ဘယ်လိုမျိုး အန္တရာယ်ကင်းအောင် ဘယ်လိုနေရမလဲ ဆိုတာကို ပြောပြသွားပါမယ်။

၁။ Mask တပ်ပါ / Mask မရှိပါက အဝတ်သန့်သန့်ဖြင့် နှာခေါင်းကို အုပ်စည်းပါ — အသက်ရှင်ဖို့၊ အသက်ရှူဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ထုတ်မရတဲ့ DB တွေကြောင့် အနံ့ဆိုးတွေကို ရှူနေရပြီဆိုရင် Mask တပ်ဖို့ လိုအပ်ပါတယ်။ ပမာဏ အတော်များများကို ရှူမိလိုက်တာမျိုးက လူကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ရှူမိလိုက်တဲ့ လူက ဘာရောဂါအခံမှ ရှိမနေရင်တော့ လူကို ပျို့အန်စေတာလောက်က လွဲပြီး အန္တရာယ်မပေးနိုင်သလို ရောဂါအခံရှိရင်လဲ မူးဝေတာ၊ အန်တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အနံ့ဆိုးတွေ ရနေတယ်ဆိုရင် Mask ရတာ (ရှိတာ) နဲ့ Mask တပ်ပါ။ အဲဒီလိုမှ မလွယ်ကူရင်တော့ အဝတ်သန့်သန့်တစ်ခုကို အုပ်စည်းလိုက်ပါ။ စည်းတဲ့နေရာမှာ နှာခေါင်းရော ပါးစပ်ကိုရော ပါအောင်စည်းဖို့လဲ အကြံပြုချင်ပါတယ်။

၂။ လေအောက်မှာ မနေပါနဲ့ — ဆိုလိုတာက မက်စ်တပ်ဖို့လဲ အဆင်မပြေ၊ နှာခေါင်းကို စည်းစရာအဝတ်လဲ မရှိဘူးဆိုရင် အနံ့ဆိုးတွေ ထွက်တဲ့ နေရာကနေ ရွှေ့ပြီး နေတာမျိုး၊ အပေါ်ကနေ အနံ့ထွက်နေတယ်ဆိုရင် ဆန့်ကျင်ဘက်အရပ် (DB ရဲ့ နောက်ကျောဘက်) ကို သွားတာမျိုးတွေ လုပ်သင့်ပါတယ်။ တိုက်ရိုက်မရှူမိဖို့လဲ လိုတာမို့ ဆင်ခြင်နိုင်ရင် အကောင်းဆုံးပါ။

၃။ ရက်ကြာနေတဲ့ DB နားကို သွားပြီး အလွယ်တကူ မကိုင်လိုက်ပါနဲ့ — ယိုယွင်းပြီး Decompose ဖြစ်နေတဲ့ DB တွေက ဆွဲထုတ်လို့ ရပြီဆိုပြီး ဆွဲထုတ်လိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်တတ်ပါတယ်။ ကိုယ်က ကျွမ်းကျင်သူလဲ မဟုတ်၊ လက်အိတ်၊ ခြေစွပ်နဲ့ တခြားသော အကာအကွယ်ပစ္စည်းတွေလဲ မပါဘဲ သွားကိုင်တာမျိုး လုံးဝ သွားမလုပ်ပါနဲ့။ ကလေးတွေရော၊ လူကြီးတွေရော ဘာအကာအကွယ်မှ မပါဘဲ DB ကို ထိတာ၊ ကိုင်တာတွေက ရောဂါပိုးပေါင်းစုံ ကူးစက်စေနိုင်ပါတယ်။

၄။ ရေနဲ့နီးတဲ့ DB တွေကို တတ်နိုင်သလောက် မြန်မြန်လေး ရွေ့ပြောင်းပေးပါ — DB က ထွက်တဲ့ Lechate လို့ ခေါ်တဲ့ ခန္ဓာကိုယ်ပျက်စီးရာကနေ ထွက်လာတဲ့ အရည်မှာ သွေး၊ တစ်ရှူးနဲ့ အခြားသော ခန္ဓာကိုယ်တွင်းအရည်တွေ ပါဝင်ပြီး အနံ့ဆိုးရှိတဲ့အပြင် ရောဂါပိုးများစွာလဲ ပါဝင်ပါတယ်။ Cadaverine နဲ့ Putrescine တွေကတော့ အလောင်းပျက်စီးတဲ့အခါ ထွက်လာတဲ့ ဒြပ်ပေါင်းတွေ ဖြစ်ပြီး အလွန်အနံ့ဆိုးစေပါတယ်။ အကယ်၍ အဲဒီအရည်တွေကသာ ရေထဲကို စိမ့်ဝင်သွားတာမျိုး မြောင်းထဲကို စိမ့်ဆင်းသွားတာမျိုးဆိုရင် ပတ်ဝန်းကျင်အတွက်တင်မက အပင်တွေ၊ လူတွေနဲ့ တိရစ္ဆာန်တွေအတွက်ပါ မကောင်းလှပါဘူး။ သောက်သုံံးရေ၊ စိုက်ပျိုးရေအရင်းအမြစ်နဲ့ နီးတဲ့ DB တွေကို ဦးစားပေးပြီး ဖယ်ဖို့ လိုပါတယ်။

၅။ လက်ဆေးပါ — DB တွေကို ကိုင်ရသည်ဖြစ်စေ၊ မကိုင်ရသည်ဖြစ်စေ အနီးကပ်ရှိနေရတာမျိုးနဲ့ အဲဒီအနီးအနားက အရာဝတ္ထုပစ္စည်းတွေကို ထိမိကိုင်မိတာမျိုးဆိုရင် မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို မပွတ်မိခင်မှာ လက်ကို ဆေးပါ။ ဝမ်းရောဂါအတွက်လဲ ကြိုတင်ကာကွယ်ပြီး ဖြစ်သလို တခြားသော ဘက်တီးရီးယားတွေ ရန်ကနေလဲ ကာကွယ်ပေးနိုင်ပါတယ်။

အရေးတကြီး ပြောချင်တာတစ်ခုက မကျွမ်းကျင်ဘဲ DB တွေကို ဖယ်ရှားတာမျိုး လုံးဝ လုံး၀ မလုပ်ဖို့ပါ။ အကိုင်အတွယ် မတတ်လို့ ပေါက်ပြဲပျက်စီးသွားတာမျိုး၊ ပဲ့သွားတာမျိုးဆိုရင် အန္တရာယ်ရှိတဲ့ ဓာတုဓာတ်တွေ ပိုပြီး ထွက်လာနိုင်ပါတယ်။ မဖယ်မဖြစ် ဖယ်ရရင်လဲ သေသေချာချာ ထိန်းထိန်းသိမ်းသိမ်းနဲ့ အညင်သာဆုံး လုပ်ဖို့ လိုလှပါတယ်။ ကိုင်တွယ်ပြီးတိုင်းမှာလဲ လက်ကို ဆပ်ပြာနဲ့ဆေးသင့်ပြီး အစားမစားခင်မှာလဲ လက်ဆေးဖို့ လိုပါတယ်။ ဒါဟာ အရမ်းကိုအရေးကြီးပါတယ်။

နောက်တစ်ချက်အနေနဲ့ DB Bag မပါဘဲ DB ကို အဆင်ပြေသလို ထုပ်ပိုးထားရင်လဲ အချိန်အရမ်းအကြာကြီး ထားမဲ့အစား ပိုပြီး ပျက်မစီးသွားခင်မှာ မြုပ်နှံသင့်ပါတယ်။ အနံ့ဆိုးတွေ ထွက်နေလို့ ဆိုပြီး DB ကို ထုံးနဲ့ သွားဖြူးတာ၊ မုန့်ဖုတ်ဆော်ဒါတွေနဲ့ သွားဖြူးတာမျိုးလဲ မလုပ်သင့်ပါဘူး။ ထုံးဖြူတာက အနံ့ဆိုးတွေကို ရှင်းနိုင်ပေမဲ့ ဒီနေရာမှာတော့ ခေတ္တခဏလောက်ပဲ အသုံးဝင်မှာ ဖြစ်ပြီး တိုက်ရိုက်ဖြူးတာမျိုးလဲ လုံးဝကို မလုပ်သင့်ပါဘူး။ အရပ်ထဲမှာ အသုံးပြုတဲ့ ကြားဖူးနားဝ နည်းလမ်းတွေကို အသုံးမပြုဖို့အတွက်လဲ အထူးမေတ္တာရပ်ခံချင်ပါတယ်။ ။

Article Credits

Written by Myo Myat Maung

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.