ငလျင်လှုပ်ပြီးတဲ့နောက် ဘာထပ်ဖြစ်လာနိုင်သလဲ ၊ ဘယ်လို ဘေးကင်းအောင်နေမလဲ ?
မနေ့က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာ (၁၀ မိုင်) အကွာကို ဗဟိုပြုပြီး ပြင်းအား ၇.၇ မက်ဂနီကျု (Magnitude) ရှိတဲ့ အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ်သွားပါတယ်။ ငလျင်ဗဟိုချက်နဲ့နီးတဲ့ မန္တလေးနဲ့ မန္တလေးအနီးတဝိုက်က အထပ်မြင့်အဆောက်အအုံတွေ၊ လူနေအိမ်တွေနဲ့ သမိုင်းဝင်မယ်နုအုတ်ကျောင်းအပြင် မန္တလေးကျုံးနဲ့…