May 25, 2026 | မြန်မာ
Neuroscience Explainer

သရဲတွေဟာ တကယ်လား၊ မိမိစိတ်ထင်လား။

ကျွန်တော်တို့ အာရှတစ်ခွင်မှာ ပရလောက၊ ဝိညာဉ်၊ တစ္ဆေ၊ သရဲ၊ နတ်စိမ်း စတာတွေကို ယုံကြည်ကြသလို အဲဒါတွေနဲ့လဲ စီးပွားရှာနေကြတဲ့ သူတွေ ရှိပါတယ်။ အထူးသဖြင့် နတ်ကတော်တွေပေါ့။ သူတို့ဟာ သေပြီးသား နတ်စိမ်းတွေရဲ့ ပဌာန်းဆက်လိုလို၊ အနွယ်တော်လိုလိုပုံစံမျိုးအဖြစ်နဲ့ စီးပွားရှာနေကြတာပါ။ အဲဒီကနေ လူတွေဟာလဲ တဖြည်းဖြည်းနဲ့ ပရလောကအပေါ် ယုံကြည်လာကြပါတယ်။ ပရလောကဆိုတာဟာ သဘာဝလွန်နယ်ပယ်လို့…

Text size

ကျွန်တော်တို့ အာရှတစ်ခွင်မှာ ပရလောက၊ ဝိညာဉ်၊ တစ္ဆေ၊ သရဲ၊ နတ်စိမ်း စတာတွေကို ယုံကြည်ကြသလို အဲဒါတွေနဲ့လဲ စီးပွားရှာနေကြတဲ့ သူတွေ ရှိပါတယ်။ အထူးသဖြင့် နတ်ကတော်တွေပေါ့။ သူတို့ဟာ သေပြီးသား နတ်စိမ်းတွေရဲ့ ပဌာန်းဆက်လိုလို၊ အနွယ်တော်လိုလိုပုံစံမျိုးအဖြစ်နဲ့ စီးပွားရှာနေကြတာပါ။

အဲဒီကနေ လူတွေဟာလဲ တဖြည်းဖြည်းနဲ့ ပရလောကအပေါ် ယုံကြည်လာကြပါတယ်။ ပရလောကဆိုတာဟာ သဘာဝလွန်နယ်ပယ်လို့ သိပ္ပံပညာရှင်တွေကလဲ ဆိုထားပါတယ်။

အရင်ဆုံး သိပ္ပံနဲ့ ဆက်စပ်မပြောခင်မှာ ကျွန်တော်တို့ အာရှတစ်ခွင်ရဲ့ ကိုးကွယ်မှုအချို့ကို လေ့လာကြရအောင်။

အထူးသဖြင့် မြန်မာနဲ့ ထိုင်းမှာဆို တစ္ဆေ၊ သရဲ၊ မှင်စာ၊ ဘီလူး၊ စုန်း၊ ကဝေ၊ နတ်စိမ်း စတာတွေကို အတော်လေး ယုံကြည်ကြပါတယ်။ ထိုင်းမှာဆိုရင် သားသမီးမရနိုင်တဲ့ သူဌေးလင်မယားတွေဟာ အရုပ်လေးတစ်ရုပ်ထဲမှာ ဝိညာဉ်တစ်ကောင်ကို ထည့်သွင်းပြီး သူတို့ကလေးအဖြစ် မွေးကြတာတွေပါ ရှိပါသေးတယ်။

မြန်မာမှာလဲ နေရာတိုင်း နေရာတိုင်းမှာ သူ့ပိုင်ရာဆိုင်ရာဆိုတာတွေကို ယုံကြည်နေကြပြီးသားပါ။ ကဝေဆိုလဲ ဆယ့်နှစ်ကြိုးကဝေ စတာတွေအပြင် အောက်လမ်း၊ အထက်လမ်း အတော်စုံပါတယ်။

အချို့အိမ်တွေဆို လူခြောက်လေးတွေကို ကိုးကွယ်တာ ဘာညာလဲ ရှိပါသေးတယ်။ အဲဒီလူခြောက်လေးတွေက စီးပွားတက်အောင် လုပ်ပေးတယ်လို့လဲ ယူဆကြပါတယ်။ ငယ်စဉ်က တာတေတို့၊ မဖဲဝါတို့အကြောင်း ဖတ်ရင်း ကြီးပြင်းလာသူဆိုရင်တော့ အခုပြောသွားတဲ့ အကြောင်းတွေနဲ့က မစိမ်းလောက်ပါဘူး။

စိမ်းမဲ့ အကြာင်းကတော့ အခုမှ စမှာပါ။ ကျွန်တော်တို့ အာရှဟာ ပရလောကကို ယုံသလောက် အနောက်နိုင်ငံတွေကတော့ ယုံခဲလှပါတယ်။ သရဲခြောက်ခံရခြင်းဟာ သိပ္ပံတွေ့ရှိချက်တွေကြောင့်ပါလို့လဲ ပြောကြပါတယ်။ (အမေရိကန်တွေထဲမှာတော့ ငါးဆယ်ရာခိုင်နှုန်းလောက်က ယုံကြတယ်လို့ ဒေတာတချို့အရ တွေ့ရပါတယ်။)

ပြောလက်စကို ဆက်ရမယ်ဆိုရင် သရဲခြောက်ခံရတယ် ဆိုတာဟာ လူတွေမကြားနိုင်တဲ့ အတော်နိမ့်တဲ့ ကြိမ်နှုန်းတွေကြောင့်လို့ သုတေသီတို့က ပြောထားပါတယ်။ လူတွေရဲ့ နားဟာသတ်မှတ်ထားတဲ့ ကြိမ်နှုန်းကိုပဲ လက်ခံနိုင်ပါတယ်။ 20,000 Hz နဲ့အထက် အသံတွေ၊ 20 Hz အောက် အသံတွေဟာ လူတွေရဲ့ နားနဲ့ နားထောင်ဖို့ ဘယ်လိုမှကို အဆင်မပြေပါဘူး။

အဲဒီတော့ ကိုယ်နားမခံနိုင်တဲ့ အသံမျိုးကို ကြားမိတဲ့အခါ လူ့သဘာဝအရ ကြောက်စိတ်ဆိုတာ ဖြစ်လာပါတယ်။ ကြောက်စိတ်ဖြစ်ရင် စိတ်မသက်မသာဖြစ်လာတာမလို့ အဲဒီလိုဖြစ်ရပ်ကို သရဲခြောက်ခံရတယ်၊ သရဲဆီကလာတဲ့ အသံလို့ အမှတ်မှားကြပါတယ်။သရဲခြောက်တယ်လို့ ပြောတဲ့နေရာတိုင်းဟာ သစ်လွင်တောက်ပနေတာမျိုး မရှိပါဘူး။ ကြည့်လိုက်တိုင်း ရိုးတွင်းခြင်ဆီထဲထိ အကြောက်တရားတွေ စိမ့်ဝင်သွားအောင် ထိုင်းမှိုင်းနေတဲ့ အသွင်ပဲ ရှိကြပါတယ်။ အဲလိုအိမ်တွေ၊ နေရာတွေမှာ လူတွေကို ဆင်ခြင်တရားကင်းစေပြီး ကြောက်စိတ်ကို အလုံးအရင်းဖြစ်ပေါ်စေတဲ့ အဆိပ်မှိုတစ်မျိုးမျိုးက အမြဲပေါက်နေတတ်ပါတယ်။ လူတွေကသာ သိချင်ဇောကပ်ပြီး သတိမထားမိကြတာပါ။ သရဲကားအများစုမှာ အဲဒီမှိုတွေကို ရိုက်ပြလေ့ရှိပါတယ်။ အဲဒီအဆိပ်မှိုတွေဟာ အာရုံကြောဆိုင်ရာ လက္ခဏာတွေကို ဖြစ်စေပြီး ကြက်သီးထတာမျိုး၊ အလိုလိုကြောက်ရွံ့တာမျိုးတွေကိုပါ ဖြစ်လာစေပါတယ်။

သိပ္ပံပညာရှင်တွေကတော့ သရဲခြောက်တယ်လို့ နာမည်ကျော်တဲ့ နေရာတွေ၊ အိမ်တွေဟာ အဆိုပါမှိုတွေကြောင့်ပါလို့ ခိုင်မာတဲ့ အထောက်ထားမျိုးပြနိုင်အောင် ယနေ့ချိန်ထိ ကြိုးစားနေဆဲပါ။

မှိုဟာ လူကို ထင်ယောင်ထင်မှား ဖြစ်စေနိုင်သလို ကာဗွန်မိုနောက်ဆိုဒ်ဆိုတဲ့ ဓာတ်ငွေ့ဟာလဲ လူ့စိတ်ထဲမှာ တကယ်မဟုတ်တာတွေကို တကယ်လို့ ထင်မြင်စေပါတယ်။ အဲသလို ထင်မြင်တာဟာ အဆိပ်ငွေ့သင့်ခံရလို့ပါပဲ။ အဲဒီဓာတ်ငွေ့ကို ရှူရှိုက်မိတဲ့အခါ အကြားအာရုံမှာ လေသံတိုးတိုးလို၊ ရယ်သံလိုလို စတဲ့ ချောက်ချားစရာ အသံတစ်မျိုးမျိုးကို ကြားလာရတဲ့အပြင် ခြေသံတွေ ကြားတာ၊ အရိပ်တွေ ဖြတ်ပြေးသလို မြင်တာ၊ ကျောထဲအထိ ချမ်းစိမ့်လာတာ စတာတွေကို ခံစားရ‌နိုင်ပါတယ်။ အဲ့လိုလက္ခဏာတွေကြောင့် သရဲခြောက်တယ်လို့ ထင်ပြီး ကြောက်လန့်တတ်ကြတာပါ

 သရဲဆိုတာတွေကို အမှန်တကယ် ကြုံဖူးသူဟာ ကမ္ဘာ့လူဦးရေ ဆယ်ပုံပုံရင် တစ်ပုံစာလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ပါးစပ်ရာဇဝင်တွေ၊ အယူအဆတွေ၊ ကိုးကွယ်ယုံကြည်မှုတွေကြောင့် လူတွေရဲ့ ကြောက်စိတ်ထဲမှာ သရဲဆိုတာက ဖြစ်တည်လာခဲ့တာပါ။ “Jack Frost” ကားကို ကြည့်တဲ့ သူဆို သိပါလိမ့်မယ်။ အဲဒီအထဲက နတ်သူငယ်တွေဟာ ယုံကြည်သူမရှိရင် မှေးမှိန် ပျောက်ကွယ်သွားရပါတယ်။ ဒီနည်းတူပဲ သရဲ၊ ပရလောက ဆိုတာဟာလဲ လူတွေရဲ့ ယုံကြည်မှု အယူအဆတွေကြောင့် ပိုခိုင်မာလာခဲ့တာပါ။ တချို့ညတွေဆို ကိုယ့်နောက်ကျောမှာ လူတစ်ယောက်က ကိုယ့်ကို စိုက်ကြည့်နေသလို ခံစားမိတာကို အခြားသူတစ်ယောက်ကို ပြောပြမိတဲ့အခါ အဲဒီလူက သူလဲ ဒီနည်းတူခံစားဖူးကြောင်း ထောက်ခံတဲ့အခါ ကိုယ့်စိတ်ထင်မှုတွေက ပိုခိုင်မာလာပြီး အမှန်တွေအဖြစ် ယုံကြည်လာပါတယ်။ အဲဒီကနေ မှောင်ရိပ်ထဲက သရဲဟာ ညအိပ်ရင် စိုက်ကြည့်နေပါတယ်ဆိုတဲ့ ယုံတမ်းတွေဟာ ပွားလာပြီး အမှန်လိုလို ဖြစ်လာတာပါ။

သရဲခြောက်တယ်၊ သရဲပါလို့ စိတ်ကို ထင်စေတဲ့အရာတစ်ခုကတော့ လေလို အခိုးအငွေ့တွေပါ။ အဲ့ဒီလို အခိုးငွေ့တွေဟာ မီးခိုးခေါင်းတိုင် (သို့) တံခါးကြားတွေထဲကနေ အိမ်ထဲ ဝင်လာတတ်ကြပါတယ်။ ဒါကြောင့် သရဲကားအများစုမှာ သရဲပေါ်မလာဖို့ ပြတင်းပေါက်တွေ လိုက်ပိတ်တာမျိုးတွေ လုပ်ပြကြတာပါ။ သရဲဟာ အခိုးအငွေ့  (gas) လို သဏ္ဌာန်ဆိုပြီးလဲ သုတေသီတွေက ဆိုထားပါသေးတယ်။

ဒါပေမဲ့ သရဲဟာ တကယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော်တို့ လူသားတွေဆိုတာ ကြောက်ရွံ့မှုကို ခုံမင်တတ်ကြပါတယ်။ ဒါကြောင့်လဲ Ghost Hunters, Supernatural စတဲ့ သဘာဝလွန်အစီစဉ်တွေကို ရိုက်ကူးတဲ့ show တွေ series တွေဟာ လူတွေကြားမှာ ခေတ်ကာလမရွေး အောင်မြင်နေကြတာပါ။ ကျွန်တော်တို့ ကြောက်ရွံ့မှုကို ခံစားမိတဲ့အခါမှာ အာရုံကြောတွေကနေ Dopamine ဆိုတဲ့ ဟော်မုန်းတစ်မျိုး အလွန်အမင်းထွက်လာတယ်လို့ အာရုံကြောဗေဒပညာရှင်တွေက ပြဋ္ဌာန်းထားကြပါတယ်။ အဲဒီဟော်မုန်းတွေဟာ ကြောက်ရွံ့မှုကို ပိုမိုခုံမင်စေပြီး အကြောက်တရားကို ပိုမိုပွားများစေပါတယ်။နောက်ထပ် Fact တစ်ခုကတော့ သရဲ၊ ပရလောကကို ယုံကြည်မှုဟာ နောက်ဘဝဆိုတဲ့ အရာကို ယုံကြည်ပြီး သေသူအတွက် စိတ်နှစ်သိမ့်မှုဖြစ်စေတယ်လို့လဲ တွေ့ရှိရပါတယ်။ နောက်ဘဝနဲ့ပတ်သက်ပြီးတော့ နောက်များမှာ အခါအခွင့်ကြုံရင် သေချာ ရှာဖွေပြီး ရေးပါအုံးမယ်လို့ ပြောရင်း ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါရ‌စေဗျ။

 

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

Article Credits

Written by Eris
Copy Editing Ingyin Khin 

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.