သင်သိပါသလား
ပျားတွေဟာ မြွေတွေထက် လူ့အသက်ကိုပိုပြီးအန္တရာယ်ပြုနိုင်ပါတယ်
မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်လိုကောင်တွေကို သတိထားဖို့လိုတယ်ဆိုပေမယ့် ပျား ဒါမှမဟုတ် ခွေးတစ်ကောင်ကြောင့်လည်း သင့်အသက်ဆုံးရှုံးနိုင်ပါတယ်။
၂၀၀၈ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အတွင်း တိရိစ္ဆာန်တွေကြောင့် သေဆုံးသူ ၁၆၁၀ ဦးရှိခဲ့တဲ့ထဲက (၄၇၈) ဦးဟာ ပျားတွေကြောင့်၊ (၂၇၂) ဦးဟာ ခွေးတွေကြောင့်သေဆုံးခဲ့ရကြောင်း Wilderness & Environmental Medicine မှာထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ထိုနည်းတူစွာပဲ မြွေ၊ ပင့်ကူများနှင့် ကင်းမြီးကောက်များကြောင့် သေဆုံးသူဦးရေဟာ ရှစ်နှစ်အတွင်း (၉၉) ဦးရှိခဲ့ကြောင်း သိရပါတယ်။
မြင်း၊ ကျွဲများနှင့် ၀က်တွေလိုအခြားနို့တိုက်သတ္တဝါများကြောင့်လည်း နှစ်စဉ် လူ (၇၂) ဦးအထိ သေဆုံးကြကြောင်း The Centers for Disease Control and Prevention မှသုတေသီများကလေ့လာတွေ့ရှိထားပါသေးတယ်။
