May 10, 2026 | မြန်မာ
Space Exploration

NASA မှာ ဒုံးပျံတွေ၊ သိပ်ကိုကြီးမားတဲ့ စက်ကိရိယာကြီးတွေအပါအဝင် အခြားလေယာဉ်တွေပါ သယ်ယူပို့ဆောင်ပေးနိုင်တဲ့ Super Guppy လို့ခေါ်တဲ့ ယာဉ်တစ်မျိုးရှိပါတယ်။

🔬 Space Exploration 📅 April 4, 2023 👤 Htoo Tay Za
NASA ရဲ့ Super Guppy ဆိုတာကတော့ ကြီးမားတဲ့ကုန်ပစ္စည်းကြီးတွေကို သယ်ယူပို့ဆောင်ဖို့အတွက် အထူးတည်ဆောက်ထားတဲ့ လေယာဉ်တစ်မျိုးပါပဲ။ NASA ဟာ 1961 ခုနှစ်မှာ Aero Spaceline Industries’ Pregnant Guppy ကို ဖန်တီးပြီး‌ လေးနှစ်အကြာ 1965 ခုနှစ်မှာ Super Guppy နဲ့ပတ်သက်တဲ့ အိုင်ဒီယာကို စတင်မိတ်ဆက်‌ပေးခဲ့တာပါ။ U.S လေတပ်က အငြိမ်းစား လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ Jack Conroy ဟာ Boeing Model 377 Stratocruisers တွေကို ပြန်လည်ရောင်းချတာတွေနဲ့ပတ်သက်ပြီး လေယာဉ်ပွဲစား Lep Mansdorf နဲ့အတူဆွေးနွေးပြီးနောက်မှာ သူ့ရဲ့စိတ်ကူးကို NASA ဆီပေးပို့ခဲ့ပါတယ်။
 
 
အဲ့ဒီ‌နောက် NASA အနေနဲ့ အနာဂတ်မှာ တည်ဆောက်ဖို့ရှိတဲ့ အာကာသယာဉ်တွေအတွက် အစိတ်အပိုင်းတွေကို သယ်ယူနေကြောင်းကြားသိခဲ့ရပြီးတဲ့နောက် Conroy က သူတို့အနေနဲ့ Stratocruiser အဟောင်းတွေကို ဝယ်ယူကာ လေယာဉ်ကိုယ်ထည်ကို ထပ်မံချဲ့ထွင်ပြီး ဒီဇိုင်းအသစ် တည်ဆောက်နိုင်တယ်လို့ အကြံပေးခဲ့ပါသေးတယ်။ NASA ကတော့ Stratocuiser ရဲ့ အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ထားတဲ့ Conroy ရဲ့ဒီဇိုင်းကို မယုံကြည်ကြတဲ့အပြင် Pregnant Guppy ဆိုပြီးတောင် လှောင်ပြောင်ခဲ့ကြတာပါ။ ဘာတွေပဲပြောပြော Conroy တော့ မဖြုံပါဘူး။ သိပ်မကြာခင်မှာပဲ Aero Spacelines ကုမ္ပဏီကို တည်ထောင်ပြီးနောက်မှာ သူ့ရဲ့အိမ်ကိုပါ ပေါင်နှံပြီးတော့ လုပ်ငန်းစခဲ့ပါတယ်။
 
 
နှစ်နှစ်အကြာမှာတော့ သူတို့တွေလှောင်ပြောင်ခဲ့တဲ့ The Pregnant Guppy ဟာ California ဝေဟင်မှာ စတင်ပျံသန်းနိုင်ခဲ့ပါပြီ။ ဒါတင်မကသေးဘဲ Houston မှာရှိတဲ့ NASA ရဲ့ Manned Space Flight Center အထိ သရုပ်ပြပျံသန်းပြဖို့အတွက်ပါ ခွင့်ပြုချက်ရ‌ခဲ့တဲ့အပြင် Center ဒါရိုက်တာကပါ အတော်အားရကျေနပ်ခဲ့တာပါ။ အဲ့လိုနဲ့ပဲ Conroy ရဲ့ အဲ့ဒီလေယာဉ်ဟာ NASA ရဲ့ အဖိုးတန်လေးဖြစ်လာပါတော့တယ်။ The Pregnant Guppy ဟာ ကမ္ဘာပေါ်မှာ တည်ဆောက်ခဲ့ဖူးသမျှ လေယာဉ်တွေထဲ အကြီးဆုံးဖြစ်ခဲ့တဲ့အပြင် လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က လကမ္ဘာပေါ်ကို လူသားတွေခေါ်ဆောင်သွားနိုင်ခဲ့တဲ့ NASA ရဲ့ Apollo program က Saturn V ဒုံးပျံယာဉ်ဆံ့လောက်အောင်ကို ကြီးမားကျယ်ဝန်းပါတယ်။ ဒီ့နောက် Conroy က ပိုမိုပေါ့ပါးပြီး မြန်ဆန်တဲ့ အင်ဂျင်ရယ်၊ ဖိအားပေးစနစ်နဲ့ လေယာဉ်အမြီးပိုင်းမှာ ကာဂိုတံခါးအဖွင့်အပိတ်ထားတဲ့အစား လေယာဉ်ထိပ်ပိုင်းမှာထားပြီးတော့ Super Guppy ကို အဆင့်မြှင့်ခဲ့ပါတယ်။
 
 
“Frankenplane” လို့ နာမည်ပြောင်ပေးထားတဲ့ Super Guppy အနေနဲ့ ကုန်ပစ္စည်းတင်တဲ့အကန့်မှာတင် အလျား 14 ပေနဲ့ အချင်း 25 ပေရှိပြီး အလေးချိန် 170,00 ပေါင်အထိကို သယ်ဆောင်နိုင်စွမ်းရှိတာပါ။
 
 
Super Guppy ကို နိုင်ငံတကာအာကာသစခန်းရဲ့ အစိတ်အပိုင်းတွေကို ဒုံးပျံလွှတ်တင်တဲ့စင်နေရာကို ပို့ဆောင်တဲ့အခါမှာ စတင်အသုံးပြုခဲ့ပြီး အခြားမစ်ရှင်များစွာအတွက်လည်း အသုံးပြုခဲ့ပါတယ်။
 
Super Guppy ဟာ အောင်မြင်တယ်လို့ ထင်ခဲ့ရပေမယ့်လည်း ၁၉၇၂ ခုနှစ်မှာ‌တော့ Conroy အနေနဲ့ လည်ပတ်မှုတွေကို ပိတ်ပစ်ခဲ့ရပါတယ်။ NASA ဟာ ပြင်သစ်လေကြောင်းလိုင်း Airbus နဲ့ ဥရောပ Space Agency အတွက် တည်ဆောက်ခဲ့တဲ့ နောက်ဆုံးမော်ဒယ် Super Guppy Turbine (SGT) နဲ့ Super Guppy ကို အနှစ် 30 ကျော်ကြာအတူတူအသုံးပြုခဲ့တာပါ။ Airbus အတွက် လေးခုသာ ထုတ်လုပ်ထားပေမယ့် သဘောတူညီချက်တစ်ခုအရကြောင့် NASA က Super Guppy နေရာမှာ အစားထိုးဖို့အတွက် SGTs တွေထဲက တစ်ခုကို ပြန်လည်ဝယ်ယူနိုင်ခွင့်ရှ်ိတဲ့အတွက် နောက်ပိုင်းမစ်ရှင်အသစ်တွေမှာတော့ Super Guppy မော်ဒယ်အဟောင်းကို အသုံးပြုမှု လျော့နည်းသွားမှာပါ။
 
 
လေယာဉ်မှာ ခေတ်မီအီလက်ထရွန်းနစ်ပစ္စည်းတွေ မပါ၀င်ဘဲ လေယာဉ်မှူး၊ အင်ဂျင်နီယာတွေ၊ ဝန်တင်သူတွေနဲ့ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာရှင်တွေအပါအဝင် ၀န်ထမ်းခြောက်ဦး ဒါမှမဟုတ် ခုနစ်ဦးခန့်သာ လိုအပ်မှာဖြစ်ပြီး SGT ကို ယခုလက်ရှိမှာလည်း ဆက်လက်အသုံးပြုနေပါသေးတယ်။
 
Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.