May 10, 2026 | မြန်မာ
History Article

ဘောလုံးအားကစား ဒါမှမဟုတ် ယဉ်ကျေးမှုမဟုတ်တဲ့ ယဉ်ကျေးမှုတစ်ခု အပိုင်း (၃)

Click To Read Part 1 ,  Click To Read Part 2 ဘောလုံးစည်းမျဉ်းများနှင့် နည်းစနစ်များဆင့်ကဲတိုးတက်လာခြင်း _____________________________________________ လူကျွံဘောနှင့် အခြား နည်းနစ်များစတင်အသုံးပြုလာခြင်း ဘောလုံးကစားနည်းဟာ အချိန်နှင့်အမျှ သိသိသာသာ တိုးတက်ပြောင်းလဲလာပြီး သူ့ရဲ့ စည်းမျဉ်းတွေ၊ နည်းဗျူဟာတွေနဲ့အတူ ယနေ့ခေတ် ကစားတဲ့ပုံစံတွေကို ပုံဖော်ထားနိုင်ခဲ့ပါတယ်။ ဒီလို ဘောလုံးကစားနည်းဟာ ပိုပြီးရေပန်းစားလာခဲ့တာနှင့်အမျှ ကစားပွဲတွေကို ထိန်းချုပ်နိုင်ဖို့အတွက်…

The Football History Boys
Text size

Click To Read Part 1 ,  Click To Read Part 2

ဘောလုံးစည်းမျဉ်းများနှင့် နည်းစနစ်များဆင့်ကဲတိုးတက်လာခြင်း

_____________________________________________

လူကျွံဘောနှင့် အခြား နည်းနစ်များစတင်အသုံးပြုလာခြင်း

ဘောလုံးကစားနည်းဟာ အချိန်နှင့်အမျှ သိသိသာသာ တိုးတက်ပြောင်းလဲလာပြီး သူ့ရဲ့ စည်းမျဉ်းတွေ၊ နည်းဗျူဟာတွေနဲ့အတူ ယနေ့ခေတ် ကစားတဲ့ပုံစံတွေကို ပုံဖော်ထားနိုင်ခဲ့ပါတယ်။ ဒီလို ဘောလုံးကစားနည်းဟာ ပိုပြီးရေပန်းစားလာခဲ့တာနှင့်အမျှ ကစားပွဲတွေကို ထိန်းချုပ်နိုင်ဖို့အတွက် စည်းမျဉ်းအသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ထဲကတစ်ခုကတော့ လူကျွံဘောစည်းမျဉ်းဖြစ်ပြီးတော့ ၁၈၆၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီစည်းမျဉ်းက တော့ တစ်ဖက်အသင်းရဲ့တိုက်စစ်မှူးက နောက်တစ်သင်းရဲ့ ခံစစ်ကစားသမားတွေကိုကျော်ပြီး ပြိုင်ဖက်အသင်းဧရိယာအနားမှာ ဘောလုံးရရှိဖို့ စောင့်နေခြင်းကိုတားဆီးဖို့၊ တိုက်စစ်ကစားသမားတွေကို ဘောလုံးအနောက်မှာရှိနေဖို့နဲ့ တစ်ဖက်အသင်းဂိုးနဲ့ မနီးကပ်စေရန်အတွက် အခရာကျတဲ့ စည်းမျဉ်းတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ထပ်ထင်ရှားတဲ့ တိုးတက်မှုတွေကတော့ ဘောလုံးပေးပို့တဲ့ နည်းစနစ်တွေနဲ့ Team play တွေအပေါ်မှာ အဓိကအသားပေးဆော့ကစားတဲ့နည်းစနစ်ဖြစ်ပြီး ကွင်းထဲမှာ ပိုမိုလျင်မြန်ထိရောက်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ ဒီနည်းဗျူဟာကိုတော့ ၁၉ ရာစုနှောင်းပိုင်းလောက်မှာ စကော့တလန်အသင်းတစ်သင်းဖြစ်တဲ့ Queen’s Park ကနေပထမဆုံးအသုံးပြုခဲ့ပြီး ဥရောပမှာအလျင်အမြန်ပဲရေပန်းစားလာခဲ့ပါတယ်။ အဲဒီနောက်မှာ ကစားသမားတွေဟာ သူတို့ရဲ့ တစ်ဦးချင်းစွမ်းရည်တွေကိုစတင်အသုံးပြုလာကြပြီး ပြိုင်ဘက်တွေကိုကျော်ဖြတ်ဖို့အတွက် Dribbling ( ဘောလုံးဆွဲပြေးခြင်း ) ကလည်း အရေးပါတဲ့ နည်းဗျူဟာတစ်ခုဖြစ်လာခဲ့ပါတယ်။ ပီလီ၊ မာရာဒိုနာတို့လိုကစားသမားတွေက သူတို့တွေရဲ့ထူခြားတဲ့ Dribbling Skill တွေနဲ့ကစားဟန်တွေကြောင့် နာမည်ကြီးလာခဲ့ကြပြီး တောင်အမေရိကတိုက်ဘက်ခြမ်းမှာ တော်တော်လေးရေပန်းစားလာခဲ့ပါတယ်။

_____________________________________________

ကစားကွက်အသစ်များနှင့် နည်းစနစ်ပိုင်းဆိုင်ရာတီထွင်မှုများပေါ်ပေါက်လာခြင်း

ဘောလုံးကစားနည်းဟာ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းတွေမှာလည်း ဆက်လက်တိုးတက်နေတာဖြစ်တာကြောင့် ကွင်းအတွင်းမှာ အသင်းတွေအသုံးပြုတဲ့နည်းဗျူဟာတွေလည်းတိုးတက်လာခဲ့ကြပါတယ်။ အဲဒီအချိန်မှာအဓိကဖွံ့ဖြိုးတိုးတက်မှုတစ်ခုကတော့ မတူညီတဲ့ ကစားကွက်တွေ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ဒါမျိုးတွေမပေါ်လာခင်အချိန်က အသင်းတွေဟာကစားသမားတွေအားလုံးကို မျဉ်းဖြောင့်အတိုင်းပဲနေရာချထားကြပြီး နေရာအနည်းငယ်သာကွဲပြားမှုရှိခဲ့ကြပါတယ်။ ဒါပေမယ့် မကြာခင်မှာ အသင်းတွေဟာ မတူညီတဲ့ ကစားကွက်တွေကို စမ်းသပ်အသုံးပြုလာကြပါတော့တယ်။ ကစားကွက်တွေ‌ထဲက အစောဆုံးတစ်ခုကတော့ 2-3-5  ကစားကွက်ဖြစ်ပြီးတော့ ခံစစ်နှစ်ယောက်၊ ကွင်းလယ်သုံးယောက်နဲ့ တိုက်စစ်ကစားသမားငါးယောက်ပါ၀င်တဲ့ကစားကွက်ဖြစ်ပြီး ဒီကစားကွက်ဟာ တိုက်စစ်ကစားပုံပိုကောင်းစေခဲ့သော်လည်း ခံစစ်အနေနဲ့ တန်ပြန်တိုက်စစ်ကိုခံနိုင်ဖို့အတွက် အခက်ခဲရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အသင်းတွေက ပိရမစ်ပုံစံကစားကွက်တွေလို မတူညီတဲ့ ပုံစံတွေကိုဆက်လက်စမ်းသပ်လာခဲ့ကြပါတယ်။ နည်းဗျူဟာတွေက ပိုပြီးတိုးတက်ဖွံ့ဖြိုးလာတာနှင့်အမျှ Pressing ကစားနည်းတွေနဲ့ Counter Pressing တွေလိုမျိုး ပိုပြီးရှုပ်ထွေးတဲ့ နည်းဗျူဟာတွေကို ကျင့်သုံးလာကြပါတယ်။ ဒီကစားနည်းတွေမှာဆိုရင် အဖွဲ့လိုက် လုပ်ဆောင်ချက်တွေနဲ့ ပေါင်းစပ်ကစားနိုင်မှုတွေအပေါ်မှာမူတည်ပြီး ကစားသမား‌ေတွက ဘောလုံးဆုံးရှုံးသွားတဲ့အခါမှာ ဘောလုံးကို Recovery ပြန်လုပ်ဖို့နဲ့  ပြန်လည်တိုက်စစ်ဆင်ဖို့အတွက် အတူတကွလုပ်ဆောင်ကြရပါတယ်။ ယခုနောက်ပိုင်းနှစ်တွေမှာတော့ အသင်းတွေက ဘောလုံးကိုင်ကစားနိုင်ဖို့ တစ်ဖက်အသင်းရဲ့ ခံစစ်ကြောင်းကို ဖြိုခွဲနိုင်ဖို့အတွက် Dribbling တွေနဲ့ ဘောလုံးကိုင်ကစားခြင်းတွေအပေါ်မှာ ပိုပြီးအာရုံစိုက်လာကြပါတယ်။ ဒီလိုနဲ့ပဲ ကွင်းလယ်မှာ ပိုပြီးထိန်းချုပ်နိုင်ပြီး Flexible ဖြစ်တဲ့ 4-3-3 နဲ့ 4-2-3-1 ကစားကွက်တွေဟာ ပိုပြီးအသုံးများတဲ့ ကစားကွက်တွေဖြစ်လာပါတော့တယ်။

______________________________________________

လူစားလဲခြင်း၊ ပင်နယ်တီနှင့် အခြားစည်းမျဉ်း‌ပြောင်းလဲမှုများ

လူစားလဲခြင်းတွေကို ၁၉၅၈ ခုနှစ်မှာ စတင်ခွင့်ပြုခဲ့ပြီး တစ်ပွဲကို တစ်ကြိမ်သာ လူစားလဲခွင့်ပြုခဲ့ပါတယ် အဲဒီနောက်ပိုင်း ၁၉၆၅ ခုနှစ်နဲ့ ၁၉၉၄ ခုနှစ်တွေမှာတော့ နှစ်ယောက်မှ သုံးယောက်အထိ တိုးမြှင့်ပေးခဲ့ပါတယ်။ လူစားလဲမှုတွေက အသင်းရဲ့ကစားပုံကို လန်းလန်းဆန်းရှိစေဖို့၊ တိုက်စစ်မြင့်တင်ဖို့ ဒါမှမဟုတ် ခံစစ်မှာမြှင့်တင်ဖို့တွေကိုအသုံးပြုတဲ့အပြင် ဒဏ်ရာရကစားသမားတွေကို အစားထိုးဖို့အတွက်လည်း မကြာခဏအသုံးပြုရပါတယ်။

ပင်နယ်တီကန်ခြင်းတွေကိုတော့ ၁၈၉၀ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ မူလစည်းမျဉ်းမှာတော့ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ကစားသမားကို ကွင်းတွင်းကနေထုတ်ပယ်ခဲ့ကြပေမယ့်  ဒီလိုလုပ်ခြင်းက အသင်းတွေအတွက် အထိနာစေပါတယ်။ ပင်နယ်တီကန်ရတဲ့နေရာက ဂိုးစည်းကနေ ၁၂ ကိုက်အကွာမှာရှိပြီးတော့ ဘောလုံးမကန်မချင်း ဂိုးသမားက ဂိုးစည်းပေါ်မှာရှိနေရမှာပါ။ နှစ်တွေတစ်လျှောက်မှာ အခြားစည်းမျဉ်းပြောင်းလဲမှုအဖြစ် ဒိုင်လူကြီးတွေကို ကွင်းအတွင်းမှာ ကစားသမားတွေရဲ့အပြုအမူတွေကို ပိုပြီး ထိထိရောက်ရောက် ပြစ်ဒဏ်ပေးနိုင်ဖို့အတွက် အဝါကတ် နှင့် အနီကတ်တွေကို ၁၉၇၀ ခုနှစ်မှာ စပြီး မိတ်ဆက်ခဲ့ပြီး သမိုင်းမှာ အလွန်အသုံးဝင်တဲ့ စည်းမျဉ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Back-Pass စည်းမျဉ်းဆိုတာကတော့ အသင်းဖော်က ပြန်ပေးပို့လိုက်တဲ့ ဘောလုံးကို ဂိုးသမားတွေက ပြန်ကောက်ယူခြင်းကိုတားဆီးခဲ့ပြီး တိုက်စစ်ကစားပုံကို ပိုပြီး အားပေးခဲ့ပါတယ်။

မကြာသေးတဲ့နှစ်တွေအတွင်း ဘောလုံးပွဲတွေမှာ နည်းပညာအသုံးပြုမှုတွေများပြားလာတာကို တွေ့ရပါတယ်။ ကွင်းတွင်းမှာတင် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အမှားအချို့ကို ပြန်လည်သုံးသပ်နိုင်ဖို့အတွက် ထိပ်တန်းအဆင့်ပြိုင်ပွဲများစွာမှာ ဗီဒီယို အကူဒိုင်လူကြီး ( VAR ) ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီလိုပဲ ဂိုးစည်းနည်းပညာဟာလည်း ဂိုးစည်းကို ဘောလုံးဖြတ်ကျော်သွားခြင်းရှိ၊ မရှိ‌စတဲ့ ဆုံးဖြတ်ဖို့ခက်ခဲတဲ့ ဂိုးတွေကို လွယ်လွယ်ကူကူ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘောလုံးပွဲဆိုတဲ့ အထဲမှာ ရသပေါင်းစုံပါနေတာဖြစ်လို့ ဒီလိုနည်းပညာအသုံးပြုတယ်ဆိုတာ ပွဲတစ်ပွဲရဲ့ ပျော်ခြင်း၊ ဒေါသထွက်ခြင်းတွေလို ရသတွေကို ပျောက်ဆုံးစေတယ်ဆိုပြီးဝေဖန်ကြသူတွေလည်းရှိနေပါသေးတယ်။

______________________________________________

ပထမဆုံးနိုင်ငံတကာပွဲစဉ်နှင့် အဓိကပြိုင်ပွဲကြီးများ

ဘောလုံးကစားနည်းဟာ ရာစုနှစ်တစ်ခုကျော်လောက်အထိ ကမ္ဘာပေါ်မှာ ရေပန်းစားနေခဲ့တဲ့ အားကစားတစ်ခုဖြစ်ပြီးတော့ မှတ်တိုင်များစွာလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီလိုပြိုင်ပွဲတွေထဲက တစ်ခုအနေနဲ့ ၁၈၇၂ ခုနှစ်မှာ စကော့တလန်နှင့် အင်္ဂလန်တို့ကြား ပထမဆုံး နိုင်ငံတကာပွဲကိုကျင်းပခဲ့ပြီး ဒီပွဲဟာ ဘောလုံးလောကဖွင့်ဖြိုးရေးအတွက် အဓိက မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ နိုင်ငံအသင်းများအကြား နိုင်ငံတကာပွဲတွေ ဆက်တိုက်ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတကာ ဘောလုံးအဖွဲ့အစည်း တွေကိုလည်း ထူထောင်နိုင်ခဲ့ပါတယ်။ ၁၉၀၄ ခုနှစ်မှာ ဖီဖာ ( Fedration Internationale de Football Association) ကို နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်အဖြစ်တည်ထောင်ခဲ့ပါတယ်။ ဒီအဖွဲ့အစည်းကနေပဲ ဥရုဂွေးနိုင်ငံမှာ ၁၉၃၀ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အားကစားပွဲတစ်ခုဖြစ်လာခဲ့ပြီးတော့ ဘီလီယံနဲ့ချီတဲ့လူတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လေးနှစ်တစ်ခါကြည့်ရှု့ဖို့အတွက် ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြပါတယ်။ ဒီပြိုင်ပွဲတွေဟာ နိုင်ငံတွေအတွက် ဂုဏ်ယူစရာအရာတစ်ခုဖြစ်လာပြီးတော့ ကစား‌သမားတွေကလည်း နိုင်ငံတကာစင်မြင့်ထက်မှာ သူတို့ရဲ့ စွမ်းရည်တွေကို ပြသနိုင်တဲ့ အကြီးမားဆုံးသော အခွင့်အရေးလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြင်၊ UEFA Champion League တို့လို စိတ်၀င်စားမှုအများဆုံး ပြိုင်ပွဲများစွာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ ​ပထမဆုံး နိုင်ငံတကာပွဲတွေ၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့ တခြား နိုင်ငံတကာပြိုင်ပွဲကြီးတွေ ထွန်းကားလာမှုဟာ ကမ္ဘာလုံးဆိုင်ရာ အားကစားတစ်ခုအနေရော ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးမှာပါ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဒီပွဲတွေကပဲ ဘောလုံးလောကရဲ့အလှတရားနှင့် စည်းလုံးညီညွတ်မှုတွေကို ဖန်တီးပေးထားပြီး ကမ္ဘာတစ်ဝှမ်းကလူတွေကို စုစည်းပေးထားနိုင်တဲ့အားကစားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.