May 1, 2026 | မြန်မာ
Fact Check 1 min read

ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

ငှက်တွေ အုပ်စုဖွဲ့ပျံသန်းတယ်ဆိုတာ ဆင့်ကဲပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ ပုံမှန်အပြုအမူတွေပါ။ ဒီကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရလဲဆိုရင် . . .

— အမဲလိုက် သားရဲတိရစ္ဆာန်တွေကို ဝေခွဲမရ ဖြစ်စေတယ် (အုပ်စုဖွဲ့ပြီး ပျံသန်းနေကြတာ ဖြစ်လို့ ဘယ်ငှက်ကို ပစ်မှတ်ထားရမလဲ ဆိုတာက သားရဲတစ်ကောင်ရဲ့ စိတ်ကို ဝေဝါးစေပါတယ်)။

— အစာရင်းမြစ်တည်ရှိရာကို အချင်းချင်း လမ်းညွှန်ကြတယ်။

— ခရီးဝေးပြန်သန်းတဲ့ နေရာမှာ စွမ်းအင်ကုန်ဆုံးမှုကို သက်သာစေတယ် (အင်္ဂလိပ်အက္ခရာ ဗွီ – V ပုံသဏ္ဌာန်နဲ့ ပျံသန်းတဲ့အခါ ရှေ့ဆုံးငှက် တောင်ပံခတ်ရာကနေ ဖြစ်ပေါ်လာတဲ့ လေဝဲအသေးစားတွေက နောက်မှာ ပါလာတဲ့ ငှက်တွေကို ပင့်ပေးလိုက်သလို ဖြစ်စေတယ်။ ‌ဒါကြောင့်ပဲ ဥပမာပြရရင် ကြိုးကြာငှက်တွေ ဆောင်းခိုချိန် ရက်ရှည်ခရီးနှင်တဲ့အခါ စွမ်းအင်သုံးစွဲမှုကို သက်သာစေတာပါ)။

— မိတ်လိုက်ဖက် ရှာဖွေမှုနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ထိရောက်စေတယ်။

ငှက်တွေဟာ သားရဲနဲ့ ကြုံတွေ့ရတဲ့အခါ၊ အစာရှာတဲ့အခါနဲ့ အိပ်တန်းတက်ဖို့ ပြင်တဲ့အခါ အလားတူ အုပ်စုဖွဲ့ပျံသန်းလေ့ရှိကြပြီး ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာပါ။ ဒါကြောင့် ပုံထဲမှာ မြင်တွေ့နေရတဲ့ အုပ်စုဖွဲ့ပျံသန်းမှုက မုန်တိုင်း၀င်လာနိုင်ခြေနဲ့ ဆက်စပ်တယ်ဆိုတဲ့ အထောက်အထားတစ်ခု မဟုတ်ပါဘူး။

ထပ်ပြီး အသိပေးလိုတာက အခုလို ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ စိတ်နှလုံး မအေးချမ်းနေချိန်ဖြစ်တဲ့အတွက် အလန့်တကြားဖြစ်စေမဲ့ သတင်းအကြောင်းအရာတွေကို မစိစစ်ပါဘဲ လူမှုကွန်ယက်မှာ မဖြန့်ဝေဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို သတင်းမှားတွေဟာ ပြည်သူတွေရဲ့ အကျိုးကို တိုက်ရိုက် ထိခိုက်သက်ရောက်တာမျိုး မရှိခဲ့ရင်တောင် စိတ်ပိုင်းဆိုင်ရာအရ သက်ရောက်မှု ကြီးမားသွားနိုင်ပါတယ်။

Fact Hub Myanmar ကလဲ ငလျင်ဒဏ်သင့် ပြည်သူတွေနဲ့ အတူရှိနေမှာဖြစ်ပြီး သတင်းအချက်အလက် လွဲမှားမှုတွေကို ဆက်လက်တိုက်ဖျက်နေမှာ ဖြစ်တယ်လို့ အသိပေးအပ်ပါတယ်။ ။

Share Facebook Telegram Email

Article Credits

Written by Julian Htet Aung
Managing Editor Fact Hub Editor Team

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.