Popular News Journal က မေလ ၃၀ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ ပုံပါသတင်းခေါင်းစဉ် “ကမ္ဘာမှာ နောက်ထပ် လ တစ်ခုရှိနေတယ်” ဆိုတဲ့ အကြောင်းအရာက ဖတ်ရှုသူများကို အထင်အမြင်လွဲမှားစေနိုင်တဲ့ သတင်းအချက်အလက်မှားတစ်ခုဖြစ်ပါတယ်။
မတ် ၂၈ ရက်နေ့က သုတေသီတွေ စတင်တွေ့ရှိခဲ့တဲ့ 2023 FW 13 အမည်ရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုက Quasi Moon အမျိုးအစားဝင် လနဲ့ ဆင်တူတဲ့ ပတ်လမ်းကြောင်းနဲ့ နေကို လှည့်ပတ်တဲ့ Space object ဖြစ်ပါတယ်။ ကမ္ဘာရဲ့ ဒုတိယ ‘လ’ မဟုတ်ပါ။
ကျွန်တော်တို့နေအဖွဲ့အစည်းထဲမှာ ရှိတဲ့ ဂြိုဟ်တိုင်းမှာ တစ်လုံးထက်ပိုတဲ့ ဂြိုဟ်ရံလတွေ ကိုယ်စီရှိကြပါတယ်။ မားစ်မှာဆိုရင် လနှစ်စင်း၊ ဂျူပီတာမှာ လ ၉၅ စင်း၊ စေတန်မှာ ၁၂၄ စင်း၊ ယူရေးနပ်စ်မှာ ၂၇ စင်း၊ နက်ပ်ကျွန်းမှာ ၁၄ စင်း စသဖြင့် အသီးသီးရှိကြတာပါ။ ဒီအရေအတွက်တွေကလည်း အမြဲလိုလိုပြောင်းလဲနေတတ်တာ ဖြစ်ပါတယ်၊ ဂြိုဟ်ရဲ့ ဆွဲငင်အားအပေါ် မူတည်ပြီး ဒြပ်ဆွဲအားပိုများတဲ့ ဂြိုဟ်တွေအနေနဲ့ အနားမှာရှိတဲ့ ဂြိုဟ်ရံလအရေအတွက် ပိုများတတ်ပါတယ်။ လကို ကမ္ဘာရဲ့ သဘာဝဂြိုဟ်တုဆိုပြီး တင်စားခေါ်ဝေါ်ကြပါတယ်၊ လက ကမ္ဘာကို ပတ်လမ်းကြောင်းနဲ့ လှည့်ပတ်နေပါတယ်၊ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အာကာသအပြင်ဘက်က အလည်လာတတ်တဲ့ ဂြိုဟ်သိမ်/ဂြိုဟ်မွှားတွေက ကမ္ဘာရဲ့ ဒြပ်ဆွဲစက်ကွင်းထဲကို ခဏတာဝင်ရောက်လှည့်ပတ်တာမျိုး ရှိပါတယ်။
အဲ့တာတွေကို Quasi Moon (ဂြိုဟ်ရံလသိမ်) လို့ ခေါ်ပါတယ်။ အခုအသစ်တွေ့ရှိတဲ့ 2023 FW 13 ဂြိုဟ်သိမ်က Quasi moon ဖြစ်ပါတယ်။ Quasi moon တွေကို အခုမှ စတွေ့တာ မဟုတ်ပါဘူး၊ ဟိုးအရင်အချိန်တွေကတည်းက ခဏခဏ တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ‘ဂြိုဟ်ရံလသိမ်’ တွေက ကမ္ဘာရဲ့ ဒုတိယလ မဟုတ်ပါဘူး။ Quasi moon ဆိုတာက ကမ္ဘာလိုပဲ နေလိုလှည့်ပတ်တဲ့ ဂြိုဟ်သိမ်တွေပါ၊ အဲ့ဒီဂြိုဟ်သိမ်တွေက ကမ္ဘာရဲ့လလိုပဲ နေကိုလှည့်ပတ်နေတဲ့အချိန်အတွင်းမှာပဲ ကမ္ဘာကိုလည်း လှည့်ပတ်နေတာဖြစ်ပါတယ်။ နေကို လှည့်ပတ်တဲ့ ကြာချိန်က ကမ္ဘာနဲ့ တူညီပေမယ့် လှည့်ပတ်တဲ့ ပတ်လမ်းကတော့ ကွဲပြားပါတယ်။ များသောအားဖြင့် orbital resonance 1:1 ရှိပါတယ်။ ဒါကိုနားလည်နိုင်ဖို့ ဥပမာ တစ်ခုပေးပါမယ်။ ကလေးလေးနှစ်ယောက်က ပုခက်စီး နေပါတယ်။ ပထမကလေးက အရှေ့ကနေ အနောက်ကို လွှဲတာ တစ်ခါပြီးဖို့ ၂ စက္ကန့်ကြာပါတယ်။ ဒုတိယကလေးကတော့ ၃ စက္ကန့်ကြာပါတယ်။ သူတို့ အဲ့ဒီအနေအထားအတိုင်း ဆက်စီးနေတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ရောက်နေတဲ့နေရာချင်း ထပ်တူကျသွားတဲ့ အခိုက်မျိုးရှိပါတယ်။ ဥပမာခြောက်စက္ကန့်ကြာတဲ့အခါ ကလေးနှစ်ယောက်လုံး တူညီတဲ့အချိန်မှာပဲ သူတို့စီးနေတဲ့ ပုခက်ရဲ့ အမြင့်ဆုံးနေရာကို တူတူရောက်မိနေမှာမျိုးပါ၊ ဒါက ဘာလို့လဲဆိုရင် အဲ့ဒီကလေးနှစ်ယောက်ရဲ့ orbital resonance က 2:3 ဖြစ်လို့ပါ။ လနဲ့ ကမ္ဘာရဲ့ ပတ်လမ်းအနေအထားကတော့ 1:1 ဖြစ်ပါတယ်။ လက ကမ္ဘာကို တစ်ပတ်ပတ်မိဖို့ ၂၇ ရက်ကြာပါတယ်။ လက မိမိဝင်ရိုးပေါ်မှာ လည်ပတ်တာ တစ်ပတ်ပြည့်ဖို့ကလည်း ၂၇ ရက်ကြာပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က ကမ္ဘာပေါ်ကနေ လကိုကြည့်တဲ့အခါတိုင်း လရဲ့ မျက်နှာပြင်ဖက်ခြမ်းကိုပဲ အမြဲတမ်းမြင်ရတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ခုနက ကလေးနှစ်ယောက်လုံးရဲ့ ပုခက်က အမြင့်ဆုံး point တစ်ခုကို တူညီတဲ့အချိန်မှာ ရောက်ကြပြီး တူညီတဲ့အရှိန်နဲ့ ထပ်တူညီကျလွှဲနေတာပါ။ ဒါကြောင့် Quasi လတေွက ကမ္ဘာရဲ့ လနဲ့ ဆင်တူတဲ့ လည်ပတ်ပုံရှိတယ်။ မတူညိီတာသည် သူတို့ရဲ့ ပတ်လမ်းဖြစ်တယ်။ ကမ္ဘာရဲ့ လက ကမ္ဘာ့ဒြပ်ဆွဲစက်ကွင်းအတွင်းမှာ တည်တည်ငြိမ်ငြိမ်လည်ပတ်နေပေမယ့် ခုနက Quasi လတွေက ကမ္ဘာ့ဒြပ်ဆွဲစက်ကွင်းကို အပြည့်အဝသက်ရောက်တာမခံရပါဘူး၊ ဒါကြောင့်မလို့ ကမ္ဘာရဲ့ ဒြပ်ဆွဲအားသက်ရောက်တဲ့ အစွန်အဖျားနားလောက်မှာ ကပ်လှည့်နေတတ်ပြီး လည်ပတ်နေတုန်း နေလို ဒြပ်ဆွဲအားပိုပြင်းတာတွေရဲ့ သက်ရောက်မှုထဲ ရောက်သွားရင်တော့ ကမ္ဘာ့ပတ်လမ်းကြောင်းကနေ သွေဖယ်သွားပါတယ်။ ဒါကြောင့် အဲ့ဒီ Quasi တွေရဲ့ ပတ်လမ်းက အတည်တကျမရှိဘဲ အမြဲတမ်းပြောင်းလဲနေတတ်ပါတယ်။ တချို့က နှစ်ရာနဲ့ချီအောင် ကမ္ဘာကိုလှည့်နေပေမယ့် တချို့ကတော့ တစ်ပတ် ဆယ်ရက်တည်းနဲ့တင် အာကာသအပြင်ဘက်ထဲ ပြန်ထွက်သွားတာမျိုးတွေရှိပါတယ်။
ဒီလိုဂြိုဟ်သိမ်လတွေက အခုမှ စတွေ့တာမဟုတ်ဘဲ ဟိုအရင်အချိန်တွေကတည်းက တွေ့ရှိခဲ့တာမျိုးတွေ ရှိပါတယ်။ ဥပမာအနေနဲ့ ၁၉၈၆ ခုနှစ်ကတွေ့ရှိခဲ့တဲ့ အချင်း ငါးကီလိုမီတာအကျယ်ရှိ 3753 Cruithne ဂြိုဟ်ရံလသိမ်၊ ၂၀၀၆ ခုနှစ်တုန်းက တွေ့ရှိခဲ့တဲ့ 2006 RH120၊ ၂၀၁၆ တုန်းကတွေ့ခဲ့တဲ့ 2016 HO3 စတာတွေအကုန်လုံးက Quasi တွေဖြစ်ကြပါတယ်။ ဒီအာကာသအရာဝတ္ထုတွေက ကမ္ဘာက လနဲ့ လည်ပတ်ပုံခြင်းဆင်တူတာက လွဲရင် ကျန်တာအကုန်လုံး အာကာသထဲမှာတည်ရှိနေတဲ့ ဂြိုဟ်သိမ်ဂြိူဟ်မွှားတစ်ခုထက် မပိုပါဘူး။ ကျွန်တော်တို့ကမ္ဘာရဲ့ ရှု့ထောင့်ကကြည့်ရင် အဲ့ဒီဂြိုဟ်သိမ်တွေက ကမ္ဘာကို အမြဲတစေ ကမ္ဘာကိုလှည့်ပတ်နေတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ကမ္ဘာရဲ့ ‘လ’ လို့ သတ်မှတ်တာကတော့ အကြီးအကျယ်လွဲမှားတဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေအနေနဲ့ ပြည်သူလူထုကြား ဖြန့်ဝေတဲ့အခါ အချက်အလက်ပိုင်း စစ်ဆေးဖို့ အကြံပြုလိုပါတယ်ခင်ဗျား။
Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People.
With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.
Article Credits
Written by
Zwe Thukha Min
Managing Editor
Fact Hub Editor Team