May 20, 2026 | မြန်မာ
Fact Check 1 min read

သိပ္ပံတု၊ သိပ္ပံယောင်တွေထဲက နာမည်အကြီးဆုံး ဘာမြူဒါတြိဂံ

ဒီတစ်ခေါက် Fact Hub ရဲ့ အပတ်စဉ် fact check အစီအစဉ်မှာဆိုရင် သိပ္ပံအတုအယောင် (pseudoscience) တွေထဲ နာမည်အကြီးဆုံးနဲ့ လူသိအများဆုံးဖြစ်တဲ့ ဘာမြူဒါတြိဂံဒေသက ယုံတမ်းအချက်အလက်အမှားတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

ဘာမြူဒါတြိဂံဆိုတာက သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ တချို့လူတွေ ယုံကြည်နေကြတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာရဲ့ အနောက်ဘက်ပိုင်းမှာရှိနေတဲ့ ဒီနေရာမှာ ရှင်းမပြနိုင်တဲ့ ပျောက်ဆုံးမှုတွေ၊ ထူးခြားဖြစ်စဉ်တွေနှင့်အတူ သဘာ၀လွန်ကိစ္စတွေနဲ့ပါ ဆက်စပ်မှုရှိနေတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဘာမြူဒါတြိဂံဆိုတာဟာ တကယ်ပဲ သဘာ၀လွန်စွမ်းအားတွေရှိနေတဲ့နေရာလား၊ ဒါမှမဟုတ် သိပ္ပံတုသိပ္ပံယောင်တွေရဲ့ လူစိတ်၀င်စားအောင်လုပ်ထားတဲ့ Myth တစ်ခုပဲလားဆိုတာကတော့ စိတ်၀င်စားစရာပါပဲ။

အကျော်ကြားဆုံးဖြစ်ရပ်တွေအနေနဲ့ Flight 19 ပျောက်ဆုံးမှု၊ သဲလွန်စ မကျန်ဘဲ ပျောက်ဆုံးသွားတဲ့ ရေတပ်လေယာဉ်တွေနဲ့ USS Cyclops နှစ်မြုပ်မှုတွေကြောင့် ဒီနေရာဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေဝဲတွေ ဒါမှမဟုတ် ဂြိုလ်သားတွေရှိနေပြီး သဘာ၀လွန်စွမ်းအားတွေရှိနေတဲ့နေရာတစ်ခုအဖြစ် ပိုပြီးအယုံအကြည်တိုးများစေလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ္ပံဆိုင်ရာရှင်းလင်းချက်တွေကတော့ ဒီအချက်အလက်တွေကိုငြင်းဆိုနေပါတယ်။

တကယ့်လက်ရှိမှာဆိုရင် ဘာမြူဒါတြိဂံဆိုတာက သမုဒ္ဒရာရဲ့ အခြားနေရာတွေထက် သိသိသာသာ ပိုပြီး အန္တရာယ်ရှိနေတာမျိုး မရှိပါဘူး။ ပျောက်ဆုံးမှုအားလုံးနီးပါးဟာ မုန်တိုင်းတွေနဲ့ စက်ကိရိယာချွတ်ယွင်းမှုတွေလို သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတွေကြောင့်သာဖြစ်ပါတယ် ။ ဒီတြိဂံနေရာကနေ နှစ်စဉ် သင်္ဘောနဲ့ လေယာဉ်တွေထောင်ပေါင်းများစွာ အန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းသွားလာလျက်ရှိနေပြီးတော့ သွားလာနေကြတဲ့ သင်္ဘောတွေနဲ့ လေယာဉ်တွေများပြားခြင်းကြောင့်သာ ပျက်ကျတဲ့ပမာဏ များနေသယောင်ထင်ရတာပါ။

ဒီလိုဆိုရင် ဘာမြူဒါတြိဂံရဲ့ Myth အတုအယောင်တွေက ဘာကြောင့်ကြာကြာတည်ရှိနေရတာလဲ။ ဒါတွေရဲ့တစ်စိတ်တစ်ပိုင်းက ကျနော်တို့ကိုယ်တိုင် မသိနားမလည်နိုင်တဲ့ အကြောင်းအရာတွေအပေါ်မှာ ကြိုက်နှစ်သက်တာနဲ့ စိတ်ကူးယဉ်နိုင်တာတွေကြောင့်ပဲ ဒီ Myth အတု‌အယောင်တွေက လူတော်တော်များများရဲ့စိတ်ထဲမှာ စွဲထင်ကျန်ရစ်နေခဲ့ကြတာပါ။ ဒီလိုပဲ ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့အရာတွေဖြစ်ပျက်နေတဲ့ နေရာတစ်ခုရှိတယ်ဆိုတဲ့ အယူအဆက ထူးခြားဆန်းပြား ရုပ်ရှင်တွေနဲ့ စာအုပ်တွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါတွေကို ဖျော်ဖြေရေးတစ်ခုအနေနှင့်သာ မြင်သင့်ပြီးတော့ အတည်မယူသင့်ကြောင်းကိုလည်း ထပ်ဆောင်း အသိပေး‌ချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ခြုံငုံကြည့်မယ်ဆိုရင် ဘာမြူဒါတြိဂံဒေသဟာ နေ့စဥ် ကုန်ကူးသန်းမှုတွေနဲ့ သင်္ဘောတွေ ထူထပ်စွာ တည်ရှိနေတဲ့ ဒေသဖြစ်ပြီးတော့ နှစ်စဉ်နှစ်တိုင်း သင်္ဘောနဲ့ လေယာဉ်ထောင်ပေါင်းများစွာ ဖြတ်သန်းသွားလာနေတာကြောင့် ယာဉ်မတော်တဆမှုတွေဖြစ်ပွားတတ်တာသာ ရှိကြောင်းနဲ့ တကယ့်လက်တွေ့မှာ ဒီဒေသမှာရှိနေတဲ့ မတော်တဆဖြစ်စဉ်တွေရဲ့ ရာခိုင်နှုန်းက အခြားနေရာတွေထက် သိသိသာသာပိုမများဘူးဆိုတာ​ကိုလည်း သိဖို့လိုအပ်ပါတယ်။ ဘာမြူဒါတြိဂံမှာ သဘာ၀လွန်ကိစ္စတွေရှိမနေကြောင်းကို သက်သေအထောက်အထားများ အခိုင်အမာရှိနေပါတယ်။ မိမိကိုယ်တိုင်က ထူးခြားဆန်းပြားတဲ့အရာတွေကို လေ့လာနေတယ်ဆိုရင်တောင် အွန်လိုင်းပေါ်မှာ ရှိနေတဲ့အရာတွေကို သေချာဝေဖန်ပိုင်းခြားဖို့နဲ့ သိပ္ပံနည်းကျအထောက်အထားနဲ့ အချက်အလက်တွေအပေါ်မှာလေ့လာဖို့လည်းအရေးကြီးပါတယ်။

ဒါကြောင့် နောက်တစ်ခါ ဘာမြူဒါတြိဂံရဲ့ ဇာတ်လမ်းတွေကိုကြားတဲ့အခါမှာ သဘာ၀လွန်စွမ်းအားတွေတည်ရှိနေတဲ့နေရာလား ဒါမှမဟုတ် သိပ္ပံတု သိပ္ပံယောင်တွေရဲ့ myth သပ်သပ်ပဲလားဆိုတာကို ခွဲခြားသိမြင်နိုင်စေဖို့ Fact Hub က fact check လုပ်ပေးလိုက်ပါတယ်။


Tags bermuda trianglepsedosciencescience fiction
Share Facebook Telegram Email
Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.