တိရစ္ဆာန်တွေက ကမ္ဘာ့သံလိုက်စက်ကွင်းကို အသုံးပြုပြီး သူတို့သွားမဲ့ လမ်းကြောင်းကို ရှာဖွေတတ်ကြပါတယ်။
U.S. Geological Survey (USGS) အရ ရေလိပ်တွေ၊ ဆယ်လ်မွန်တွေလို ရေနေသတ္တဝါတွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်းကို အာရုံခံနိုင်စွမ်းရှိပြီး သူတို့သွားမဲ့ လမ်းကြောင်းကို ရှာဖွေဖို့အတွက် အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ရေနေသတ္တဝါတွေအပြင် မိုလက်စ်မျိုးပေါင်းစုထဲက သတ္တဝါတွေ၊ အာသရိုပေါ့ထ်တွေ၊ ကျောရိုးရှိသတ္တဝါတချို့၊ ကုန်းနေရေနေ သတ္တဝါတချို့နဲ့ ငှက်တချို့ကလဲ ဒီနည်းစနစ်ကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ကို magnetoreception လို့ ခေါ်ဝေါ်ပါ။
ဒီအချက်အလက်က မှန်ကန်ရဲ့လား။
