“ခဲဆိပ်သင့်တာက ခန္ဓာကိုယ်ကို ဘယ်လိုထိခိုက်စေနိုင်သလဲ . . . ?”
ခဲဆိပ်သင့်တာရဲ့ အပြင်းထန်ဆုံး ဘေးထွက်ဆိုးကျိုးကတော့ အသက်ဆုံးရှုံးခြင်းပါ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း World Health Organization (WHO) ရဲ့ ဖော်ပြချက်အရ ခဲဆိပ်သင့်ရာကနေ ဖြစ်ပေါ်လာတဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် ကမ္ဘာတစ်ဝှမ်း အသက်ဆုံးရှုံးမှု အရေအတွက်ဟာ ၂၀၂၁ ခုနှစ်မှာ ၁.၅ သန်းကျော်အထိ ရှိနေပါတယ်။ ခဲဆိပ်သင့်ရတဲ့ အကြောင်းအရင်းကတော့ ခဲဓာတ်တွေ ခန္ဓာကိုယ်ထဲ တစ်နည်းနည်းနဲ့ ရောက်ရှိလာလို့ ဖြစ်ပါတယ်။ ဥပမာ – အစားအသောက်တွေထဲကတစ်ဆင့် ခန္ဓာကိုယ်ထဲ ရောက်ရှိလာတာ၊ ထိကိုင်မိတာတွေနဲ့ ရှူရှိုက်မိတာ စတဲ့အကြောင်းအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ခဲဆိပ်သင့်တာက အစောပိုင်းအဆင့်တွေမှာ ထူးခြားတဲ့လက္ခဏာ ပြလေ့မရှိပေမဲ့ စိတ်ဓာတ်ကျတာ၊ ဒေါသထွက်လွယ်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲတာ၊ မှတ်ဉာဏ်ထိခိုက်တာ၊ ခြေချောင်း၊ လက်ချောင်းတွေထုံကျ ်ဥတာတွေနဲ့ ခေါင်းကိုက်တာလိုမျိုး အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လေ့ရှိပါတယ်။ တကယ်လို့ အစားအသောက်တွေကနေ ခဲဆိပ်သင့်ခဲ့တယ်ဆိုရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို အရင်ဆုံး ထိခိုက်စေမှာပါ။ ပြင်းထန်လာတဲ့ အဆင့်မှာတော့ ဦးနှောက်အပါအဝင် ကိုယ်တွင်းအင်္ဂါ ထိခိုက်တာတွေကြောင့် နာတာရှည်ရောဂါအမျိုးမျိုး ဖြစ်လာပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် အရွယ်ရောက်ပြီးသူတွေအနေနဲ့ မျိုးပွားခြင်းလုပ်ငန်းစ◌်ဥမှာလည်း ပြဿနာရှိလာနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် အချိန်မတိုင်ခင် မီးဖွားတာ၊ ကိုယ်ဝန်ပျက်ကျတာအပြင် မွေးလာတဲ့ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောကိုပါ ထိခိုက်စေနိုင်ပါတယ်။ ခဲဆိပ်သင့်တာကို အချိန်မီသတိထားမိရင် ကုသပျောက်ကင်းနိုင်တယ်ဆိုပေမဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလဲ အများအပြား ရှိနေဆဲပါ။ ဒါကြောင့် ခဲဓာတ်တွေ အများအပြား ရှိနေနိုင်တဲ့ ပတ်ဝန်းကျင်မျိုးကို ရှောင်ရှားသင့်ပြီး ခဲဆိပ်သင့်တာကို သံသယရှိရင် အမြန်ဆုံးစစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။ ။