April 18, 2026 | မြန်မာ
Tachyon ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
🔬 Theoretical Physics 📅 October 26, 2024 👤 Min Z

Tachyon ဆိုတာ အလင်းထက်မြန်အောင် ခရီးနှင်နိုင်တယ်လို့ ယူဆထားကြတဲ့ ဖိုတွန်လို အမှုန်တစ်မျိုးပါ။ အဆိုကြမ်းအဆင့်ပဲ ရှိသေးပြီး လက်တွေ့ထောက်လှမ်းနိုင်တာမျိုး မရှိသေးပါဘူး။ 


တက်ခ်ယွန် (Tachyon )

တက်ခ်ယွန်တွေက စွမ်းအင်ကို ဆုံးရှုံးတာနဲ့အမျှ အရှိန်ကလဲ ပိုပိုမြင့်လာတတ်ကြပါတယ်။ စွမ်းအင်တစ်စက်မှမရှိတဲ့ ဇီးရိုးအင်နာဂျီ တက်ခ်ယွန်တွေက အနှိုင်းမဲ့ကို မြန်ဆန်တယ်။ အလင်းရဲ့ အလျင်ထက် မြန်အောင် သွားနေချိန်မှာတောင် တက်ခ်ယွန်တစ်လုံးရဲ့ ဒြပ်ထုက ပမာဏတစ်ရပ်နဲ့ တကယ်ရှိနေသေးတယ် ဆိုပါတယ်။ ဒီတက်ခ်ယွန်အမှုန်တွေရဲ့ တည်ရှိမှုဟာ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီအရ ကိုက်ညီမှုရှိပေမဲ့ သိပ္ပံနည်းကျ လေ့လာတွေ့ရှိတာ၊ ထောက်လှမ်းနိုင်တာမျိုးတော့ လက်ရှိအချိန်ထိ မရှိသေးပါဘူး။

Min Z

Zwe Thukha Min is the founder of Fact Hub Myanmar, a digital publishing platform focused on science communication and fact-checking. His work centers on making scientific knowledge accessible to the public through writing, journalism, and educational initiatives. He is interested in science communication, media literacy, and journalism.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.