May 24, 2026 | မြန်မာ
Monochromatic ဆိုတဲ့ စကားလုံးကို သိပါသလား. . .?
mo · nuh · kruh · ma · tuhk

Definition: Monochromatic in science means consisting of a single wavelength of light or other radiation (lasers, for example, usually produce monochromatic light), or having or appearing to have only one color (in comparison to polychromatic).

🔬 Physics 📅 September 27, 2024 👤 Khant Nyar Thar

Monochromatic Light

Monochromatic Light ဆိုတာ သီအိုရီအရ တိကျတဲ့ လှိုင်းအလျားတစ်ခုပဲပါတဲ့ အလင်းလှိုင်းတွေပါ။ ဆိုလိုတာက အရောင်တစ်ရောင်ပဲ ရှိတဲ့ (ဘယ်အရောင်မဆိုဖြစ်နိုင်ပါတယ်) လှိုင်းတွေဖြစ်ပါတယ်။ လျှပ်စစ်သံလိုက်လှိုင်းတွေထဲမှာ မျက်လုံးနဲ့ မြင်နိုင်တဲ့ Visible Light ဆိုရင် မတူညီ၊ များပြားတဲ့ လှိုင်းအလျားတွေရှိတာမို့ အရောင်အမျိုးမျိုး ကွဲပြားပေမဲ့ Monochromatic Light ကတော့ သူ့ရဲ့ လှိုင်းအလျား၊ ပြင်းအားနဲ့ ပိုလာရိုက်ဇေးရှင်းအခြေအနေပေါ်  မူတည်ပြီး သီးသန့်တစ်ရောင်ထဲသာ ထုတ်လွှတ်ပါတယ်။ ဥပမာအနေနဲ့ လေဆာတွေကို မြင်ယောင်ကြည့်လို့ ရပါတယ်။ လက်တွေ့မှာတော့ Monochromatic Light တွေဟာ လှိုင်းအလျားတစ်ခုပဲ ရှိတာမဟုတ်ဘဲ  လှိုင်းအလျားကျဥ်းကျဥ်းလေးတွေ စုဖွဲ့ထားတဲ့ လှိုင်းအမျိုးအစားပါ။ သူက မျဉ်းဖြောင့်အတိုင်း အကွာအဝေးတစ်ခုထိ သွားနိုင်ပြီး လျှပ်စစ်သံလိုက်လှိုင်း ရောင်စဉ်တန်းထဲမှာဆို လူတွေမြင်နိုင်တဲ့ အလင်းလှိုင်းအမျိုးအစားအနေနဲ့ သတ်မှတ်နိုင်ပါတယ်။

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.