ဘောလုံးကစားနည်း၏အစောပိုင်းသမိုင်းကြောင်း
___________________________________________________
ရှေးခေတ်ဘောလုံးကစားနည်းနှင့် အလယ်ဥရောပ
မော်ဒန်ဘောလုံးကစားနည်းဟာ လက်ရှိမှာ ကလေးကအစသိနေပြီဆိုပေမယ့် ဘောလုံးရဲ့ မူလအစကိုသိဖို့ဆိုရင်တော့ အလယ်ခေတ်ဥရောပကိုပြန်လည်လေ့လာကြည့်ရပါမယ်။ တရုတ်၊ ဂရိနဲ့ ရောမတို့ရဲ့ ရှေးခေတ်ယဉ်ကျေးမှုခေတ်ကနေစတင်ခဲ့ပြီး အဲဒီကစားနည်းကိုပဲ ဂျပန်မှာကစားခဲ့ကြပါတယ်။ ဒါပေမယ့် Kemari လို့အမည်ရှိတဲ့ ဂျပန်နိုင်ငံရဲ့ကစားနည်းဟာ ဘောလုံးကိုမြေပြင်ပေါ်ကိုမထိအောင် လေထဲမှာကစားခဲ့ကြတာပါ။ အလယ်ခေတ်ဥရောပမှာတော့ ဘောလုံးကစားနည်းမျိုးစုံကို ရွာတွေ ဒါမှမဟုတ် မြို့တွေအလိုက် အချင်းချင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကစားသမားအများအပြားနဲ့ စည်းမျဉ်းအနည်းငယ်သာပါ၀င်ခဲ့ပါတယ်။ Mob football နဲ့ Folk football တို့လိုကစားနည်းအမျိုးမျိုးကိုဆော့ကစားခဲ့ကြပါသေးတယ်။ အဲဒီခေတ်ရဲ့ ဘောလုံးကစားနည်းတွေဟာ ယနေ့ခေတ် ကစားနည်းတွေနဲ့ယှဥ္မယ်ဆိုရင် ကြီးကြီးမားမားကွာခြားမှုတွေရှိတယ်ဆိုပေမယ့် ယနေ့ခေတ်ဘောလုံးကစားနည်းတွေ တိုးတက်မှုအတွက် အုတ်မြစ်ချပေးနိုင်ခဲ့ပါတယ်။ ထိုခေတ်မှာဆိုရင် စည်းမျဉ်းကန့်သက်ချက်တွေ အတော်လေးနည်းပါးပြီး ကြမ်းတမ်းတဲ့ ကစားနည်းတွေလည်း ကိုယ်စီရှိကြပါတယ်။ နေရာဒေသအပေါ်လိုက်ပြီး ကစားနည်းစနစ်တွေနဲ့ စည်းမျဥ်းတွေအမျိုးမျိုးလည်းပေါ်ထွက်ခဲ့ပါတယ်။ ဆင့်ကဲပြောင်းလဲမှုတွေရဲ့ နောက်ထပ်တစ်ဆင့်မှာတော့ စံသတ်မှတ်ထားတဲ့ စည်းမျဉ်တွေ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ၁၉ ရာစုအလယ်ပိုင်းလောက်မှာ Cambridge တက္ကသိုလ်ကနေ ယခုခေတ်စည်းမျဉ်းတွေရဲ့ အစ စည်းမျဉ်း၊စည်းကမ်းတွေကို ပထမဆုံးဖန်တီးခဲ့ပါတယ်။ ဒီစည်းမျဉ်းတွေကို မွမ်းမံပြီးတော့ နောက်ထပ် အသစ်တွေကို ရေးဆွဲခဲ့ပြီး ၁၈၆၃ ခုနှစ် မှာတော့ Football Association ( FA ) ကိုတည်ထောင်နိုင်ခဲ့ပါတယ်။ FA အနေနဲ့ ကစားပွဲတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချမှတ်တဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေပါ၀င်ခဲ့ပြီး မျှတမှုရှိစေဖို့အတွက် ကူညီပေးနိုင်ခဲ့ပါတယ်။
_____________________________________________________
စနစ်တကျရေးဆွဲထားသော စည်းမျဉ်းများနှင့် ပထမဆုံးကျင်းပခဲ့သော ကစားပွဲများ
စံချိန်စံညွှန်းတစ်ခုရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ်ပေါက်လာပြီးနောက် ပထမဆုံးစီစဉ်နိုင်ခဲ့တဲ့ပွဲဟာ ခေတ်မီဘောလုံးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေပါ၀င်ခဲ့ပါတယ်။ ဒီစည်းမျဉ်းတွေမချမှတ်ခင်မှာဆိုရင် တည်နေရာနဲ့ ယဉ်ကျေးမှုတွေအပေါ်လိုက်ပြီး စည်းမျဉ်း၊ စည်းကမ်းအမျိုးမျိုးနဲ့ကစားခဲ့တာတွေကြောင့် အသင်းအချင်းချင်းပြိုင်ဆိုင်ဖို့ရန်အတွက် ခက်ခဲစေခဲ့ပါတယ်။ ဘောလုံးစည်းမျဉ်းတွေကိုတသမတ်တည်း စံချိန်စံညွှန်းသတ်မှတ်ဖို့အတွက် အစောဆုံးကြိုးပမ်းမှုတစ်ခုအဖြစ် အင်္ဂလန်နိုင်ငံ Cambridge တက္ကသိုလ်ကနေ Cambridge Rules ဆိုပြီး ၁၈၄၈ ခုနှစ်မှာပေါ်ထွက်လာခဲ့ပါတယ်။ ဒီစည်းမျဥ်းတွေထဲမှာ ဂိမ်းကိုဘယ်လိုကစားရမယ်ဆိုတာကို ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေနှင့် အတူ စနစ်တကျဖွဲ့စည်းထားတဲ့ ကစားနည်းတစ်ခုဖြစ်လာစေဖို့အတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။ FA ကိုစတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းမှာ အသင်းအားလုံးအတွက် အသုံးပြုမယ့် စည်းမျဉ်းတစ်ခုတည်းကိုဖန်တီးနိုင်ခဲ့ပြီး ပထမဆုံးတရား၀င်ဘောလုံးပွဲကိုလည်းစတင်နိုင်ခဲ့ပါတယ်။
FA ရဲ့ မှတ်တမ်းတွေအရ ပထမဆုံးတရား၀င်ဘောလုံးပွဲကို လန်ဒန်ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ Barnes နဲ့ Richmond အသင်းတို့ကြား ၁၈၆၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကစားခဲ့ကြပါတယ်။ ဒီပွဲဟာ 0-0 နှစ်သင်းလုံးဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့တယ်ဆိုပေမယ့် ယနေ့ကျနော်တို့သိထားကြတဲ့ ဘောလုံးပွဲတွေရဲ့ သင်္ကေတတစ်ခုဖြစ်တာကြောင့် ဘောလုံးသမိုင်းမှာ အရေးပါတဲ့ အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ထိုစည်းမျဉ်းတွေအောက်မှာပဲ တရား၀င်ပွဲများစွာ ကျင်းပနိုင်ခဲ့ပြီး ဘောလုံးလောကမှာလည်း ဒီစည်းမျဉ်းတွေကရေပန်းစားလာခဲ့ပါတယ်။
_____________________________________________________
အင်္ဂလန်မှာ ဘောလုံးပျံ့နှံ့မှုနှင့် FA ကိုပထမဆုံးဖွဲ့စည်းခြင်း။
ဘောလုံးရဲ့ရေပန်းစားမှုတွေဟာ အင်္ဂလန်မှာ လျင်လျင်မြန်မြန်ပဲကြီးထွားလာခဲ့ပြီး FA လည်း ပေါ်ပေါက်လာခဲ့ပါတယ် ဒီလိုပေါ်ပေါက်လာခြင်းက စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်ထင်ရှားစေခဲ့ပါတယ်။ ၁၈၆၃ ခုနှစ်မှာ တရား၀င်စည်းမျဉ်းတွေကို ဖန်တီးခဲ့ပြီးတဲ့နောက်မှာတော့ အင်္ဂလန်နိုင်ငံတစ်ဝှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာခဲ့ပါတယ်။ ဒီစည်းမျဉ်းတွေမှာ ဘဲဥပုံသဏ္ဍာန်ရှိတဲ့ဘောလုံးတွေအစား အဝိုင်းဘောလုံးတွေကိုအသုံးပြုရန်၊ ဘောလုံးကို ပြန်လည်သယ်ဆောင်ခြင်းကိုတားမြစ်ဖို့အတွက်နဲ့ တိပ်တွေနဲ့ တားတဲ့အစား ဂိုးတိုင်တွေကိုအစားထိုးအသုံးပြုခြင်းတွေကဲ့သို့ ပြောင်းလဲမှုတွေအများအပြားပါ၀င်ခဲ့ပါတယ်။ စည်းမျဉ်းအသစ်တွေဟာ ပိုရှင်းလင်းလာပြီး စိတ်လှုပ်ရှားစရာကောင်းလာတာနှင့်အမျှ ကြည့်ရှုသူနဲ့ မီဒီယာတွေလည်းပေါ်ပေါက်လာပါတော့တယ်။ FA ကနေစီစဉ်တဲ့ ပထမဆုံးဘောလုံးပွဲမှာအသုံးပြုခဲ့တဲ့ စည်းမျဉ်းအသစ်တွေဟာ ယနေ့ခေတ်လို စနစ်တကျဖွဲ့စည်းထားတဲ့ ဘောလုံးပွဲတွေ၊ လိဂ်တွေနဲ့ ပြိုင်ပွဲတွေ တည်ထောက်ခြင်းရဲ့ အစကို အမှတ်အသားပြုနိုင်ခဲ့ပါတယ်။ ၁၈၇၁ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ FA Cup ဟာ အင်္ဂလန်နိုင်ငံရဲ့အထင်ရှားဆုံး ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်လာခဲ့ပြီးတော့ ဗြိတိန်ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ ၁၈၈၈ ခုနှစ်မှာ အင်္ဂလိပ်ဘောလုံးလိဂ် (ယခုပရီးမီးယားလိဂ်) ကိုစတင်ဖွဲ့စည်းခြင်းက အင်္ဂလန်နိုင်ငံမှ ပရော်ဖက်ရှင်နယ်ဘောလုံးလောကရဲ့ ခေတ်သစ်တစ်ခုလည်းဖြစ်ခဲ့ပြီးအဓိကအားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေမှာပါ အကြောင်းပြချက်ပိုမိုခိုင်မာစေခဲ့ပါတယ်။
ဘောလုံးစည်းမျဉ်းတွေနှင့် နည်းစနစ်တွေဆင့်ကဲတိုးတက်လာတာတွေနဲ့ ပတ်သက်လို့ တတိယအပိုင်းမှာ ဆက်လက်ဖော်ပြပေးပါ့မယ်။ Click To Read Part 3