April 18, 2026 | မြန်မာ
Linguistics Featured Featured Story

စကားကို စူးစမ်းသင်ယူချိန်မှာ ကလေးတွေ လုပ်တတ်တဲ့ အမှားလေးတွေ

ကလေးတွေ စကားပြောတတ်အောင် သင်ယူနေချိန်မှာ သူတို့အနီးဝန်းကျင်မှာ ရှိတဲ့ သက်ရှိတွေဆီက အသံတွေကို ဖမ်းယူပြီး ကြားရဖန်များလာတဲ့အခါ အဲဒီအသံတွေအတိုင်း လိုက်တုပပြီး အသံထွက်တတ်ကြပါတယ်။ အထိအတွေ့အများဆုံးက မိခင်ဖြစ်ရင် မိခင်ဆီက စကားပြောသံ၊ စကားပြောဟန်တွေကို စောင့်ကြည့်လေ့လာပြီး မိခင်ပြောတဲ့ စကားလုံးတွေထဲက သူတို့ ဖမ်းမိသလောက် စကားလုံးတွေ၊ အကြားရအများဆုံးစကားလုံးတွေကို အသံ၊ သို့မဟုတ် စကားသံအဖြစ် ပြန်ထုတ်တတ်ကြတာပေါ့။ ဥပမာ မိခင်ဖြစ်သူက သူ့ကိုယ်သူ “မေမေ” လို့ ရည်ညွှန်းပြီး ကလေးရှေ့မှာ ပြောဖန်များလာတဲ့အခါ ကလေးက မိခင်ကို မြင်တဲ့အခါ “မေမေ” လို့ အသံထွက်ညွှန်ပြတတ်လာတာမျိုး ဖြစ်ပါတယ်။ စကားလုံးတွေ၊စကားတွေကို သင်ယူနေချိန်မှာ ကလေးတွေအနေနဲ့ စံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ တပြေးတညီတည်း သင်ယူနိုင်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ လုပ်တတ်တဲ့ အမှားလေးတွေလဲ ရှိနေပါတယ်။ မွေးဖွားပြီးအချိန်ကနေ ပထမဆုံး ထိတွေ့ရတဲ့ ပထမဘာသာစကားကို စူးစမ်းသင်ယူနေချိန်မှာ ကလေးတွေ လုပ်တတ်တဲ့အမှားတွေကို အောက်ပါအတိုင်း အဓိကအုပ်စု ၃ စု ခွဲထုတ်လိုက်လို့ ရပါတယ်။ အဲဒီအုပ်စု ၃ စုကတော့ – ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) မြန်မာဘာသာ သိပ္ပံသတင်း အပတ်တိုင်း သင့်ဆီ Subscribe ၃။ Underextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်း) တို့ပဲ ဖြစ်ပါတယ်။ ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) အရွယ်ရောက်သူသုံးဘာသာစကားမှာ တိရစ္ဆာန်တွေ၊ ပစ္စည်းတွေ၊ အရာဝတ္ထုတွေ၊ အပင်တွေ စတဲ့ အရာရာကို အမျိုးအစားခွဲခြားပြီး ဘယ်အရာက ဘာရယ်လို့ သတ်သတ်မှတ်မှတ် ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ဥပမာ အမှောင်မှာ မြင်နိုင်စွမ်းရှိပြီး ကြွက်ခုပ်တတ်တဲ့ သားစားအိမ်မွေးတိရစ္ဆာန်ကို “ကြောင်”၊ အဝါရောင်မှာ အနက်စင်းတွေ ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျား”၊ ညိုဝါရောင်အခံမှာ အနက်ပြောက်ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျားသစ်” လို့ အရွယ်ရောက်ပြီးသူတွေက သတ်မှတ်ခေါ်ဆိုကြတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကတော့ “ကျား” ကိုလဲ “ကြောင်”၊ “ကျားသစ်” ကိုလဲ “ကြောင်” ဆိုပြီး သူတို့စိတ်ထဲ ကောက်ချက်ချထားတဲ့အတိုင်း ခေါ်တတ်ကြပါတယ်။သူတို့လေးတွေရဲ့ သင်ယူထားတာတွေထဲမှာ “ကျား” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့ မခေါ်ဘဲ “ကျား” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့၊ “ကျားသစ်” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့မခေါ်ဘဲ “ကျားသစ်” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့ မပါရှိနေသေးတာကြောင့် သိရင်းစွဲ ဝေါဟာရဖြစ်တဲ့ “ကြောင်” နဲ့ပဲ အခြားတိရစ္ဆာန်တွေကိုပါ ရည်ညွှန်းခေါ်ဆိုတတ်ကြတဲ့ အခြေအနေလေးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာစကားကို စူးစမ်းသင်ယူနေတဲ့ ကလေးတွေမှာ ဖြစ်တတ်တာ နောက်တစ်ခုက အများကိန်းနဲ့အတိတ်ကာလပြကြိယာတွေကို အသုံးပြုပုံမှားယွင်းနေကြတာတွေပါ။ ဥပမာပေးရရင် “mice” အစား “mouses” လို့ပြောတာတွေ၊ “teeth” အစား “tooths” လို့ ပြောတာတွေလိုမျိုး အနည်းကိန်းကနေ အများကိန်းပြောင်းတဲ့အခါမှာ “s” ထည့်လိုက်တာနဲ့ အများကိန်းဖြစ်သွားမယ် ဆိုပြီး ကောက်ချက်ချထားတာမျိုး၊ “brought” အစား “bringed” လို့ ပြောတာတွေ၊ “said” အစား “sayed” လို့ ပြောတာတွေလိုမျိုး ပစ္စုပ္ပန်ကာလပြကြိယာကနေ အတိတ်ကာလပြကြိယာအဖြစ်ပြောင်းတဲ့အခါ မူရင်းကြိယာမှာ “-ed” ထည့်လိုက်ရင် ရပြီ ဆိုပြီး ကောင်ချက်ချထားတာမျိုးတွေ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) လို့ ခေါ်ပါတယ်။ သူ့ရဲ့ ဆန့်ကျင်ဘက်ကတော့ Undergeneralisation ပဲ ဖြစ်ပါတယ်။ ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) မိဘတွေက ကလေးကို ပွေ့ပြီး ညနေခင်းမှာ လမ်းလျှောက်ထွက်တယ် ဆိုပါစို့။ အဲဒီညနေခင်းမှာ ရာသီဥတုသာယာတဲ့အတွက် လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေနဲ့ ငှက်အမျိုးအစားအချို့ကို ကလေးက မြင်မိမယ်။ အဲဒီအခါမှာ ကလေးကလိပ်ပြာကို မြင်တော့လဲ “စာကလေး”၊ “ပုစဉ်းကို မြင်တော့လဲ “စာကလေး”၊ ဗျိုင်းတွေ လေးကောင်အတန်းလိုက် ပျံသွားတာကို ခပ်ဝေးဝေးဆီက မြင်တော့လဲ “စာကလေး”၊ စာကလေးကို မြင်တော့လဲ “စာကလေး” ဆိုပြီး အသံထွက်ရည်ညွှန်းပြမယ်။ ဒါ့အပြင် လေထဲမှာ မြင်ရသမျှ တွေ့ရသမျှ အကောင်လေးတွေကို “စာကလေး” လို့ပဲ ကလေးက ခေါ်နေမယ်။ကလေးဟာ “လေထဲမှာ ရှိနေခြင်း” ဆိုတဲ့ ဘုံတူညီချက်တစ်ခုတည်းကိုပဲ စွဲမှတ်ထားပြီး ရည်ညွှန်းပြနေတာဖြစ်ပါတယ်။ ဒီအခြေအနေဟာ တိကျသေချာတဲ့ သတ်မှတ်ချက် ရှိပြီးသား စကားလုံးကိုပဲ အသုံးပြုပြီး တိကျသေချာစွာ သတ်မှတ်ထားခြင်း မရှိဘဲ ယေဘုယျအချက်တစ်ချက်ကို မြင်တွေ့တာနဲ့ ရည်ညွှန်းလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါကိုOverextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) လို့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။ ဒီအခြေအနေမှာကလေးရဲ့ သတ်မှတ်နိုင်စွမ်းကနေ သိနိုင်တဲ့ အချက်တစ်ချက်ကတော့ ကလေးဟာ သူ့အနီးနားဝန်းကျင်မှာ ရှိနေတဲ့ အရာတွေထဲက တူညီတဲ့ ဘုံအချက်ကို သတိပြုနေမိတယ် ဆိုတာပါပဲ။ လေ့လာချက်တစ်ခုအရ ကလေးတွေဟာ သူတို့ ပထမဆုံး သင်ယူထားတဲ့ စကားလုံး ၇၅ လုံးထဲက သုံးပုံတစ်ပုံကို လွန်ကဲစွာ တိုးချဲ့သတ်မှတ်တတ်ကြတာကို တွေ့ရှိထားပါတယ်။ အစောဆုံး သင်ယူထားတဲ့ အသုံးအများဆုံးစကားလုံးတွေကိုပဲလွန်ကဲစွာ တိုးချဲ့သတ်မှတ်တတ်ကြတာပါ။  Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) ကို (က)…

Contents
Text size

ကလေးတွေ စကားပြောတတ်အောင် သင်ယူနေချိန်မှာ သူတို့အနီးဝန်းကျင်မှာ ရှိတဲ့ သက်ရှိတွေဆီက အသံတွေကို ဖမ်းယူပြီး ကြားရဖန်များလာတဲ့အခါ အဲဒီအသံတွေအတိုင်း လိုက်တုပပြီး အသံထွက်တတ်ကြပါတယ်။ အထိအတွေ့အများဆုံးက မိခင်ဖြစ်ရင် မိခင်ဆီက စကားပြောသံ၊ စကားပြောဟန်တွေကို စောင့်ကြည့်လေ့လာပြီး မိခင်ပြောတဲ့ စကားလုံးတွေထဲက သူတို့ ဖမ်းမိသလောက် စကားလုံးတွေ၊ အကြားရအများဆုံးစကားလုံးတွေကို အသံ၊ သို့မဟုတ် စကားသံအဖြစ် ပြန်ထုတ်တတ်ကြတာပေါ့။ ဥပမာ မိခင်ဖြစ်သူက သူ့ကိုယ်သူ “မေမေ” လို့ ရည်ညွှန်းပြီး ကလေးရှေ့မှာ ပြောဖန်များလာတဲ့အခါ ကလေးက မိခင်ကို မြင်တဲ့အခါ “မေမေ” လို့ အသံထွက်ညွှန်ပြတတ်လာတာမျိုး ဖြစ်ပါတယ်။ စကားလုံးတွေ၊စကားတွေကို သင်ယူနေချိန်မှာ ကလေးတွေအနေနဲ့ စံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ တပြေးတညီတည်း သင်ယူနိုင်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ လုပ်တတ်တဲ့ အမှားလေးတွေလဲ ရှိနေပါတယ်။

မွေးဖွားပြီးအချိန်ကနေ ပထမဆုံး ထိတွေ့ရတဲ့ ပထမဘာသာစကားကို စူးစမ်းသင်ယူနေချိန်မှာ ကလေးတွေ လုပ်တတ်တဲ့အမှားတွေကို အောက်ပါအတိုင်း အဓိကအုပ်စု  စု ခွဲထုတ်လိုက်လို့ ရပါတယ်။ အဲဒီအုပ်စု  စုကတော့ –

၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း)

၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း)

မြန်မာဘာသာ သိပ္ပံသတင်း အပတ်တိုင်း သင့်ဆီ

၃။ Underextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်း)

တို့ပဲ ဖြစ်ပါတယ်။

၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း)

အရွယ်ရောက်သူသုံးဘာသာစကားမှာ တိရစ္ဆာန်တွေ၊ ပစ္စည်းတွေ၊ အရာဝတ္ထုတွေ၊ အပင်တွေ စတဲ့ အရာရာကို အမျိုးအစားခွဲခြားပြီး ဘယ်အရာက ဘာရယ်လို့ သတ်သတ်မှတ်မှတ် ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ဥပမာ အမှောင်မှာ မြင်နိုင်စွမ်းရှိပြီး ကြွက်ခုပ်တတ်တဲ့ သားစားအိမ်မွေးတိရစ္ဆာန်ကို “ကြောင် အဝါရောင်မှာ အနက်စင်းတွေ ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျား ညိုဝါရောင်အခံမှာ အနက်ပြောက်ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျားသစ်” လို့ အရွယ်ရောက်ပြီးသူတွေက သတ်မှတ်ခေါ်ဆိုကြတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကတော့ “ကျား” ကိုလဲ “ကြောင် “ကျားသစ်” ကိုလဲ “ကြောင်” ဆိုပြီး သူတို့စိတ်ထဲ ကောက်ချက်ချထားတဲ့အတိုင်း ခေါ်တတ်ကြပါတယ်။သူတို့လေးတွေရဲ့ သင်ယူထားတာတွေထဲမှာ “ကျား” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့ မခေါ်ဘဲ “ကျား” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့၊ “ကျားသစ်” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့မခေါ်ဘဲ “ကျားသစ်” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့ မပါရှိနေသေးတာကြောင့် သိရင်းစွဲ ဝေါဟာရဖြစ်တဲ့ “ကြောင်” နဲ့ပဲ အခြားတိရစ္ဆာန်တွေကိုပါ ရည်ညွှန်းခေါ်ဆိုတတ်ကြတဲ့ အခြေအနေလေးတွေ ရှိတတ်ပါတယ်။

ဒါ့အပြင် အင်္ဂလိပ်ဘာသာစကားကို စူးစမ်းသင်ယူနေတဲ့ ကလေးတွေမှာ ဖြစ်တတ်တာ နောက်တစ်ခုက အများကိန်းနဲ့အတိတ်ကာလပြကြိယာတွေကို အသုံးပြုပုံမှားယွင်းနေကြတာတွေပါ။ ဥပမာပေးရရင် “mice” အစား “mouses” လို့ပြောတာတွေ၊ “teeth” အစား “tooths” လို့ ပြောတာတွေလိုမျိုး အနည်းကိန်းကနေ အများကိန်းပြောင်းတဲ့အခါမှာ “s” ထည့်လိုက်တာနဲ့ အများကိန်းဖြစ်သွားမယ် ဆိုပြီး ကောက်ချက်ချထားတာမျိုး၊ “brought” အစား “bringed” လို့ ပြောတာတွေ၊ “said” အစား “sayed” လို့ ပြောတာတွေလိုမျိုး ပစ္စုပ္ပန်ကာလပြကြိယာကနေ အတိတ်ကာလပြကြိယာအဖြစ်ပြောင်းတဲ့အခါ မူရင်းကြိယာမှာ “-ed” ထည့်လိုက်ရင် ရပြီ ဆိုပြီး ကောင်ချက်ချထားတာမျိုးတွေ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကို Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်းလို့ ခေါ်ပါတယ်။ သူ့ရဲ့ ဆန့်ကျင်ဘက်ကတော့ Undergeneralisation ပဲ ဖြစ်ပါတယ်။

၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း)

မိဘတွေက ကလေးကို ပွေ့ပြီး ညနေခင်းမှာ လမ်းလျှောက်ထွက်တယ် ဆိုပါစို့။ အဲဒီညနေခင်းမှာ ရာသီဥတုသာယာတဲ့အတွက် လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေနဲ့ ငှက်အမျိုးအစားအချို့ကို ကလေးက မြင်မိမယ်။ အဲဒီအခါမှာ ကလေးကလိပ်ပြာကို မြင်တော့လဲ “စာကလေး “ပုစဉ်းကို မြင်တော့လဲ “စာကလေး ဗျိုင်းတွေ လေးကောင်အတန်းလိုက် ပျံသွားတာကို ခပ်ဝေးဝေးဆီက မြင်တော့လဲ “စာကလေး စာကလေးကို မြင်တော့လဲ “စာကလေး” ဆိုပြီး အသံထွက်ရည်ညွှန်းပြမယ်။ ဒါ့အပြင် လေထဲမှာ မြင်ရသမျှ တွေ့ရသမျှ အကောင်လေးတွေကို “စာကလေး” လို့ပဲ ကလေးက ခေါ်နေမယ်။ကလေးဟာ “လေထဲမှာ ရှိနေခြင်း” ဆိုတဲ့ ဘုံတူညီချက်တစ်ခုတည်းကိုပဲ စွဲမှတ်ထားပြီး ရည်ညွှန်းပြနေတာဖြစ်ပါတယ်။

ဒီအခြေအနေဟာ တိကျသေချာတဲ့ သတ်မှတ်ချက် ရှိပြီးသား စကားလုံးကိုပဲ အသုံးပြုပြီး တိကျသေချာစွာ သတ်မှတ်ထားခြင်း မရှိဘဲ ယေဘုယျအချက်တစ်ချက်ကို မြင်တွေ့တာနဲ့ ရည်ညွှန်းလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါကိုOverextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်းလို့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။ ဒီအခြေအနေမှာကလေးရဲ့ သတ်မှတ်နိုင်စွမ်းကနေ သိနိုင်တဲ့ အချက်တစ်ချက်ကတော့ ကလေးဟာ သူ့အနီးနားဝန်းကျင်မှာ ရှိနေတဲ့ အရာတွေထဲက တူညီတဲ့ ဘုံအချက်ကို သတိပြုနေမိတယ် ဆိုတာပါပဲ။

လေ့လာချက်တစ်ခုအရ ကလေးတွေဟာ သူတို့ ပထမဆုံး သင်ယူထားတဲ့ စကားလုံး ၇၅ လုံးထဲက သုံးပုံတစ်ပုံကို လွန်ကဲစွာ တိုးချဲ့သတ်မှတ်တတ်ကြတာကို တွေ့ရှိထားပါတယ်။ အစောဆုံး သင်ယူထားတဲ့ အသုံးအများဆုံးစကားလုံးတွေကိုပဲလွန်ကဲစွာ တိုးချဲ့သတ်မှတ်တတ်ကြတာပါ။ 

Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်းကို (က) categorical overinclusions (ခြွင်းချက်မရှိလွန်ကဲစွာ ဝေါဟာရထည့်သွင်းခြင်းများ) () analogical overextensions (ညှိနှိုင်း၍ ရသည့် ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်းနဲ့ () predicate statements (ဝါစကအဆိုပြုချက်များဆိုပြီး အုပ်စုထပ်မံခွဲခြားနိုင်တဲ့အပြင်စကားလုံးအသုံးပြုပုံအခြေခံအနေနဲ့ တာဝန်ထမ်းဆောင်တဲ့ အချက်အလက်တွေကို (က) perceptual (သိမြင်နိုင်သော)() action-functional (လက်တွေ့ကျလုပ်ဆောင်နိုင်စွမ်းသော) () affective (ထိခိုက်လှုပ်ရှားစေသောနဲ့ () contextual (စကားစပ်အရဖြစ်သောဆိုပြီး အမျိုးအစားခွဲထုတ်နိုင်ပါတယ်။

၃။ Underextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်း)

ကလေးတစ်ယောက်ဟာ သူ့အိမ်မှာ အိမ်မွေးတိရစ္ဆာန်အနေနဲ့ ခွေးလေးတစ်ကောင် မွေးထားမယ်။ သူ နေထိုင်တဲ့ လမ်းထဲမှာလဲ အခြားကလေးအချို့က ခွေးလေးတွေ မွေးထားမယ်။ လမ်းထဲမှာ ခွေးလေခွေးလွင့်လေးတွေ ရှိမယ်။ ပန်းခြံထဲ သွားတဲ့အခါ၊ ခရီးသွားတဲ့အခါ၊ ဆွေမျိုးတွေရဲ့ အိမ်မှာ၊ မုန့်ဆိုင်မှာ စသဖြင့် နေရာအမျိုးမျိုးမှာ ခွေးလေးတွေ တွေ့မိမြင်မိမယ်။ ဒါပေမဲ့ ကလေးက သူ့အိမ်မှာ မွေးထားတဲ့ ခွေးလေးကိုပဲ “ခွေး” လို့ ခေါ်ပြီး အခြားနေရာတွေမှာ တွေ့ရတဲ့ ခွေးတွေကို “ခွေး” လို့ မခေါ်တတ်ဖြစ်နေမယ်။

နောက်ထပ်ဖြစ်ရပ်တစ်ခုက ကလေးတစ်ယောက်က သူ သောက်နေကျ ကြွေခွက်အဝိုင်းနှုတ်ခမ်းပဲ့လေးနဲ့ ထည့်ပေးလိုက်တဲ့ အရည်တစ်မျိုးကို “အချိုရည်” လို့ ခေါ်ပြီး အဲဲဒီအရည်ကိုပဲ အခြားထည့်သောက်စရာ တစ်မျိုးမျိုးနဲ့ ထည့်ပေးလိုက်တဲ့အခါ တူညီတဲ့ အရည်တစ်မျိုးတည်း ဆိုပေမဲ့ ပုံစံပြောင်းသွားတဲ့ ခွက်လေးထဲက အရည်ကိုတော့ “အချိုရည်” လို့ မခေါ်တတ်တော့ဘူး။ အဲဒီအချိုရည်ကိုပဲ အခြားအိမ်၊ အခြားနေရာက သောက်စရာ ခွက်တစ်ခုခုနဲ့ ထည့်ပေးရင်တောင် “အချိုရည်” လို့ မခေါ်ဘဲ မတူညီတဲ့ အရည်တွေပဲလို့ ကလေးက သတ်မှတ်မိမယ်။

ဒီဖြစ်ရပ်နှစ်ခုဟာ ကလေးတစ်ယောက်ရဲ့ ဝေါဟာရသတ်မှတ်ခြင်းစွမ်းရည်က လိုအပ်တာထက် ပိုပြီး လျော့နည်းနေတဲ့အခြေအနေကို ညွှန်ပြနေကြတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို Under-extension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်းလို့ ပညာရှင်တွေက ဆိုကြပါတယ်။

ကလေးတွေ လုပ်တတ်တဲ့ ဒီအမှားလေးတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက် တစ်ထပ်တည်းတော့ တူညီနေကြမှာမဟုတ်ပါဘူး။ ကလေး နေထိုင်ကြီးပြင်းရာ မိသားစုရဲ့ လူမှုရေးနောက်ခံ၊ ရေမြေနောက်ခံ၊ စီးပွါးရေးနောက်ခံ၊ ပညာရေးနောက်ခံ စတဲ့ အမျိုးမျိုးသော နောက်ခံအကြောင်းတရားတွေအပေါ်မှာလဲ မူတည်နေပါသေးတယ်။

အချုပ်အနေနဲ့ ဆိုရရင် ကလေးတွေဟာ အုပ်ထိန်းသူ၊ အနေနီးသူနဲ့ သူ့အနားဝန်းကျင်က လောကြီးဆီကနေ စကားလုံးတွေကို အချိန်နဲ့အမျှ သင်ယူနေကြတာဖြစ်ပါတယ်။ ဒီလိုသင်ယူနေချိန်မှာ မြင်တွေ့နေရတဲ့ အရာဝတ္ထုတွေကို လွန်ကဲပြီးပဲဖြစ်ဖြစ်၊ လျော့နည်းပြီးပဲဖြစ်ဖြစ် ဝေါဟာရတွေနဲ့ တွဲစပ်သတ်မှတ်ကြပါလိမ့်မယ်။ သူ ပြောချင်တဲ့ အရာကို ရည်ညွှန်းထုတ်ပြောလိုက်တဲ့ စကားလုံးက အရွယ်ရောက်သူသုံးဘာသာစကားက စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီနေတာတွေ ရှိကောင်းရှိနေပါလိမ့်မယ်။ အဲဒီအခါမှာ မိဘတွေ၊ အုပ်ထိန်းသူတွေက ကလေးတွေကို ဒီအရာကို ဒီလို ခေါ်ရမယ် ဆိုတဲ့အတင်းအကြပ်မှတ်ယူခိုင်းတာမျိုး မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ကပါ ကလေး မှတ်သားသက်ယူချင်လာအောင်၊ မှန်မှန်ကန်ကန် ရည်ညွှန်းသတ်မှတ်တတ်လာအောင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်တတ်ဖို့ အမှန်တကယ် လိုအပ်ပါတယ်။     

Htet Phone Shein

Htet Phone Shein is a Bangkok-based writer, poet, and literary translator with a deep commitment to the craft of language — both in the making of original work and in the faithful rendering of others'. He served as Final-review Editor at Fact Hub Myanmar, where he set and upheld the editorial standards that defined the publication's voice and rigour. He is currently studying British and American Studies at Thammasat University's Faculty of Liberal Arts, alongside a degree in Business Administration at the University of the People. With a foundation in Myanmar Literature and Linguistics from Mandalay University and further studies at Uppsala University's Department of English, his literary sensibility is shaped by both tradition and cross-cultural exposure. He is the author of three novels — Lost Love Floating in the Sea, Moon's Footmark, and You I've Never Seen, I I've Never Seen — and has translated six books into Burmese, including works by Zen philosopher Thich Nhat Hanh, The Four Agreements, and Steal Like An Artist. His critical essays, among them a close reading of Yay Aye's short story Bonsai, reflect his sustained interest in how literature builds meaning across culture and community. His forthcoming poetry collection, The Bridge, marks his next step as a poet. When he isn't writing or translating, he runs and reads — and those who work with him will tell you he gets things done, quietly and on his own terms.

Article Credits

Written by Htet Phone Shein
Managing Editor Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.