May 20, 2026 | မြန်မာ

ဒီနေ့ ဇူလိုင်လ ၂၃ ရက်နေ့ဟာ ကမ္ဘာ့ဝေလငါးနဲ့လင်းပိုင်များနေ့ပါ။

နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၂၃ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်းက သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ၊ သဘာ၀တရားကြီးကိုချစ်မြတ်နိုးကြတဲ့သူတွေ စုပေါင်းပြီးတော့ ကမ္ဘာ့ဝေလငါးနဲ့ လင်းပိုင်နေ့ကို ကျင်းပလေ့ရှိကြပါတယ်။ ဒီနေ့မှာဆိုရင် ရေနေသတ္တဝါတွေ အကြောင်းအသိပညာပေးခြင်းတွေနဲ့အတူ သမုဒ္ဒရာကြီးကျန်းမာစေဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ရာအတွက် အသိပညာပေးတဲ့လုပ်ငန်းတွေလည်း လုပ်ဆောင်ကြပါတယ်။ ဒါတွေအပြင်ကိုမှ ဧရာ၀တီလင်းပိုင်လို မျိုးသုန်းလုနီးနီးဖြစ်နေတဲ့ မျိုးစိတ်တွေကိုထိန်းသိမ်းနိုင်ဖို့အတွက်ကိုလည်း အသိမျှဝေရေးတွေလုပ်ဆောင်ကြပါတယ်။ ဒီလင်းပိုင်တွေနဲ့ ဝေလငါးတွေရဲ့ ဖြစ်တည်မှုဟာ အဏ္ဏဝါဂေဟစနစ်အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါ၀င်လျက်ရှိတာကြောင့် သူတို့ကို မျိုးမသုဉ်းသွားစေဖို့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

ဝေလငါးတွေနဲ့ လင်းပိုင်တွေဟာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အသိဉာဏ်မြင့်တဲ့ သတ္တဝါအုပ်စုတွေထဲမှာပါ၀င်ပါတယ်။ ဒီလိုရေနေသတ္တဝါတွေကို ထိန်းသိမ်းနိုင်ရေးအတွက် လူသားတွေကကြိုးစားနေကြပေမဲ့ ကျွန်တော်တို့လူသားတွေကပဲ မျိုးသုဉ်းပျောက်ကွယ်သွားအောင် တွန်းပို့နေကြပြန်ပါတယ်။ ဥပမာအနေနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ ဧရာ၀တီလင်းပိုင်တွေဟာဆိုရင် လူသားတွေနဲ့ သဘာ၀ဘေးအန္တရာယ်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အကောင်အရေအတွက်တွေ သိသိသာသာကျဆင်းလာနေပါတယ်။ ဧရာ၀တီလင်းပိုင်တွေအ‌ပေါ် အဓိကခြိမ်းခြောက်မှုတွေအနေနဲ့ ငါးဖမ်းသမားတွေနဲ့ လေထုညစ်ညမ်းမှုတွေဟာ ထိပ်ဆုံးကပါ၀င်နေပါတယ်။ လူတွေရဲ့ လုပ်ဆောင်မှုတွေကြောင့်ပဲ ဒီသတ္တဝါတွေရဲ့ ကျက်စားရာဒေသတွေတဖြည်းဖြည်း ကျဉ်း‌လာပြီး နောက်ဆုံးမှာ မျိုးသုဉ်းပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရပါပြီ။ လက်ရှိမှာ ဧရာ၀တီလင်းပိုင်တွေရဲ့ အရေးကို ထိန်းသိမ်းရေးအဖွဲ့များစွာကနေ ကာကွယ်ပေးဖို့ ဆောင်ရွက်နေကြပေမဲ့ တချို့သော ဒေသခံငါးဖမ်းသမားတွေနဲ့ ရာသီဥတုတွေကြောင့် စိတ်ချရတဲ့ အနေအထားကိုရောက်မလာနိုင်သေးပါဘူး။ ဒါကြောင့်မလို့ အခုလက်ရှိထက်ပိုပြီး ထိန်းသိမ်းဖို့ ကြိုးပမ်းအားထုတ်မှုတွေ၊ ဒေသခံငါးဖမ်းသမားတွေကို အသိပညာပို့ချတာတွေကို ဆက်လက်လုပ်ဆောင်ပေးဖို့လိုအပ်နေပါတယ်။ ဒီလိုလုပ်ခြင်းတွေကပဲ မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ရေနေသတ္တဝါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ထိန်းသိမ်းခြင်းတွေ လုပ်ဆောင်‌တဲ့နေရာမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီနိုင်တဲ့ နည်းတွေရှိနေပါတယ်။ ဥပမာအနေနဲ့ ပလတ်စတစ်သုံးစွဲမှု လျှော့ချခြင်းမျိုးဟာဆိုရင် ဒီရေနေသတ္တဝါတွေအတွက်တင်မကဘဲ တခြားသက်ရှိမျိုးစိတ်တွေအတွက်ပါ အထောက်အကူပြုတဲ့ လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်နဲ့နီးစပ်ရာလူတွေကို အချက်အလက်တွေမျှဝေခြင်းဟာဆိုရင်လည်း ကောင်းမွန်တဲ့လုပ်ဆောင်မှုတစ်ခုဖြစ်တာပါပဲ။ ဘယ်လိုနည်းနဲ့မဆို ကိုယ်တတ်နိုင်သရွေ့ တတ်နိုင်တဲ့ဘက်ကနေ ကူညီနေဖို့ကတော့ အ‌ရေးအကြီးဆုံးပါပဲ။ ဒီလိုမျိုးလုပ်ခြင်းတွေကပဲ ကျွန်တော်တို့ ကမ္ဘာကြီးပေါ်က ဂေဟစနစ်ရဲ့ အရေးပါမှုကိုနားလည်လာပြီး တန်ဖိုးထားတတ်လာဖို့နဲ့ နောင်အနာဂတ်မှာ အခြားသော မည်သည့်သက်ရှိမျိုးစိတ်တစ်ခုတ‌လေကိုမှ မျိုးမသုဉ်းသွားစေဖို့အတွက် ကူညီပေးသွားနိုင်မှာပဲဖြစ်ပါတယ်။

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za
Managing Editor Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.