April 18, 2026 | မြန်မာ
Ecology Explainer

ဓာတုဗေဒနဲ့သလင်းကျောက်

Chemical compound တစ်ခုဖြစ်‌တဲ့ သလင်းကျောက်မှာ ဆီလီကွန်အက်တမ်တစ်လုံးနဲ့ အောက်ဆီဂျင်အက်တမ်နှစ်လုံးပါဝင်ပါတယ်။ သင်္ကေတနဲ့ဖော်ပြရမယ်ဆိုရင်တော့ SiO2 ဖြစ်ပါတယ်။ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ များများစားစား တွေ့ရှိရတတ်တဲ့ သတ္တုပစ္စည်းတစ်ခုဖြစ်တဲ့အပြင် တစ်မူထူးခြားတဲ့ အရည်အသွေးတွေ ဂုဏ်သတ္တိတွေကြောင့် အလွန် အသုံးဝင်တဲ့သဘာဝ တွင်းထွက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သလင်းကျောက်တွေကို လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ ပေါပေါများများတွေ့ရှိနိုင်ပါသေးတယ်။ ဘယ်လိုအပူချိန်မှာမဆို အသွင်အပြင်တွေ ဖြစ်ပေါ်နိုင်ပြီးတော့ မီးသင့်ကျောက်၊ အသွင်ပြောင်းကျောက်နဲ့ အနည်ကျကျောက်တွေအဖြစ်…

Text size

Chemical compound တစ်ခုဖြစ်‌တဲ့ သလင်းကျောက်မှာ ဆီလီကွန်အက်တမ်တစ်လုံးနဲ့ အောက်ဆီဂျင်အက်တမ်နှစ်လုံးပါဝင်ပါတယ်။ သင်္ကေတနဲ့ဖော်ပြရမယ်ဆိုရင်တော့ SiO2 ဖြစ်ပါတယ်။ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ များများစားစား တွေ့ရှိရတတ်တဲ့ သတ္တုပစ္စည်းတစ်ခုဖြစ်တဲ့အပြင် တစ်မူထူးခြားတဲ့ အရည်အသွေးတွေ ဂုဏ်သတ္တိတွေကြောင့် အလွန် အသုံးဝင်တဲ့သဘာဝ တွင်းထွက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။

သလင်းကျောက်တွေကို လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ ပေါပေါများများတွေ့ရှိနိုင်ပါသေးတယ်။ ဘယ်လိုအပူချိန်မှာမဆို အသွင်အပြင်တွေ ဖြစ်ပေါ်နိုင်ပြီးတော့ မီးသင့်ကျောက်၊ အသွင်ပြောင်းကျောက်နဲ့ အနည်ကျကျောက်တွေအဖြစ် ပုံစံကွဲတွေအနေနဲ့လည်းဖွဲ့စည်းနိုင်ပါတယ်။ သဘာဝကြောင့်ဖြစ်ပေါ်လာတဲ့ ရာသီဥတုအခြေအနေတွေ၊ ဓာတုဗေဒနည်းပညာတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ကောင်းကောင်း ခံနိုင်ရည်ရှိပါတယ်။ ဒီလို ခံနိုင်ရည် ကောင်းတဲ့ သလင်းကျောက်တွေကိုတော့ မြင့်မားတဲ့တောင်ထိပ်တွေ၊ သဲကန္တာရတွေ၊ မြစ်တွေထဲနဲ့ ပင်လယ်‌ထဲကနေရာ‌ အချို့တွေမှာတွေ့ရှိနိုင်တဲ့အပြင် အခြားနေရာအနှံ့အပြားမှာတွေ့ရှိနိုင်ပါတယ်၊ အရေအတွက်ပေါများတယ်၊ နောက်ပြီးတော့ ကြာရှည်ခံနိုင်ကြပါတယ်။ သတ္တုတွင်းပေါင်းမြောက်မြားစွာကိုလည်း ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နေရာတော်တော်များများမှာတွေ့ရှိနိုင်ပါတယ်။

သလင်းကျောက်တွေဟာ အသုံးအဝင်ဆုံး သဘာဝတွင်းထွက် ကျောက်မျက်ရတနာတစ်ခုဆိုရင်လည်းမမှားပါဘူး။ သူ့ရဲ့အသုံးဝင်မှုဟာဆိုရင် ရုပ်ပိုင်းဆိုင်ရာမှာ အသုံးပြုနိုင်ရုံတင်မကဘဲ ဓာတုဗေဒနဲ့ ပတ်သက်တဲ့စမ်းသပ်ချက်တွေမှာလည်း ချိတ်ဆက်အသုံးပြုလို့ရပါတယ်။ မာကျောမှုအရည်အသွေးကိုတိုင်းတာမယ်ဆိုရင်တော့ ခုနစ်စကေး (7 Mohs Scale) ရှိပါတယ်။ အရာဝတ္ထုတော်တော်များများနဲ့ ဓာတ်ပြုနိုင်မှုစွမ်းရည် နည်းတဲ့အပြင် နောက်ထပ်ထူးခြားတဲ့အချက်တစ်ခုကတော့ သလင်းကျောက်တွေဟာ လျှပ်စစ်ဂုဏ်သတ္တိ၊ တစ်ပိုင်းလျှပ်ကူးနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် အီလက်ထရွန်းနစ်ပစ္စည်းကိရိယာတွေမှာ အပူစီးကူးမှုကို ခုခံထိန်းညှိပေးတဲ့အရာအဖြစ်လည်း အသုံးပြုကြပါသေးတယ်။

တောက်ပ‌တဲ့ အရောင်အသွေးတွေ၊ ပါးလွှာချောမွေ့မှုတွေကြောင့် အလွန့်အလွန်လှပတဲ့ ကျောက်မျက်ရတနာအဖြစ် ဆင်မြန်းဝတ်ဆင်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ရဲ့အရည်အသွေးကိုလိုက်ပြီး ဖန်ထည်ပစ္စည်းအဖြစ်ရော အခြားပုံစံမျိုးစုံပြုလုပ်နိုင်ပါတယ်။

ယနေ့ခေတ်မှာဆိုရင်တော့ ဘီလီယံနဲ့ချီတဲ့‌ သလင်းကျောက်တွေကို လျှပ်စစ်သုံးလက်ပတ်နာရီတွေ၊ ရိုးရိုးတိုင်ကပ်နာရီတွေ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အီလက်ထရွန်းနစ်ဂိမ်းပေါင်းများစွာ၊ ကွန်ပျူတာ၊ ဆဲလ်ဖုန်းတွေအပြင် လျှပ်စစ်မီတာတွေနဲ့ GPS စက်ကိရိယာတွေကို လည်ပတ်ဖို့အတွက် အသုံးပြုနေပါတယ်။ လူတွေအသုံးပြုမှုများလာတာနဲ့အမျှ အလင်းပြန်စွမ်းရည်ရှိတဲ့ သလင်းကျောက်ပုံဆောင်ခဲအဖြစ်အဆင့်မြင့်ထုတ်လုပ်နိုင်ဖို့ကိုလည်း တီထွင်နိုင်ခဲ့ကြပါပြီ။ လက်ရှိမှာဆိုရင်တော့ အလင်းပြန်စွမ်းရည်ရှိတဲ့ သ‌လင်းကျောက်ပုံဆောင်ခဲတွေကို အထူးပြုလုပ်ထားတဲ့မှန်ဘီလူးတွေ၊ မှန်ပြတင်းပေါက်တွေ၊ filter သုံးလေဆာတွေ၊ မိုက်ခရိုစကုပ် ခေါ် အဏုကြည့်မှန်ပြောင်းတွေ၊ တယ်လီစကုပ်၊ လျှပ်စစ်သုံး အာရုံခံကိရိယာတွေ၊ သိပ္ပံပညာရပ်သုံး စက်ပစ္စည်းကိရိယာ စတဲ့အရာတွေမှာအ သုံးပြုနေတာပဲဖြစ်ပါတယ်။

ယခုလက်ရှိအချိန်အထိ သလင်းကျောက်တွေဟာ ကမ္ဘာ့အဆင့်အမြင့်ဆုံး လျှပ်စစ်အသုံးပြု သတ္တုတစ်မျိုးအဖြစ်ဆက်လက်တည်ရှိနေဆဲပါ။

 

 

 

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

Article Credits

Written by Kyi Cin Hninn
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.