April 19, 2026 | မြန်မာ
Public Health Explainer

ရေဘေးကြုံလာခဲ့ရင် အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

သဘာ၀ဘေးအန္တရာယ်တွေကဟာရှောင်လွှဲလို့မရတဲ့အတွက် ကျရောက်လာခဲ့ရင် အရံသင့်ရှိနေဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေကြီးနေစဥ်နဲ့ ရေကြီးပြီးတဲ့အခါ ဘေးကင်းအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာတွေကို Fact Hub က မျှဝေပေးချင်ပါတယ်။ မိမိနဲ့ အသိအကျွမ်းတွေထဲ ရေဘေးဒေသက သူတွေရှိမယ်ဆိုရင်လဲ ဒီအကြောင်းအရာလေးကို လက်ဆင့်ကမ်းမျှဝေပေးခဲ့ပါဦးရှင်။ ――――――― ကြိုတင်ပြင်ဆင်သင့်သည်များ   ဆေးဝါး၊ သောက်သုံးရေသန့်၊…

Text size

သဘာ၀ဘေးအန္တရာယ်တွေကဟာရှောင်လွှဲလို့မရတဲ့အတွက် ကျရောက်လာခဲ့ရင် အရံသင့်ရှိနေဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေကြီးနေစဥ်နဲ့ ရေကြီးပြီးတဲ့အခါ ဘေးကင်းအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာတွေကို Fact Hub က မျှဝေပေးချင်ပါတယ်။

မိမိနဲ့ အသိအကျွမ်းတွေထဲ ရေဘေးဒေသက သူတွေရှိမယ်ဆိုရင်လဲ ဒီအကြောင်းအရာလေးကို လက်ဆင့်ကမ်းမျှဝေပေးခဲ့ပါဦးရှင်။

―――――――

ကြိုတင်ပြင်ဆင်သင့်သည်များ

 

ဆေးဝါး၊ သောက်သုံးရေသန့်၊ စားနပ်ရိက္ခာ (အခြောက်)၊ မှတ်ပုံတင် အိမ်ထောင်စုဇယားလိုမျိုး အရေးကြီးပစ္စည်းတွေနဲ့

မိုးလေ၀သသတင်းနားစွင့်လို့ရအောင် ရေဒီယို (သို့) တယ်လီဖုန်းအပြင် လိုအပ်ပါက Power Bank/ ဓာတ်မီးတို့ကို

ပြင်ဆင်ထားသင့်ပြီး မိမိနေထိုင်ရာဒေသရဲ့ကယ်ဆယ်ရေးအဖွဲ့ များရဲ့ဖုန်းနံပါတ်တွေကိုလဲ စုဆောင်းထားသင့်ပါတယ်။

ဒါ့အပြင် ရေကြီးပြီးနောက်မှာ ပြန်ဆုံကြမယ့် ဆုံမှတ်တစ်ခုသတ်မှတ်ထားပြီး မိသားစု၀င်တွေရဲ့ ကိုယ်ရေးအကျဥ်း၊

သွေးအမျိုးအစားတွေကို ကဒ်(သို့) စာရွက်နဲ့ရေးပြီး ရေစိုခံအိတ်များနဲ့ ဆောင်ထားသင့်ပါတယ်။

―――――――

 

 

ရေကြီးနေစဥ်ဆောင်ရန်/ရှောင်ရန်များ

 

 

ရေကြီးပြီလို့ သတိထားမိတာနှင့်တစ်ပြိုင်နက် ကုန်းမြင့်ပိုင်း/ မြင့်တဲ့အဆောက်အဦးပေါ် အရင်​သွားပါ။ ရေကြီးချိန်မှာ သစ်ပင်ပေါ်ပြေးတက်တာမျိုးမပြုလုပ်သင့်ပါဘူး (ကံထူးရင် မြွေလိုမျိုးတိရစ္ဆာန်တွေနဲ့ တစ်ပင်တည်း အတူတူ ရေဘေးဒုက္ခသည်ဖြစ်နိုင်တာကြောင့် အပင်ပေါ်ပြေးတက်တာမျိုးတွေ လုံး၀မပြုလုပ်သင့်ပါဘူး) ရေစီးနဲ့မျောပါလာနိုင်တဲ့ (သံပြား/ အဆိပ်ရှိသတ္တ၀ါများ) အန္တရာယ်ကနေ ကာကွယ်ဖို့ ရေလွှမ်းနေတဲ့ နေရာတွေကို သွားမယ်ဆိုရင် ရာဘာဖိနပ်အရှည်တွေကို ၀တ်ဆင်ပြီးမှသာ သွားသင့်ပါတယ်။ နောက်တစ်ချက်အနေနဲ့  ရေလွှမ်းနေတဲ့ လမ်းတွေအပေါ် ကား/ဆိုင်ကယ်မောင်းတာတွေ ရှောင်ကြဥ်သင့်ပါတယ်။ ရေကူးတာမျိုး၊ ကလေးသူငယ်တွေကို ရေပေးကစားတာမျိုး မလုပ်သင့်ပါဘူး။
 

―――――――

မြွေအန္တရာယ်

ရေကြီးချိန်ဟာ ပုံမှန်အားဖြင့် ရာသီအကူးအပြောင်း(သို့) မိုးရာသီဖြစ်တဲ့အတွက် မြွေသားပေါက်ရာသီဖြစ်တဲ့အလျောက် မြွေတွေကိုပိုမြင်တွေ့ရတတ်ပြီး မြွေအန္တရာယ်ကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ရေနဲ့အတူမျောပါလာတဲ့ ပစ္စည်းတွေကိုထိ/ကိုင်ခြင်းမျိုး၊ မြွေခိုအောင်းနေနိုင်တဲ့ နေရာတွေကို သွားခြင်းမျိုးတွေ မပြုလုပ်သင့်ပါဘူး။ ​မြွေတွေ့ရှိပါကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သူတို့အကူအညီနဲ့ ဖမ်းဆီးခြင်းမျိုးသာ ပြုလုပ်သင့်ပါတယ်။ အမျိုးအစား သေချာမသိတဲ့မြွေတွေကို လုံးဝမကိုင်သင့်ပါဘူး။ အကယ်၍ မြွေကိုက်ခံရလျှင် ပထမဆုံးအနေနဲ့ စိတ်ကိုတည်ငြိမ်စွာထားပါ။ အကို-က်ခံထားရတဲ့ နေရာကို ဆပ်ပြာ၊ ရေကို အသုံးပြုကာ သန့်ရှင်းအောင်ဆေးပေးပါ။ မြွေကိုက်ခံရတဲ့ဒဏ်ရာကို ပါးစပ်နဲ့စုပ်တာ၊ အဝတ်စ ပတ်တီးတွေနဲ့ တင်းတင်းကျပ်ကျပ်စီးတာတွေကနေ ရှောင်ပါ။ ဒဏ်ရာပေါ်ကို ရေခဲကပ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်းဆေးလူးခြင်းတွေ မလုပ်ပါနဲ့။ ခြေလက်များ မလှုပ်ရှားမိစေဖို့ အ၀တ်စ တုတ်များဖြင့် ချည်နှောင်ထိန်းထားပါ။ မြွေဆိပ်ကို မြွေဆိပ်ဖြေဆေးတစ်မျိုးတည်းနဲ့သာ ကုသနိုင်တာကြောင့် လူနာကို ဆေးရုံကိုသာ အတတ်နိုင်ဆုံး အမြန်ပို့ဆောင်ပါ။ 

ရေကြီးတဲ့ ဒေသတွေမှာ အဆိပ်​ပြင်းတဲ့ ငန်းတော်ကျား/သံကွင်းစွပ်မြွေအုပ်စု၊ မြွေဟောက်အုပ်စု၊ မြွေသန္တာအုပ်စု၊ မြွေပွေး၊ အဆိပ်ပြင်းနဲ့ အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ လည်ပင်းနီမြွေအုပ်စု၊ အဆိပ်ရှိတဲ့ မြွေစိမ်းမြီးခြောက်အုပ်စု၊ အဆိပ်ပျော့ပဲရှိတဲ့ ရက္ကန်းကြိုးမြွေအုပ်စု၊ ကြောင်မြွေအုပ်စု၊ မြွေပွေးယောင် .. စတဲ့ မြွေတွေကို တွေ့ရနိုင်တယ်လို့ NSCI က ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

―――――――

 

 

သောက်သုံးရေပြဿနာ

 

 

သန့်ရှင်းတဲ့ သောက်သုံးရေပမာဏ အလုံအလောက် ဆောင်ထားသင့်ပါတယ်။ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိရင်​ ၀မ်းပျက်၊ ၀မ်းလျှောရောဂါတွေ ဖြစ်နိုင်တဲ့အတွက် မိမိအိမ်ရေတွင်း၊ ရေကန်က ရေတွေကို ကျိုချက်ပြီးမှ (သို့) ကလိုရင်းခတ်ပြီးသာ သောက်သုံးသင့်ပါတယ်။ ရေကြီးတဲ့ရေတွေနဲ့ ထိတွေ့ထားတဲ့ အစားအစာတွေကို မစားပါနဲ့။ အိုးခွက်ပန်းကန်များ ဆေးကြောခြင်း မပြုပါနှင့်။ ရေနဲ့ ထိတွေ့ထားမဲ့ အစားအစာတွေကို မစားသုံးပါနဲ့။ မိမိတို့စားသုံးမယ့် အစားအစာတွေကို စနစ်တကျဆေးကြောပြီးမှသာ စားသုံးပါ၊ ကျက်အောင်ချက်ဖို့လည်း မမေ့ပါနဲ့။
―――――――
 

 

ဓာတ်ကြိုးအန္တရာယ်

ရေကြီးနေချိန် မိမိနေအိမ်မှာရှိနေရင် လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားတာ တစ်နည်းအားဖြင့် မိန်းချထားတာ အကောင်းဆုံးပဲဖြစ်ပါတယ်။ နေအိမ်အပြင်မှာရှိနေခဲ့ရင်လည်း မိမိရောက်နေတဲ့နေရာဟာ အန္တရာယ်ကင်းသလား၊ မကင်းသလား အရင်ကြည့်သင့်ပါတယ်။ ဓာတ်ကြိုးပျက်ကျနေတဲ့နေရာတွေသွားခြင်း၊ ကိုင်ခြင်းကို အထူးရှောင်ရှားသင့်ပါတယ်။

ခြင်အန္တရာယ်

သောက်သုံးရေမသန့်ရှင်းမှုကြောင့် ၀မ်းပျက်၀မ်းလျှောဖြစ်တာအပြင် ခြင်တွေကြောင့်လည်း ရောဂါကူးစက်နိုင်တာမို့ ခြင်ကိုက်ခံရခြင်းကနေ ကင်းဝေးအောင်လည်း ဂရုစိုက်သင့်ပါတယ်။ ခြင်အန္တရာယ်ကနေကာကွယ်ဖို့ လက်ရှည်/ ဘောင်းဘီရှည်၀တ်တာ၊ ဆေးစိမ်ခြင်ထောင်ကို အသုံးပြုပြီး အိပ်တာ၊ ခြင်ဆေးသုံးတာတွေ ပြုလုပ်နိုင်ပါတယ်။ 

နောက်ထပ်အရေးကြီးဆုံးကတော့ မိုးလေ၀သသတင်းကို အမြဲနားစွင့်နေဖို့လိုပါတယ်။ မိမိတို့မူလနေရပ်ဘေးကင်းကြောင်း မကြေညာမချင်း အိမ်ကို မပြန်ကြဖို့ မှာလိုပါတယ်။ အိမ်ပြန်ရောက်ခဲ့ရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့သာ လျှပ်စစ်ကြိုးသွယ်တန်းတာတွေ၊ စစ်ဆေးတာတွေ၊ သန့်ရှင်းရေးလုပ်တာတွေကို ဆောင်ရွက်ကြဖို့လည်း ပြောလိုပါတယ်။ မိမိခန္ဓာကိုယ်မှာ ထူးခြားတဲ့လက္ခဏာတွေ ဖြစ်ခဲ့ရင်လည်း ကျန်းမာရေး၀န်ထမ်းတွေကို ပြောပြဖို့ ၀န်မလေးပါနဲ့။

 

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

Article Credits

Written by Thae Nandar Su, Shin Mon Thant
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.