April 19, 2026 | မြန်မာ
Physics Explainer

အဟုန်နဲ့ အရွေ့စွမ်းအင် ဘာတွေကွာခြားသလဲ။ (Impulse-Momentum Theorem/တတိယပိုင်း)

သင်္ချာနည်းအရ ညီမျှခြင်းအရဆိုရင်တော့ အဟုန်ဟာ ဒြပ်ထုနဲ့ အလျင်ရဲ့ မြှောက်လဒ် (p=mv) ဖြစ်မယ်။ အရွေ့စွမ်းအင်ကတော့ ဒြပ်ထုနဲ့အလျင် ၂ ထပ်ကိန်းမြှောက်လဒ်ရဲ့တစ်ဝက် (K.E=1/2 mv²) ဖြစ်မယ်။ ဒါဟာ သူတို့ရဲ့ခြားနားချက်တွေပေါ့။ ဒါပေမဲ့ ရူပဗေဒဟာ သင်္ချာလုံးလုံးမဟုတ်တဲ့အတွက် သင်္ချာဆန်တဲ့အဖြေကို မလိုချင်ဘူး၊ ရူပဗေဒသဘောတရားစစ်စစ်ပါဝင်တဲ့အဖြေကိုပဲ လိုချင်တယ်၊ ဘာလုပ်မလဲ။ အဖြေကတော့ Impulse-Momentum Theorem…

Text size

သင်္ချာနည်းအရ ညီမျှခြင်းအရဆိုရင်တော့ အဟုန်ဟာ ဒြပ်ထုနဲ့ အလျင်ရဲ့ မြှောက်လဒ် (p=mv) ဖြစ်မယ်။ အရွေ့စွမ်းအင်ကတော့ ဒြပ်ထုနဲ့အလျင် ၂ ထပ်ကိန်းမြှောက်လဒ်ရဲ့တစ်ဝက် (K.E=1/2 mv²) ဖြစ်မယ်။ ဒါဟာ သူတို့ရဲ့ခြားနားချက်တွေပေါ့။

ဒါပေမဲ့ ရူပဗေဒဟာ သင်္ချာလုံးလုံးမဟုတ်တဲ့အတွက် သင်္ချာဆန်တဲ့အဖြေကို မလိုချင်ဘူး၊ ရူပဗေဒသဘောတရားစစ်စစ်ပါဝင်တဲ့အဖြေကိုပဲ လိုချင်တယ်၊ ဘာလုပ်မလဲ။ အဖြေကတော့ Impulse-Momentum Theorem နဲ့ Work-Energy Theorem ပါပဲ။

ဆိုပါစို့။ ဘော်လီဘောတစ်လုံးက ကျွန်တော်တို့ဆီ အတည့်အတိုင်း လာနေမယ်။ အဲ့ဒီဘော်လီဘောကို လက်နဲ့ဖမ်းယူမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ နောက်တစ်ခါ ခုနက ဘော်လီဘောထက် ၂ ဆလောက်ဒြပ်ထုကြီးပြီး အလျင်တစ်ဝက်ပဲရှိတဲ့ ဘော်လီဘောတစ်လုံးကို ခုနကလိုပဲ လက်နဲ့ဖမ်းယူမယ်ဆိုရင်‌ရော ဘယ်လိုခံစားရဦးမလဲ။ ဖြစ်ရပ်၂ ခုက ဘာတွေကွာခြားနေမလဲ။ ဖမ်းယူတဲ့အခါမှာရော လက်က ဘယ်လိုခံစားရမလဲ။

ဖြစ်ရပ်၂ ခုစလုံးမှာ ဘောလီဘောတွေရဲ့ အဟုန်ပမာဏက ထပ်တူညီနေပါတယ်။ အလျင်တစ်ဝက်နဲ့ ဒြပ်ထု၂ ဆဆိုတော့ အဟုန်ကိုတွက်ကြည့်ရင် ညီနေကြမှာပါ။ ဒါပေမဲ့ သူတို့မှာပါဝင်တဲ့ အရွေ့စွမ်းအင်ပမာဏကတော့ မတူညီကြပါဘူး။ 1/2 mv² ညီမျှခြင်းအရ အလျင်များတဲ့ကောင်က အရွေ့စွမ်းအင်သိသိသာသာ ပိုကြီးနေပါတယ်။ ဒီတော့ ရူပဗေဒနည်းအရ စဉ်းစားကြရပါမယ်။

Impulse-Momentum Theoremအရ ကျွန်တော်တို့အနေနဲ့ ဘော်လီဘောကို ဖမ်းယူတဲ့အခါ တူညီတဲ့ အားပမာဏ၊ တူညီတဲ့ Impulse ကို ခံစားရပါလိမ့်မယ်။ (J=p2-p1=Ft မဟုတ်လား။) ဒါပေမဲ့ သူတို့မှာ ပါဝင်လာတဲ့ အရွေ့စွမ်းအင်တွေအရ သူတို့အပေါ်ပြီးမြောက်တဲ့အလုပ်ပမာဏဟာ မတူညီနိုင်ပါဘူး။ အရွေ့စွမ်းအင်များတဲ့ဘော်လီဘောက ကျွန်တော်တို့အပေါ်ကို ပိုပြီးအလုပ်ပြီးမြောက်စေလိမ့်၊ ဖမ်းယူတဲ့အခါ အနောက်ဘက်ကို ပိုပြီးရွေ့သွားစေပါလိမ့်မယ်။ အရွေ့စွမ်းအင်နည်းတဲ့ဘော်လီဘောကတော့ များတဲ့ဘော်လီဘောလို တူညီတဲ့အားကိုသက်ရောက်တာဖြစ်ပေမဲ့ အလုပ်ပြီးမြောက်မှုကတော့ နည်းနေမှာဖြစ်ပြီး လူကို အနောက်ဘက်ဆီ နည်းနည်းလေးပဲ ရွေ့စေမှာပါ။ သူ့မှာအရွေ့စွမ်းအင်နည်းနည်းပဲရှိလို့ လူကို အလုပ်နည်းနည်းပဲပြီးမြောက်စေတာ သဘာဝပါပဲ။ ဆိုတော့ သီအိုရမ်အရ အဟုန်ဟာ Impulse သာဖြစ်ပြီး အရွေ့စွမ်းအင်ကတော့ အလုပ်ပြီးမြောက်မှုသာ ဖြစ်နေမယ်။ ဘောလီဘော၂ လုံးက အဟုန်တူလို့ Impulse တူ‌နေရင်တောင် ပါဝင်တဲ့အရွေ့စွမ်းအင်ပမာဏမတူညီတဲ့အတွက် အလုပ်ပြီးမြောက်မှုနှုန်း ကွဲပြားနေပါလိမ့်မယ်။

စာဖတ်သူအနေနဲ့ ဘော်လီဘော၂ လုံးထဲက တစ်လုံးကိုဖမ်းယူရမယ်ဆိုရင် ဒြပ်ထုကြီးပြီး နှေးတဲ့ကောင်ကို ဖမ်းယူမလား၊ ဒြပ်ထုသေးပြီး မြန်တဲ့ကောင်ကိုဖမ်းယူမလား စဉ်းစားကြည့်လို့ရပါတယ်။ ကျွန်တော်ကတော့ စွမ်းအင်နည်းရင်ထိခိုက်တာနည်းတာမလို့ ရူပဗေဒသမားပီပီ အလျင်နှေးနှေးဘော်လီဘောလုံးအကြီးကိုပဲ ရွေးချယ်ဖမ်းယူဖို့ စိတ်ကူးပါတယ်။

ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။

Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

Telegram – t.me/facthub_mm မှာလည်းဝင်ဖတ်နိုင်ပါတယ်။

 

 

Article Credits

Written by Julian Htet Aung
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.