ကာဗွန်ဟိုက်ဒရိတ်နဲ့ ကယ်လိုရီ လုံးဝမပါဝင်ဘဲ Stevia ဆိုတဲ့အပင်ကနေ သာမန်သကြားတွေထက် အချိုဓာတ် အဆ ၁၀၀ ကျော် ပိုမိုရရှိနိုင်ပါတယ်
Stevia အပင်က သန့်စင်ထုတ်လုပ်ပြီးရလာတဲ့ အချိုဓာတ်ဟာ သာမန်သကြားတွေထက် အဆပေါင်း ၁၀၀ ကနေ ၃၀၀ ကျော်အထိ အချိုကဲပါတယ်။ ဒါ့အပြင် ကယ်လိုရီ ဇီးရိုး၊ ကာဗွန်ဟိုက်ဒရိတ် ဇီးရိုးနဲ့ တခြားသော မကောင်းတဲ့ ဓာတ်ပစ္စည်းတွေလည်း ပါဝင်မနေပါဘူး။ အချိုဓာတ်အများဆုံးပါဝင်ပြီး ကင်ဆာကို ကာကွယ်ပေးတဲ့ Antioxidants တွေ၊ ကိုယ်ခံအားကောင်းစေတဲ့ Vitamin C ၊ Fiber ၊ ပရိုတိန်း၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီဆမ်နဲ့ သံဓာတ်အနည်းငယ်စီ ပါဝင်ပါတယ်။
Stevia အပင်ဟာ နေရောင်ခြည်အရများတဲ့ ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းပြီး နှစ်ရှည်ပင် အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ပါရာဂွေး၊ ကင်ညာ၊ တရုတ်နဲ့ အမေရိကန်တို့မှာ အဓိက စိုက်ပျိုးတာကို တွေ့ရပါလိမ့်မယ်။ Stevia ကောင်းကျိုးနဲ့ ဝယ်လိုအားတွေကြောင့် ဗီယက်နမ်၊ ဘရာဇီး၊ အိန္ဒိယ၊ အာဂျင်တီးနားနဲ့ အခြားနိုင်ငံတွေမှာလည်း ပိုမိုစိုက်ပျိုးလာကြပါပြီ။
မုန့်လုပ်တဲ့လုပ်ငန်းတွေမှာ အများဆုံးအသုံးပြုကြပြီး တောင်အမေရိကနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကတော့ Stevia အရွက်ကို လက်ဖက်ရည်တို့၊ ရေနွေးကြမ်းတို့၊ ကော်ဖီတို့မှာ အချိုဓာတ်အနေနဲ့ ခပ်သောက်ကြလေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ဆီးချိုသမားတွေ၊ Diet လုပ်နေသူတွေအတွက် Stevia ကို ကော်ဖီတွေ၊ အချိုရည်တွေမှာ သကြားအစားထိုးအသုံးပြုပြီး ဈေးကွက်မှာ ရောင်းချလာကြတာကို တွေ့လာရပြီပဲဖြစ်ပါတယ်။
Article Credits