May 10, 2026 | မြန်မာ
All Events
Event Online Past Event

Artemis II လကမ္ဘာခရီးစဉ် တိုက်ရိုက်ထုတ်လွှင့်မှု (Lunar Flyby)

Date Wednesday, April 1, 2026
End Date Sunday, April 12, 2026
Time 11:30 PM
LIVE · Artemis II Splashdown နောက်ဆုံး —
ဧပြီ ၁၁ ရက် · Splashdown Day

LIVE NOW Pacific Ocean တွင် Splashdown — NASA YouTube/ABC News မှ တိုက်ရိုက်ကြည့်နိုင်ပါသည်။

Pacific Ocean, San Diego ကမ်းလွန် · အပ်ဒိတ်များအတွက် refresh လုပ်ပါ
MISSION SCHEDULE
အဓိက အချိန်ဇယားများ · မြန်မာစံတော်ချိန် (MMT)
ဧပြီ ၁
၁၈:၁၅ MMT
COMPLETED
SLS ဒုံးပျံအတွက် လောင်စာဖြည့်တင်းမှု စတင်ခြင်း
Tanking Operations
ဧပြီ ၁
၂၃:၂၀ MMT
COMPLETED
တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်များ စတင်ခြင်း
Launch Coverage Begins
ဧပြီ ၂
၀၄:၅၄ MMT
COMPLETED
Artemis II စတင်လွှတ်တင်မည့်အချိန်
လွှတ်တင်ရန် ၂ နာရီ အချိန်ပေးထားသည်
ဧပြီ ၆
၂၃:၁၅ MMT
COMPLETED
လကမ္ဘာအနီး ဖြတ်သန်းခြင်း အစီအစဉ်
Lunar Flyby Coverage
ဧပြီ ၁၁
၀၆:၃၇ MMT
LIVE NOW
ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်ခြင်း
Pacific Ocean Splashdown · San Diego ကမ်းလွန်
NASA ၏ မူရင်း EDT အချိန်များကို မြန်မာစံတော်ချိန် (UTC+6:30) သို့ ပြောင်းလဲထားသည်။

ရာစုနှစ်ဝက်ကျော် ကြာပြီးတဲ့နောက် လူသားတွေဟာ လကမ္ဘာနား တဖန်ပြန်သွားဖို့ တာစူနေကြပါပြီ။ NASA ရဲ့ Artemis II ခရီးစဉ်ဟာ အပိုလို (Apollo) စီမံကိန်းရဲ့ အောင်မြင်မှုအမွေအနှစ်တွေနဲ့ လကမ္ဘာလေ့လာရေး ခေတ်သစ်ဆီ ပေါင်းကူးပေးမဲ့ အရေးပါတဲ့ စွန့်စားခရီးစဉ် ဖြစ်ပါတယ်။

ဒီ (၁၀) ရက်ကြာ မစ်ရှင်မှာ အာကာသယာဉ်မှူး (၄) ဦးဟာ ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်ဆုံး SLS ဒုံးပျံကြီးနဲ့အတူ အာကာသနက်ထဲကို စံချိန်တင် ခရီးနှင်ကြမှာပါ။ လူသားတွေ လကမ္ဘာပေါ် ရေရှည်အခြေချနိုင်ဖို့နဲ့ နောင်တစ်ချိန် အင်္ဂါဂြိုဟ် (Mars) ဆီ ခြေဦးလှည့်နိုင်ဖို့ လမ်းစဖွင့်ပေးမဲ့ ဒီသမိုင်းဝင်ဖြစ်ရပ်ကြီးကို Fact Hub Myanmar ကနေ မြန်မာစံတော်ချိန် (MMT) နဲ့ အချိန်တစ်ပြေးညီ တိုက်ရိုက်စောင့်ကြည့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာဘာသာ သိပ္ပံသတင်း အပတ်တိုင်း သင့်ဆီ

တိုက်ရိုက်ထုတ်လွှင့်မှု

LIVE UPDATES Splashdown Day · ဧပြီ ၁၁ ရက်
ဧပြီ ၁၁ · နံနက် ၆:၂၃ MMT
FINAL APPROACH

Orion အာကာသယာဉ်သည် ကမ္ဘာ့လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် နောက်ဆုံးအဆင့် ပြင်ဆင်မှုများကို စတင်ပါမည်။

Altitude: ~400,000 feet

ဧပြီ ၁၁ · နံနက် ၆:၃၀ MMT
ATMOSPHERIC ENTRY

ယာဉ်သည် အမြန်နှုန်း 24,500 mph ဖြင့် ကမ္ဘာ့လေထုအတွင်းသို့ ဝင်ရောက်မည်ဖြစ်ပြီး အပူချိန် 5,000°F အထိ မြင့်တက်လာပါမည်။

Entry Interface: 400,000 feet

ဧပြီ ၁၁ · နံနက် ၆:၃၁ MMT
PEAK HEATING

အပူချိန် အမြင့်ဆုံးရောက်ရှိမည့်အချိန်ဖြစ်ပြီး၊ ပလာစမာ (Plasma) အလွှာကြောင့် ကမ္ဘာမြေနှင့် ဆက်သွယ်မှု ၆ မိနစ်ခန့် ပြတ်တောက်သွားပါမည်။

Up to 3.9 G-forces on crew

ဧပြီ ၁၁ · နံနက် ၆:၃၄ MMT
PARACHUTE DEPLOYMENT

လေထီး ၁၁ ခု ပွင့်လာမည်ဖြစ်ပြီး ယာဉ်ကို ပင်လယ်ပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်နိုင်ရန် ထိန်းချုပ်ပေးပါမည်။

Drogue + main parachutes sequence

ဧပြီ ၁၁ · နံနက် ၆:၃၇ MMT
SPLASHDOWN

Orion အာကာသယာဉ်သည် ပစိဖိတ်သမုဒ္ဒရာ (ဆန်ဒီယေဂို ကမ်းလွန်) သို့ ဘေးကင်းလုံခြုံစွာ ဆင်းသက်မည်ဖြစ်သည်။

Target: Pacific Ocean off San Diego

ဧပြီ ၁၁ · နံနက် ၆:၄၀ MMT
RECOVERY OPERATIONS

USS John P. Murtha ရေတပ်သင်္ဘောမှ အဖွဲ့ဝင်များက အာကာသယာဉ်နှင့် ယာဉ်မှူးများအား ပြန်လည်ဆယ်ယူမည်ဖြစ်သည်။

Recovery ship: USS John P. Murtha

Artemis II Mission Timeline
Interactive Journey
EVENT
Select a point on timeline
Explore Mission Timeline
အချိန်ဇယား (Timeline) Slider ကို ရွှေ့၍ မစ်ရှင်၏ အဓိကဖြစ်စဉ်များကို တစ်ခုချင်းစီ လေ့လာကြည့်ရှုနိုင်ပါသည်။
Launch
ဧပြီ ၁
Lunar Flyby
ဧပြီ ၆-၇
Splashdown
ဧပြီ ၁၁

သမိုင်းဝင် အာကာသယာဉ်မှူးအဖွဲ့

RW
Reid Wiseman
Commander

မစ်ရှင်တစ်ခုလုံးကို ဦးဆောင်မည့် ယာဉ်မှူးချုပ်။

VG
Victor Glover
Pilot

လကမ္ဘာအနီးကို သွားရောက်ခွင့်ရမည့် ပထမဆုံး လူမည်းနွယ်ဖွား အာကာသယာဉ်မှူး။

CK
Christina Koch
Mission Specialist

လကမ္ဘာဆီ ပျံသန်းမည့် ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး။

JH
Jeremy Hansen
Mission Specialist (CSA)

အမေရိကန်နိုင်ငံသား မဟုတ်ဘဲ လကမ္ဘာဆီသွားမည့် ပထမဆုံး နိုင်ငံတကာ အာကာသယာဉ်မှူး (ကနေဒါ)။

သိထားသင့်တဲ့ စိတ်ဝင်စားဖွယ် အချက်များ

လဆင်းမစ်ရှင် မဟုတ်ပါ — ဒီခရီးစဉ်ဟာ လပေါ်ကို တိုက်ရိုက်ဆင်းသက်မှာ မဟုတ်ဘဲ လကမ္ဘာကို ပတ်ပြီး ကမ္ဘာမြေကို ပြန်လာမယ့် (၁၀) ရက်ကြာ စွန့်စားခရီး ဖြစ်ပါတယ်။

အာကာသနက် (Deep Space) ထဲက စံချိန်တင် ခရီးစဉ် — Apollo 13 နောက်ပိုင်း လူသားတွေ လိုက်ပါပြီး ကမ္ဘာမြေနဲ့ အဝေးဆုံးကို သွားမယ့် စံချိန်တင် မစ်ရှင်တစ်ခု ဖြစ်ပါတယ်။

အင်ဂျင်ပျက်တောင် ပြန်လာနိုင်မဲ့ မစ်ရှင် — Orion အာကာသယာဉ်ဟာ အင်ဂျင်ချို့ယွင်းမှုဖြစ်ခဲ့ရင်တောင် လကမ္ဘာရဲ့ ဆွဲငင်အားကို အသုံးပြုပြီး Free-return trajectory ဖြင့် ကမ္ဘာမြေဆီ ဘေးကင်းစွာ ပြန်ရောက်နိုင်မှာပါ။

စမ်းသပ်ခံတဖြစ်လဲ သုတေသီတွေ — အာကာသနက်ပိုင်းမှာ လူသားတွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုတုံ့ပြန်လဲဆိုတာကို လေ့လာဖို့ သုတေသီများအဖြစ်ပါ သွားရောက်ကြတာ ဖြစ်ပါတယ်။

မျိုးဆက်သစ် နည်းပညာတွေရဲ့ စမ်းသပ်ကွင်း — အနာဂတ်မှာ လူသားတွေ Mars ဆီသွားနိုင်ဖို့ လိုအပ်တဲ့ အသက်ကယ်စနစ်တွေ၊ ဆက်သွယ်ရေးနဲ့ လမ်းကြောင်းပြစနစ်တွေကို လက်တွေ့ စမ်းသပ်မည့် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

အပြန်ခရီး အကြောင်း သိကောင်းစရာများ

Re-entry Facts · Artemis II Mission

💡 FACT #1

မစ်ရှင်၏ အရေးအကြီးဆုံး စမ်းသပ်မှုတစ်ခုမှာ နောက်ဆုံးအဆင့်တွင် ရှိပါသည်။ အိုရိုင်ယွန် (Orion) အာကာသယာဉ်သည် ကမ္ဘာ့လေထုအတွင်းသို့ တစ်နာရီလျှင် ကီလိုမီတာ ၄၀,၀၀၀ နှုန်းဖြင့် ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး၊ လေထုနှင့် ပွတ်တိုက်မှုကြောင့် ယာဉ်၏အပြင်ဘက်အပူချိန်သည် ၂,၇၀၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ (နေမျက်နှာပြင်အပူချိန်၏ ထက်ဝက်ခန့်) ပြင်းထန်စွာ မြင့်တက်လာမည်။

ဤပြင်းထန်သော အပူဒဏ်ကို ခံနိုင်ရည်ရှိရန် ယာဉ်၏ အပူကာဒိုင်း (Ablative heat shield) ကို အထူးဒီဇိုင်းထုတ်ထားပါသည်။ အပူချိန်မြင့်တက်လာသည်နှင့်အမျှ ဒိုင်း၏အပြင်ဘက်အလွှာများ လောင်ကျွမ်းကွာကျသွားပြီး ပြင်းထန်သောအပူရှိန်များကို ယာဉ်နှင့်ဝေးရာသို့ သယ်ဆောင်သွားမည်ဖြစ်သည်။ ယင်းလုပ်ဆောင်ပုံသည် လူများ ပူအိုက်ချိန်တွင် ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးသည့် သဘောတရားနှင့် ဆင်တူ၏။

💡 FACT #2

အပူချိန်အမြင့်ဆုံးအချိန်တွင်၊ အိုရိုင်ယွန်ယာဉ်၏ ပတ်လည်၌ ပလာစမာ (Plasma) အလွှာ ဖုံးလွှမ်းသွားမည်ဖြစ်သဖြင့် ကမ္ဘာမြေရှိ Mission Control နှင့် ဆက်သွယ်မှု ၆ မိနစ်ခန့် ပြတ်တောက်သွားမည်ဖြစ်သည်။ အပူရှိန်လွန်ကဲမှုကြောင့် ယာဉ်ပတ်ဝန်းကျင်ရှိ လေမော်လီကျူးများမှာ ionized plasma အဖြစ်သို့ ပြောင်းလဲသွားပြီး ရေဒီယိုလှိုင်းများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့သောကြောင့် ဖြစ်သည်။

English: During peak heating, the spacecraft is surrounded by a superheated plasma layer that blocks all radio communications for approximately 6 minutes — mission controllers must wait anxiously for the crew to emerge from this "blackout zone."

💡 FACT #3

လေထုအတွင်း ပြန်လည်ဝင်ရောက်ချိန်တွင် အာကာသယာဉ်မှူးများသည် ကမ္ဘာမြေဆွဲအား၏ 3.9 Gs အထိ ပြင်းထန်သော ဖိအားကို ခံစားရမည်ဖြစ်သည်။ ယင်းမှာ မိမိတို့၏ မူလခန္ဓာကိုယ်အလေးချိန်ထက် ၄ ဆနီးပါး ပိုလေးသွားသည်နှင့် တူ၏။ ဥပမာ ၇၀ ကီလိုဂရမ်ရှိသော လူတစ်ဦးသည် တစ်ခဏအတွင်း ၂၇၀ ကီလိုဂရမ်ခန့် အလေးချိန်ရှိနေသလို ခံစားရနိုင်သည်။

English: The crew will experience up to 3.9 times Earth's gravity during re-entry — comparable to a Formula 1 driver during hard braking, but sustained for several minutes. This is why astronauts train extensively in centrifuges.

💡 FACT #4

Artemis II မစ်ရှင်သည် "Skip Entry" ခေါ် လေထုထဲသို့ ခုန်ဆင်းဝင်ရောက်သည့် အဆင့်မြင့်ယန္တရားကို အသုံးပြုမည်ဖြစ်သည်။ ကျောက်ခဲကို ရေပေါ် ပစ်လိုက်သကဲ့သို့ ယာဉ်သည် လေထုထဲသို့ ဦးစွာဝင်ရောက်ကာ ပြန်လည်ထွက်ခွာသွားပြီးမှ နောက်ဆုံးဆင်းသက်ရန် ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်မည်ဖြစ်သည်။ ဤနည်းပညာသည် Apollo မစ်ရှင်များကဲ့သို့ တစ်ကြိမ်တည်း တန်းဆင်းသည်ထက် အပူချိန်မြင့်တက်မှုကို ပိုမိုထိန်းချုပ်နိုင်ပြီး ပိုမိုတိကျစွာ ဆင်းသက်နိုင်စေရန် ကူညီပေးပါသည်။

English: Like a stone skipping on water, Orion will dip into the atmosphere, bounce back out, then re-enter for final descent. This advanced technique reduces peak heating and allows precision landing within a 5-mile target zone.

💡 FACT #5

Orion အာကာသယာဉ်၏ လေထီးစနစ်တွင် လေထီးစုစုပေါင်း ၁၁ ခု ပါဝင်ပါသည်။ အမိုးဖွင့်လေထီး (Forward bay cover) ၃ ခု၊ အရှိန်လျှော့လေထီး (Drogue) ၂ ခု၊ အဓိကလေထီးများဖွင့်ပေးမည့် ပိုင်းလော့လေထီး (Pilot) ၃ ခုနှင့် နောက်ဆုံးဆင်းသက်ရန် အဓိကလေထီး (Main) ၃ ခုတို့ အဆင့်ဆင့် ပွင့်လာမည်ဖြစ်သည်။ အဓိကလေထီးတစ်ခုစီ၏ အချင်းမှာ ၁၁၆ ပေ ရှိပြီး တင်းနစ်ကွင်းဆယ်ကွင်းစာခန့် ကျယ်ဝန်းပါသည်။

English: The parachute system deploys in precise sequence at different altitudes. Even if one main parachute fails, the system is designed to land safely with just two — built-in redundancy for crew safety.

💡 FACT #6

ဤကမ္ဘာ့လေထုတွင်း ပြန်လည်ဝင်ရောက်မှု (Re-entry) စမ်းသပ်မှုသည် အနာဂတ် အင်္ဂါဂြိုဟ် (Mars) မစ်ရှင်များအတွက် အလွန်အရေးပါသည်။ လကမ္ဘာမှ အပြန်ခရီးစဉ်၏ အမြန်နှုန်း (24,500 mph) သည် အင်္ဂါဂြိုဟ်မှ ပြန်လည်ဝင်ရောက်မည့် အမြန်နှုန်း (~25,000 mph) နှင့် အလွန်နီးစပ်ပါသည်။ ထို့ကြောင့် Artemis II သည် အပူကာဒိုင်းနှင့် အခြားစနစ်များကို တကယ့်လက်တွေ့အခြေအနေတွင် စမ်းသပ်ပေးမည်ဖြစ်ပြီး မားစ်သို့ လူသားများသွားရောက်မည့်ခရီးစဉ်အတွက် လမ်းစဖွင့်ပေးမည် ဖြစ်ပါသည်။

English: This re-entry test is crucial for future Mars missions. The return speed from the Moon (24,500 mph) is very close to the expected return speed from Mars (~25,000 mph). Artemis II will flight-test the heat shield and other systems in real conditions, paving the way for human exploration of the Red Planet.

အင်ဂျင်ပျက်တောင် ပြန်လာနိုင်မဲ့ မစ်ရှင်

မစ်ရှင်နောက်ကွယ်က ဧရာမစက်ယန္တရားကြီးများ

🚀 MISSION HARDWARE မစ်ရှင်နောက်ကွယ်က ဧရာမစက်ယန္တရားကြီးများ ဖတ်ရှုရန် ▾
⚙️

လူသားတွေကို လကမ္ဘာဆီ ပြန်ပို့ဖို့ Space Launch System (SLS) ဒုံးပျံနဲ့ Orion အာကာသယာဉ်တို့ရဲ့ ပေါင်းစပ်စွမ်းအားအပေါ် အားပြုထားတာပါ။

SLS ဒုံးပျံ

ဒီဧရာမဒုံးပျံကြီးက အလေးချိန် ပေါင် ၃.၅ သန်းကျော် ရှိပြီး ၃၂၂ ပေ မြင့်ပါတယ် — လေဘာတီရုပ်တုထက် ပိုမြင့်တဲ့ အရွယ်အစားပါ။ သူ့ထက် ပိုကြီးတဲ့ ဒုံးပျံကတော့ ၁၉၆၀-၇၀ ခုနှစ်ဝန်းကျင်က Apollo မစ်ရှင်တွေမှာ သုံးခဲ့တဲ့ Saturn V ပါ၊ လောင်စာအပြည့်ဖြည့်ထားရင် ပေါင် ၆.၅ သန်းကျော် လေးပြီး အမြင့်ပေ ၃၆၀ ကျော်ပါတယ်။

တွန်းကန်အား (Thrust)

SLS ဟာ ပေါင် ၈.၈ သန်းရှိတဲ့ တွန်းကန်အားနဲ့ အာကာသဆီ ထောင်တက်မှာဖြစ်ပြီး ၃ ပုံပုံ ၂ ပုံကို ဘေးတစ်ဖက်တစ်ချက်က ၁၇ ထပ်အမြင့်ရှိတဲ့ Rocket Booster ၂ လုံးဆီက ရမှာပါ။

Crawler-Transporter 2 (CT-2)

ဒုံးပျံကို လွှတ်တင်ရေးစင်ဆီ ရွှေ့ရတာကလဲ အင်ဂျင်နီယာပိုင်းဆိုင်ရာ အံ့ချီးဖွယ်ပါ။ CT-2 ဟာ ဘက်စကတ်ဘောကွင်းအရွယ်ရှိပြီး ကုန်အပြည့်တင်ထားတဲ့ လေယာဉ်အစီး ၂၀ ကျော်ရဲ့ အလေးချိန်နဲ့ ညီမျှတဲ့ ဝန်ကို သယ်ဆောင်နိုင်ပါတယ်။ Artemis II မှာ VAB ကနေ ဒုံးလွှတ်စင်ဆီ ၄ မိုင်ခရီးကို ၁၂ နာရီကျော် သယ်ခဲ့ရတာပါ။

Orion အာကာသယာဉ်

အရပ် ၆ ပေဝန်းကျင် လူ ၄ ယောက် နေထိုင်မဲ့ Orion နဲ့ ထိန်းချုပ်ခန်းငယ်ကတော့ စခန်းချကားအရွယ်လောက်သာ ကျယ်ဝန်းပါတယ် — ဒါပေမဲ့ ဒီယာဉ်မှူး ၄ ယောက် ဆယ်ရက်ကျော်ကြာ နေထိုင်အလုပ်လုပ်ရင်း ရလာမဲ့ အာကာသ အတွေ့အကြုံတွေ၊ သုတေသနတွေအတွက် ရင်းနှီးမြှုပ်နှံမှုကတော့ အံ့မခန်းပါပဲ။

📐

SLS · ၃၂၂ ပေ မြင့်  |  ပေါင် ၃.၅ သန်း လေး  |  Thrust ပေါင် ၈.၈ သန်း  |  CT-2 · ၄ မိုင် · ၁၂ နာရီ

Distance Comparison
အကွာအဝေး နှိုင်းယှဉ်ချက် · Scale & Context
Artemis II Maximum Distance
252,760 miles
လူသားလိုက်ပါတဲ့ ကမ္ဘာနဲ့အဝေးဆုံး မစ်ရှင်
vs Apollo 13 (1970)
+4,105 mi farther
Apollo 13 248,655 mi
၅၄ နှစ်ကြာ စံချိန်ကို ချိုးဖျက်ခြင်း
vs Moon's Average Distance 238,855 mi (closer to Earth)
Moon 238,855 mi
လရဲ့ ပျမ်းမျှအကွာအဝေးထက် ပိုဝေး
vs International Space Station
1,010× farther
ISS ~250 mi
Low Earth Orbit
ISS သည် ကမ္ဘာမျက်နှာပြင်မှ ~250 မိုင်အကွာတွင်သာ ရှိသည်
💡
စိတ်ဝင်စားဖွယ် အချက်အလက်
Artemis II သည် International Space Station (ISS) ထက် ၁,၀၁၀ ဆ ပိုဝေးသွားမည် ဖြစ်ပြီး Apollo 13 စံချိန်ကို ၅၄ နှစ် အကြာတွင် ချိုးဖျက်မည် ဖြစ်ပါသည်။
🚀
Artemis II Knowledge Quiz
Artemis II မစ်ရှင်အကြောင်း သင်မည်မျှ သိရှိထားသနည်း?
မေးခွန်း 1/10
ရမှတ်: 0
Artemis II ကို ဆက်လက်စောင့်ကြည့်ပါ
မစ်ရှင်ရဲ့ နောက်ဆုံးအပ်ဒိတ်များ၊ သိပ္ပံအချက်အလက်များကို FHMM မှတစ်ဆင့် ဆက်လက်ရယူပါ။
Facthub ဆီ ပြန်သွားမယ်
Fact Hub Myanmar · Science Communication & Fact-Checking
Sources: NASA, NASA Kennedy Space Center, Space.com, NPR
Live reporting 2 updates

Reported by Zwe Thukha Min from Fact Hub Editorial Board

Pinned update
11 Apr 2026
Key moment

Artemis II မကြာခင် ကမ္ဘာဆီ ပြန်ဝင်မယ်

Zwe Thukha Min
Zwe Thukha Min Author
Artemis II မစ်ရှင်က အာကာသယာဉ်မှူး ၄ ဦး လိုက်ပါလာတဲ့ အိုရိုင်ယွန်ယာဉ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့လေထုထဲ ပြန်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပြီး ပစိတ်ဖိတ်သမုဒ္ဒရာထဲ နောက်လာမဲ့ ၅ နာရီထဲ ထိုးစိုက်ဆင်းတော့မှာပါ။ မြန်မာစံတော်ချိန်၊ ဧပြီလ ၁၁ ရက်၊ မနက် ၆ နာရီ ၂၃ မှာ ချဉ်းကပ်လမ်းကြောင်းထဲ အပြီးသတ်ဝင်ရောက်ပြီး ၆ နာရီခွဲအတိမှာတော့ ကမ္ဘာ့လေထုထဲ တစ်နာရီ မိုင် ၂၅၀၀၀ ရှိတဲ့ အရှိန်နဲ့ ဦးတိုက်ထိုးဆင်းမှာ ဖြစ်ပါတယ်။ ခန့်မှန်းချေ မြန်မာစံတော်ချိန် ၆ နာရီ ၃၇ မိနစ်မှာတော့ ဆန်ဒီရေဂိုတဝိုက်က ပစိဖိတ်ရေပြင်ထဲ အဓိကလေထီးဖွင့်တွေ ဖွင့်ချရင်း ကမ္ဘာမြေဆီ ပြန်ရောက်ပါမယ်။
06 Apr 2026
Developing

လရဲ့ အမှောင်ဘက်ခြမ်းကို Artemis II မကြာခင် ဖြတ်သန်းမယ်

Zwe Thukha Min
Zwe Thukha Min Author
လဆီ ဦးတည်ပျံသန်းနေတဲ့ Artemis II မစ်ရှင်နဲ့ ပတ်သက်လို့ နောက်ဆုံးသိရတာတွေအရ အိုရိုင်ယွန်ယာဉ်ဟာ မြန်မာစံတော်ချိန် ဧပြီလ ၇ ရက်၊ သန်းခေါင်အကျော် နံနက်အစောမှာ Lunar Flyby လို့ ခေါ်တဲ့ လရဲ့ အမှောင်ဘက်ခြမ်းကို ဝိုက်ပတ်ပျံသန်းတော့မှာ ဖြစ်ပါတယ်။ Fact Hub Myanmar ရဲ့ Artemis II တိုက်ရိုက်တင်ဆက်မှု ဝဘ်စာမျက်နှာက တစ်ဆင့် အချိန်ဇယားအသေးစိတ်နဲ့ တခြားအချက်အလက်တွေ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။ ဒီပေ့ချ်မှာပဲ ထုတ်လွှင့်မှုကို တစ်ခါတည်း ကြည့်နိုင်ပါတယ်။
Reported by Zwe Thukha Min from Fact Hub Editorial Board
This event has ended.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.