Definition: ဘရက်ဒီခါဒီယာ (Bradycardia) ဆိုတာက ပုံမှန်ထက် နှလုံးခုန်နှုန်းနည်းတဲ့ဖြစ်စဥ်ကို ဆိုလိုတာပါ။

ဘရက်ဒီခါဒီယာ (Bradycardia) ဆိုတာက ပုံမှန်ထက် နှလုံးခုန်နှုန်းနည်းတဲ့ဖြစ်စဥ်ကို ဆိုလိုတာပါ။
လူတွေအနေနဲ့ ပုံမှန်အားဖြင့် ၁ မိနစ်မှာ နှလုံးခုန်နှုန်း အကြိမ် ၆၀ ကနေ ၁၀၀ အကြား ရှိတတ်ကြပြီး တစ်ချို့လူတွေအတွက်တော့ အိပ်ပျော်နေတဲ့အချိန်တွေမှာ ၁ မိနစ်ကို အကြိမ် ၄၀ လောက်အထိပဲ နှလုံးခုန်တာမျိုး ရှိနိုင်ပါတယ်။ အများအားဖြင့် အသက်အရွယ်ကြီးပြင်းလာတာနဲ့အမျှ နှလုံးခုန်နှုန်းပိုနှေးလာတတ်တာအပြင် ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ကျန်းမာရဲ့သားနဲ့ နှလုံးခုန်နှေးတာမျိုးလဲ ဖြစ်တတ်တာမို့ ဘရက်ဒီခါဒီယာက ပြဿနာကြီးကြီးမားမားမရှိတာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မူးဝေတာ၊ အသက်ရှူကျပ်ပြီး မောပန်းတာ၊ ရင်ဘတ်အောင့်တာ စတဲ့ လက္ခဏာမျိုးတွေကို နေရင်းထိုင်ရင်း ခံစားလာရပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေဆီသွားရောက်ပြီး ကုသမှုခံယူသင့်ပါပြီ။ အခုအချိန်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အညီ နှလုံးခုန်နှုန်းကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းညှိပေးနိုင်တဲ့ ပေ့စ်မိတ်ကာ (Pacemaker) အမည်ရ ကိရိယာလေးရဲ့အကူအညီကိုပါ ရယူနိုင်နေပြီဖြစ်လို့ အသက်အန္တရာယ်အတွက် အလွန်အမင်းစိတ်ပူဖို့တော့ မလိုအပ်ပါဘူး။