May 20, 2026 | မြန်မာ
History Article

ဘောလုံးအားကစား ဒါမှမဟုတ် ယဉ်ကျေးမှုမဟုတ်တဲ့ ယဉ်ကျေးမှုတစ်ခု

လက်ရှိအချိန်မှာ ကမ္ဘာပေါ်က အထင်ရှားဆုံး အားကစားကို ပြောပါဆိုရင် ဘောလုံးအားကစားကို ထိပ်ဆုံးက ပြေးမြင်ကြမှာ မလွဲဧကန်ပါပဲ။ ဒီအခန်းဆက်ဆောင်းပါးမှာတော့ ကျွန်တော်တို့ အားလုံးနဲ့ ရင်းနှီးကြတဲ့ ဘောလုံးအားကစားရဲ့ မူလဇာစ်မြစ်နဲ့အတူ ဘယ်လိုပေါ်ပေါက်လာတာလဲ၊ ကမ္ဘာလုံးဆိုင်ရာ အားကစားတစ်ခုအနေနဲ့၊ ယဉ်ကျေးမှုတစ်ခုအနေနဲ့ ဘယ်လိုအရေးပါအရာရောက်တဲ့ ကဏ္ဍတစ်ခုမှာ တည်ရှိနေလဲဆိုတဲ့ အကြောင်းအရာတွေအပေါ် ဆွေးနွေးကြည့်ကြရအောင်ပါ။ ဘောလုံးရဲ့ဇာစ်မြစ်နှင့် အစောပိုင်းတိုးတက်မှုများ သိကြတဲ့အတိုင်း ဘောလုံးဆိုတာ…

The Football History Boys
Text size

လက်ရှိအချိန်မှာ ကမ္ဘာပေါ်က အထင်ရှားဆုံး အားကစားကို ပြောပါဆိုရင် ဘောလုံးအားကစားကို ထိပ်ဆုံးက ပြေးမြင်ကြမှာ မလွဲဧကန်ပါပဲ။

ဒီအခန်းဆက်ဆောင်းပါးမှာတော့ ကျွန်တော်တို့ အားလုံးနဲ့ ရင်းနှီးကြတဲ့ ဘောလုံးအားကစားရဲ့ မူလဇာစ်မြစ်နဲ့အတူ ဘယ်လိုပေါ်ပေါက်လာတာလဲ၊ ကမ္ဘာလုံးဆိုင်ရာ အားကစားတစ်ခုအနေနဲ့၊ ယဉ်ကျေးမှုတစ်ခုအနေနဲ့ ဘယ်လိုအရေးပါအရာရောက်တဲ့ ကဏ္ဍတစ်ခုမှာ တည်ရှိနေလဲဆိုတဲ့ အကြောင်းအရာတွေအပေါ် ဆွေးနွေးကြည့်ကြရအောင်ပါ။


ဘောလုံးရဲ့ဇာစ်မြစ်နှင့် အစောပိုင်းတိုးတက်မှုများ

သိကြတဲ့အတိုင်း ဘောလုံးဆိုတာ ကမ္ဘာ့နေရာအနှံ့အပြားမှာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက ကြွယ်၀တဲ့သမိုင်းကြောင်းတွေနဲ့အတူပေါ်ပေါက်လာခဲ့တဲ့ အားကစားနည်းတစ်ခုဖြစ်ပါတယ်။ ဘောလုံးရဲ့ မူလဇာစ်မြစ်ကို အတိအကျဖော်ပြနိုင်ဖို့အတွက် ခက်ခဲတယ်ဆိုပေမယ့် ကစားနည်းရဲ့ အစောဆုံးပုံစံတွေအဖြစ် တရုတ်၊ ဂရိနဲ့ ရောမတို့ရဲ့ ရှေးခေတ်ယဉ်ကျေးမှုတွေကနေ ခြေရာခံနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ လက်ရှိသိရှိနေကြတဲ့ မော်ဒန်ဘောလုံးကစားနည်းပုံစံက ၁၉ ရာစုကမှ အင်္ဂလန်မှာ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ကလပ်အသင်းတွေကနေ ဒီဘောလုံးကစားနည်းအတွက် ကိုယ်ပိုင်စည်းမျဉ်း၊ စည်းကမ်းတွေကို စတင်ပြီးရေးစွဲခဲ့ကြပါတယ်။ ဘောလုံးလောကရဲ့ အစောပိုင်းကာလ ဖွံ့ဖြိုးတိုးတက်မှုတွေထဲမှာမှ အထင်ရှားဆုံးကတော့ ၁၈၆၃ ခုနှစ်မှာ The Football Association (FA) ဖွဲ့စည်းခဲ​့ခြင်းဖြစ်ပါတယ်။

FA အနေနဲ့ ဘောလုံးကစားတဲ့နေရာမှာ လိုအပ်တဲ့ စည်းများတွေကိုဖန်တီးဖို့အတွက် တာ၀န်ရှိပြီး အခြားလိုအပ်တဲ့ ဖွဲ့စည်းမှုတွေကို ယူဆောင်လာပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဘောလုံးကစားနည်း ရေပန်းစားလာတာနှင့်အမျှ အင်္ဂလန်နိုင်ငံအနှံ့အပြားကိုပျံ့နှံ့လာပြီး မကြာခင်မှာပဲ ဥရောပနှင့် တောင်အမေရိကမှာရှိတဲ့ နိုင်ငံများကပါ ဆော့ကစားလာခဲ့ကြပါတယ်။

အားကစားတစ်ခုအပြင် ယဉ်ကျေးမှုတစ်ခုအနေနဲ့ပါ အရေးပါမှု

ကွဲပြားတဲ့ လူမျိုးတွေနဲ့ နောက်ခံအခြေအနေမျိုးစုံက လူပေါင်းစုံ အတူတကွဆော့ကစားလာကြတာကြောင့်ပဲ ဘောလုံးကစားခြင်းရဲ့ အရေးပါမှုတွေဟာ ကွင်းတွင်းကစားပွဲတစ်ခုထက်အများကြီးပိုပြီးအဓိပ္ပာယ်ရှိလာပါတယ်။ ဘောလုံးကစားခြင်းက ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းသာမကဘဲ စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် အဖွဲ့လိုက်လုပ်ဆောင်ခြင်းတွေ တိုးတက်လာစေဖို့ပါ ကူညီပေးနိုင်ပါတယ်။ ဘောလုံးသမားများစွာအတွက် ဘောလုံးကစားခြင်းဆိုတာဟာ အားကစားတစ်ခုတည်းသာမကဘဲ တစ်ဦးချင်းဆီအတွက် အရေးပါတဲ့ ဘ၀နေထိုင်မှုပုံစံပါရှိနေပါတယ်။ ဒါကြောင့်လည်း ဘောလုံးကစားခြင်းဟာ ယဉ်ကျေးမှုအများအပြားအတွက် မရှိမဖြစ် ကဏ္ဍတစ်ခုလည်း ဖြစ်လာခဲ့ပါတော့တယ်။ ဘား ဒါမှမဟုတ် မြို့ရင်ပြင်တွေလို လူအများနေရာတွေမှာ စုရုံးပြီး ဘောလုံးပွဲတွေကို အတူတကွကြည့်ရှုကြတယ်ဆိုတာ အခုချိန်မှာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ကမ္ဘာပေါ်မှာအကြီးကျယ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက နိုင်ငံပေါင်းစုံအတွက် စည်းလုံးညီညွတ်မှုနဲ့ ကွဲပြားမှုတွေကိုပေါင်းစည်းပေးနိုင်ခဲ့ပါတယ်။ ပရိသတ်အချင်းချင်းကြားမှာ အငြင်းပွားမှုတွေရှိတယ်ဆိုပေမယ့်လည်း မူရင်းအဓိကရည်ရွယ်ချက်ကိုတော့ ပပျောက်စေနိုင်မှာမဟုတ်ပါဘူး။ တစ်ခါတလေမှာ ပြိုင်ဆိုင်မှုပြင်းထန်ခြင်းတွေကိုကြည့်ရှု့ရခြင်းကပဲ ပရိသတ်တွေအတွက် ပိုပြီး စိတ်၀င်စားစရာကောင်းနေပါသေးတယ်။ ဒါတွေအပြင် ဘောလုံးအားကစားက Trend တွေမှာလည်း သိသိသာသာ သက်ရောက်မှုရှိပါတယ်။ ဘောလုံးကစားသမားအများအပြားက ဆိုရှယ်မီဒီယာတွေ၊ ဖက်ရှင်ဒီဇိုင်းတွေနဲ့ Trend တွေအပြင် ရုပ်ရှင်လောကအထိကို လွှမ်းမိုးမှုကြီးမားလာကြပါတယ်။ ဘောလုံးလုပ်ငန်းရဲ့ တန်ကြေးဟာ ဒေါ်လာဘီလီယံပေါင်းများစွာရှိတာကြောင့် ကြီးမားတဲ့၀င်ငွေရင်းမြစ်တစ်ခုလည်းဖြစ်လာပါတယ်။ သူ့ရဲ့ သက်ရောက်မှုဟာ အားကစားနယ်ပယ်ရဲ့အပြင်ဘက်ကိုပါပျံ့နှံ့လာပြီး ယဉ်ကျေးမှုဖလှယ်ခြင်းတွေကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ ဒါတွေကြောင့်ပဲ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူပေါင်းများစွာကို စွဲဆောင်နိုင်ခဲ့ပြီး ကမ္ဘာကြီးရဲ့ထင်ရှားတဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်လာခဲ့ပါတော့တယ်။

ဘောလုံးကစားနည်းရဲ့ အစောပိုင်းသမိုင်းကြောင်းနဲ့ ခေတ်စားလာခဲ့ပုံကိုတော့ ဆောင်းပါးရဲ့ ဒုတိယပိုင်းမှာ ဆက်လက်မျှဝေပေးပါ့မယ်။   Click To Read Part 2

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.