April 18, 2026 | မြန်မာ
Htet Phone Shein

Htet Phone Shein

Htet Phone Shein is a Bangkok-based writer, poet, and literary translator with a deep commitment to the craft of language — both in the making of original work and in the faithful rendering of others'. He served as Final-review Editor at Fact Hub Myanmar, where he set and upheld the editorial standards that defined the publication's voice and rigour. He is currently studying British and American Studies at Thammasat University's Faculty of Liberal Arts, alongside a degree in Business Administration at the University of the People. With a foundation in Myanmar Literature and Linguistics from Mandalay University and further studies at Uppsala University's Department of English, his literary sensibility is shaped by both tradition and cross-cultural exposure. He is the author of three novels — Lost Love Floating in the Sea, Moon's Footmark, and You I've Never Seen, I I've Never Seen — and has translated six books into Burmese, including works by Zen philosopher Thich Nhat Hanh, The Four Agreements, and Steal Like An Artist. His critical essays, among them a close reading of Yay Aye's short story Bonsai, reflect his sustained interest in how literature builds meaning across culture and community. His forthcoming poetry collection, The Bridge, marks his next step as a poet. When he isn't writing or translating, he runs and reads — and those who work with him will tell you he gets things done, quietly and on his own terms.

9 articles
Content type: Featured 1 Explainers 6 Articles 2

ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

ငလျင်ဟာ မိနစ်ပိုင်းလေးအတွင်းမှာတင် လူအများကြီးရဲ့ ဘဝတွေကို အကြီးအကျယ် ပြောင်းလဲစေနိုင်ခဲ့တာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရပြီးပါပြီ။ အားကောင်းတဲ့ ငလျင်ဒဏ်ကို ခံခဲ့ရပြီးတဲ့နောက် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရသူတွေ၊ အသက်ဘေးကနေ လွတ်မြောက်လာသူတွေကြားမှာ Survivor Guilt (ရှင်ကျန်ရစ်ရတဲ့အတွက် အပြစ်ရှိသလို ခံစားရတာ) တွေ ဖြစ်ကြမှာ အနည်းနဲ့အများပါပဲ။ ဒီငလျင်ဒဏ်ကနေ လွတ်မြောက်ပြီး ရှင်သန်ကျန်ရစ်ရတဲ့အခါ —“ငါတို့အိမ်ကပဲ ပြိုမသွားခဲ့ဘူး…

Htet Phone Shein · Apr 2, 2026 · 1 min read

အရေးပေါ်အခြေအနေတွေမှာ ရေကို ဘယ်လို သန့်စင်မလဲ . . . ?

ငလျင်ဘေးဒဏ် ကြုံရတဲ့ အရေးပေါ်အခြေအနေတွေမှာ သောက်သုံးရေကတစ်ဆင့် ကျန်းမာရေးအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ များစွာ ဖြစ်စေနိုင်ပါတယ်။ ပိုက်ခေါင်းက လာတဲ့ ရေတွေ၊ ဘုံပိုင်ရေတွေ၊ စိတ်မချရတဲ့ အခြားအရင်းအမြစ်က လာတဲ့ ရေတွေဟာ တိုက်ရိုက်သောက်သုံးတာ၊ ချက်ပြုတ်ဖို့ သုံးတာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် သုံးတာမျိုးတွေအတွက် မသင့်တော်ပါဘူး။ ဒါကြောင့် ယခုလို ဒီလိုကာလမှာ ရေကို ဘယ်လို သန့်စင်နိုင်ပါသလဲ…

Htet Phone Shein · Mar 30, 2025 · 4 min read
Linguistics Analysis

“ခွေး” သည် “ခွေး” မဟုတ်ဘဲ “ကြောင်” ဖြစ်သည် ဆိုပါစို့ နှင့် ပလာတာ ထပ်တရာ ပြဿနာ

ကိုယ့်အနားမှာ “ဝုတ် ဝုတ်” လို့ ဟောင်နေတဲ့ သတ္တဝါတစ်ကောင် ရှိနေမယ်၊ ဒီသတ္တဝါကို သင်က “ခွေး” လို့ ခေါ်လေ့ရှိမယ်။ ဒါပေမဲ့ သင့်အနားကို လူတစ်ယောက် ရောက်လာပြီး ဒီသတ္တဝါကို “ကြောင်” လို့ ပြောလိုက်တဲ့အခါ သင် ဘယ်လို ထင်မိမလဲ။ ဒီလူက ပုံမှန်ရော ဟုတ်ရဲ့လား၊ ထူးဆန်းနေပါလား၊ ငါတို့အားလုံးနီးပါး ခေါ်နေကြတဲ့ “ခွေး” ကို သူက ဘာကြောင့် “ကြောင်” လို့ ခေါ်နေတာလဲ၊ တစ်ခုခုတော့ တစ်ခုခုပဲ . . . စသဖြင့် တွေးကောင်းတွေးနေမိနိုင်ပါတယ်။ အများသဘောတူ လက်ခံထားတဲ့ ဝေါဟာရသတ်မှတ်ချက်ကို အခြားလူတစ်ယောက်က သွေဖည်ပြောလိုက်တဲ့အခါ ဒါဟာ လွဲမှားမှုတစ်ခု ဟုတ်ပါသလား . . . ။

Htet Phone Shein · Jan 13, 2024 · 7 min read
Literature Explainer

“သရုပ်ဖော်ရေးသားခြင်းနှင့် နိမိတ်ပုံများကြားက ဆက်စပ်ချက်”

“နိမိတ်ပုံ၏ အနက်နှင့် သဘောသဘာဝ” – ဖတ်ရန်နှိပ်ပါ။ ==== နိမိတ်ပုံဖန်တီးရာတွင် အသုံးပြုသော သရုပ်ဖော်နည်းသည် ဝတ္ထုများတွင် ထည့်သွင်းရေးသား လေ့ရှိသော သာမန်သရုပ်ဖော်နည်းများနှင့် မတူဘဲ စာရေးဆရာ၏ စေတနာနှင့် အတွေးခံစားမှုအသိ တို့ထိပါ ထင်ဟပ်နိုင်သော နည်းစနစ်ဖြစ်သည်။ ထိုအချက်နှင့် ပတ်သက်၍ “နိမိတ်ပုံ /Image/ မှတ်စု နှင့် မှတ်ချက်အချို့” တွင်…

Htet Phone Shein · Dec 23, 2023 · 4 min read
Linguistics Explainer

“နိမိတ်ပုံ၏ အနက်နှင့် သဘောသဘာဝ”

နိမိတ်ပုံဟူသော ဝေါဟာရသည် “image” ဟူသော အင်္ဂလိပ်ဝေါဟာရကို မြန်မာမှုပြုထားသော မွေးစားစကားလုံးတစ်ခု ဖြစ်သည်။ ထိုဝေါဟာရအသုံးကို ၁၉၆၂ ခုနှစ်တွင် “အလွမ်း၊ အဆွေး၊ အသောနှင့် စာရေးဆရာ” ဟူသော ဆောင်းပါး၌ ဆရာဇော်ဂျီက ဘာသာပြန်ကာ စတင်သုံးစွဲခဲ့ရာမှ ယနေ့ခေတ်အထိ အသုံးတွင်ကျယ်လာခဲ့သည်။ နိမိတ်ပုံ ဟူသော ဝေါဟာရနှင့် ပတ်သက်၍ “ကဗျာ့နရီနှင့် နိမိတ်ပုံ”…

Htet Phone Shein · Dec 12, 2023 · 3 min read

ဂေါ်ကီ၊ မြသန်းတင့်နဲ့ အလကားလူ

ဒီအချိန်မှာ ဖတ်တော့ ဒီဝတ္ထုက ကိုယ်နဲ့ ပိုပြီး နီးကပ်မှုကို ခံစားရစေတယ် လို့ ပြောရမယ်။ ဝတ္ထုနောက်ခံကာလက ၁၉၀၅ ခုနှစ် ရုရှား-ဂျပန်စစ်ပွဲကာလဆိုပေမဲ့ မူရင်းရေးသူရဲ့ ဇာတ်အိမ်ဖွဲ့မှုကြောင့်လို့ ဆိုရမလား၊ မြသန်းတင့်ရဲ့ ဘာသာပြန်လက်စွမ်းကြောင့်လို့ ပြောရမလား ကိုယ်တိုင်က ဝတ္ထုရဲ့ ပင်မဇာတ်ဆောင် ကလင်းကော့နဲ့အတူ အဲဒီခေတ်ထဲ လိုက်ပြီး ကြည့်နေရသလိုပဲ။ ကောင်းခြင်းနဲ့ပဲဖြစ်ဖြစ် ဆိုးခြင်းနဲ့ပဲဖြစ်ဖြစ်…

Htet Phone Shein · Dec 4, 2023 · 1 min read

ကောင်းသော ညပါ လမင်းကြီးရေ

ကလေးတွေရဲ့ ညအိပ်ရာဝင်ချိန်မှာ လမင်းကြီးဟာ အဓိကဇာတ်ဆောင်တွေထဲမှာ အကြားရဆုံး၊ အသိရဆုံး၊ အပြောပြရဆုံးဇာတ်ဆောင်တစ်ယောက်ဆိုရင် မှားမယ်မထင်ပါဘူး။ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ စာလေးတွေ၊ ကဗျာလေးတွေတောင် ရှိပါရဲ့။ “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွတ်သည့် အဘိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို၊ ပိုမိုသည့် စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အယောင်ပြတယ်၊ ဖိုးလနတ်သား”။ “ညအခါ၊ လသာသာ၊ ကစားမလား၊ နားမလား”။…

Htet Phone Shein · Oct 6, 2023 · 1 min read

စကားကို စူးစမ်းသင်ယူချိန်မှာ ကလေးတွေ လုပ်တတ်တဲ့ အမှားလေးတွေ

ကလေးတွေ စကားပြောတတ်အောင် သင်ယူနေချိန်မှာ သူတို့အနီးဝန်းကျင်မှာ ရှိတဲ့ သက်ရှိတွေဆီက အသံတွေကို ဖမ်းယူပြီး ကြားရဖန်များလာတဲ့အခါ အဲဒီအသံတွေအတိုင်း လိုက်တုပပြီး အသံထွက်တတ်ကြပါတယ်။ အထိအတွေ့အများဆုံးက မိခင်ဖြစ်ရင် မိခင်ဆီက စကားပြောသံ၊ စကားပြောဟန်တွေကို စောင့်ကြည့်လေ့လာပြီး မိခင်ပြောတဲ့ စကားလုံးတွေထဲက သူတို့ ဖမ်းမိသလောက် စကားလုံးတွေ၊ အကြားရအများဆုံးစကားလုံးတွေကို အသံ၊ သို့မဟုတ် စကားသံအဖြစ် ပြန်ထုတ်တတ်ကြတာပေါ့။ ဥပမာ မိခင်ဖြစ်သူက သူ့ကိုယ်သူ “မေမေ” လို့ ရည်ညွှန်းပြီး ကလေးရှေ့မှာ ပြောဖန်များလာတဲ့အခါ ကလေးက မိခင်ကို မြင်တဲ့အခါ “မေမေ” လို့ အသံထွက်ညွှန်ပြတတ်လာတာမျိုး ဖြစ်ပါတယ်။ စကားလုံးတွေ၊စကားတွေကို သင်ယူနေချိန်မှာ ကလေးတွေအနေနဲ့ စံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ တပြေးတညီတည်း သင်ယူနိုင်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ လုပ်တတ်တဲ့ အမှားလေးတွေလဲ ရှိနေပါတယ်။ မွေးဖွားပြီးအချိန်ကနေ ပထမဆုံး ထိတွေ့ရတဲ့ ပထမဘာသာစကားကို စူးစမ်းသင်ယူနေချိန်မှာ ကလေးတွေ လုပ်တတ်တဲ့အမှားတွေကို အောက်ပါအတိုင်း အဓိကအုပ်စု ၃ စု ခွဲထုတ်လိုက်လို့ ရပါတယ်။ အဲဒီအုပ်စု ၃ စုကတော့ – ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) ၃။ Underextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်း) တို့ပဲ ဖြစ်ပါတယ်။ ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) အရွယ်ရောက်သူသုံးဘာသာစကားမှာ တိရစ္ဆာန်တွေ၊ ပစ္စည်းတွေ၊ အရာဝတ္ထုတွေ၊ အပင်တွေ စတဲ့ အရာရာကို အမျိုးအစားခွဲခြားပြီး ဘယ်အရာက ဘာရယ်လို့ သတ်သတ်မှတ်မှတ် ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ဥပမာ အမှောင်မှာ မြင်နိုင်စွမ်းရှိပြီး ကြွက်ခုပ်တတ်တဲ့ သားစားအိမ်မွေးတိရစ္ဆာန်ကို “ကြောင်”၊ အဝါရောင်မှာ အနက်စင်းတွေ ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျား”၊ ညိုဝါရောင်အခံမှာ အနက်ပြောက်ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျားသစ်” လို့ အရွယ်ရောက်ပြီးသူတွေက သတ်မှတ်ခေါ်ဆိုကြတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကတော့ “ကျား” ကိုလဲ “ကြောင်”၊ “ကျားသစ်” ကိုလဲ “ကြောင်” ဆိုပြီး သူတို့စိတ်ထဲ ကောက်ချက်ချထားတဲ့အတိုင်း ခေါ်တတ်ကြပါတယ်။သူတို့လေးတွေရဲ့ သင်ယူထားတာတွေထဲမှာ “ကျား” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့ မခေါ်ဘဲ “ကျား” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့၊ “ကျားသစ်” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့မခေါ်ဘဲ “ကျားသစ်” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့ မပါရှိနေသေးတာကြောင့် သိရင်းစွဲ ဝေါဟာရဖြစ်တဲ့ “ကြောင်” နဲ့ပဲ အခြားတိရစ္ဆာန်တွေကိုပါ ရည်ညွှန်းခေါ်ဆိုတတ်ကြတဲ့ အခြေအနေလေးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာစကားကို စူးစမ်းသင်ယူနေတဲ့ ကလေးတွေမှာ ဖြစ်တတ်တာ နောက်တစ်ခုက အများကိန်းနဲ့အတိတ်ကာလပြကြိယာတွေကို အသုံးပြုပုံမှားယွင်းနေကြတာတွေပါ။ ဥပမာပေးရရင် “mice” အစား “mouses” လို့ပြောတာတွေ၊ “teeth” အစား “tooths” လို့ ပြောတာတွေလိုမျိုး အနည်းကိန်းကနေ အများကိန်းပြောင်းတဲ့အခါမှာ “s” ထည့်လိုက်တာနဲ့ အများကိန်းဖြစ်သွားမယ် ဆိုပြီး ကောက်ချက်ချထားတာမျိုး၊ “brought” အစား “bringed” လို့ ပြောတာတွေ၊ “said” အစား “sayed” လို့ ပြောတာတွေလိုမျိုး ပစ္စုပ္ပန်ကာလပြကြိယာကနေ အတိတ်ကာလပြကြိယာအဖြစ်ပြောင်းတဲ့အခါ မူရင်းကြိယာမှာ “-ed” ထည့်လိုက်ရင် ရပြီ ဆိုပြီး ကောင်ချက်ချထားတာမျိုးတွေ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) လို့ ခေါ်ပါတယ်။ သူ့ရဲ့ ဆန့်ကျင်ဘက်ကတော့ Undergeneralisation ပဲ ဖြစ်ပါတယ်။ ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) မိဘတွေက ကလေးကို ပွေ့ပြီး ညနေခင်းမှာ လမ်းလျှောက်ထွက်တယ် ဆိုပါစို့။ အဲဒီညနေခင်းမှာ ရာသီဥတုသာယာတဲ့အတွက် လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေနဲ့ ငှက်အမျိုးအစားအချို့ကို ကလေးက မြင်မိမယ်။ အဲဒီအခါမှာ ကလေးကလိပ်ပြာကို မြင်တော့လဲ “စာကလေး”၊ “ပုစဉ်းကို မြင်တော့လဲ “စာကလေး”၊ ဗျိုင်းတွေ လေးကောင်အတန်းလိုက် ပျံသွားတာကို ခပ်ဝေးဝေးဆီက မြင်တော့လဲ “စာကလေး”၊ စာကလေးကို မြင်တော့လဲ “စာကလေး” ဆိုပြီး အသံထွက်ရည်ညွှန်းပြမယ်။ ဒါ့အပြင် လေထဲမှာ မြင်ရသမျှ တွေ့ရသမျှ အကောင်လေးတွေကို “စာကလေး” လို့ပဲ ကလေးက ခေါ်နေမယ်။ကလေးဟာ “လေထဲမှာ ရှိနေခြင်း” ဆိုတဲ့ ဘုံတူညီချက်တစ်ခုတည်းကိုပဲ စွဲမှတ်ထားပြီး ရည်ညွှန်းပြနေတာဖြစ်ပါတယ်။ ဒီအခြေအနေဟာ တိကျသေချာတဲ့ သတ်မှတ်ချက် ရှိပြီးသား စကားလုံးကိုပဲ အသုံးပြုပြီး တိကျသေချာစွာ သတ်မှတ်ထားခြင်း မရှိဘဲ ယေဘုယျအချက်တစ်ချက်ကို မြင်တွေ့တာနဲ့ ရည်ညွှန်းလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါကိုOverextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) လို့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။ ဒီအခြေအနေမှာကလေးရဲ့ သတ်မှတ်နိုင်စွမ်းကနေ သိနိုင်တဲ့ အချက်တစ်ချက်ကတော့ ကလေးဟာ သူ့အနီးနားဝန်းကျင်မှာ ရှိနေတဲ့ အရာတွေထဲက တူညီတဲ့ ဘုံအချက်ကို သတိပြုနေမိတယ် ဆိုတာပါပဲ။ လေ့လာချက်တစ်ခုအရ ကလေးတွေဟာ သူတို့ ပထမဆုံး သင်ယူထားတဲ့ စကားလုံး ၇၅ လုံးထဲက သုံးပုံတစ်ပုံကို လွန်ကဲစွာ တိုးချဲ့သတ်မှတ်တတ်ကြတာကို တွေ့ရှိထားပါတယ်။ အစောဆုံး သင်ယူထားတဲ့ အသုံးအများဆုံးစကားလုံးတွေကိုပဲလွန်ကဲစွာ တိုးချဲ့သတ်မှတ်တတ်ကြတာပါ။  Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) ကို (က) categorical overinclusions (ခြွင်းချက်မရှိလွန်ကဲစွာ ဝေါဟာရထည့်သွင်းခြင်းများ)၊ (ခ) analogical overextensions…

Htet Phone Shein · Sep 12, 2023 · 3 min read
📰

ဂန္ထဝင်ကလေးစာပေအညွှန်း (၁)

လူတွေမှာ အာရုံငါးပါးနဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ အရာရာက စိတ်နဲ့ ကိုယ်အပေါ်မှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှုတွေ ရှိကြပါတယ်။ ဒီသက်ရောက်မှုတွေကို အခြေခံပြီး ဒါက ကောင်းလား၊ ဒါက မကောင်းသလား၊ ဒါက ဆိုးသလား၊ဒါက မဆိုးသလား စတဲ့ သတ်မှတ်ချက်တွေ ရှိလာကြတယ်။ စိတ်ခံစားချက်၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာတဲ့အခါ ဒေါသကို မကောင်းတဲ့၊ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ(negative emotions) စာရင်းထဲ ထည့်ထားကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက အရိုင်းဆန်ခြင်း။ ဒီအဓိပ္ပာယ်နဲ့ပတ်သက်လာရင် တိတိပပခွဲခြားပြဖို့က လူတစ်ဦးနဲ့ နောက်ခံအကြောင်းတရားများစွာကို ကြည့်ပြီးမှသာ ပြောပြနိုင်မှာဖြစ်ပါတယ်။ အရိုင်းဆန်တယ် ဆိုတာ ဘာလဲ။ မျက်နှာဖုံးတွေ မရှိတာလား။ အရေမခြုံထားတာကို ခေါ်တာလား။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ စစ်မှန်မှုကို ပြောတာလား။ လူမှုယဉ်ကျေးမှုကင်းတဲ့ အရာကို ခေါ်တာလား။ . . . ။ ဒီ “လား” မေးခွန်းပေါင်းများစွာရဲ့ အဖြေက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိမှုနောက်ခံတွေအပေါ်မှာ မူတည်တဲ့အပြင် အဲဒီအခိုက်အတန့်မှာ ကြည့်တဲ့ တွေးတဲ့ ဆုံးဖြတ်လိုက်တဲ့ ရှုထောင့်နဲ့ ခံယူချက်အပေါ်မှာမူတည်နေတာပေါ့။ ဒေါသနဲ့ အရိုင်းဆန်ခြင်း . . . ဒီနှစ်ခုကို ကလေးစာပေတွေမှာ (အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ ဒေါသကို လှလှပပပြသထားတဲ့) စာတွေ ရှိ/မရှိ ဆန်းစစ်ကြည့်တဲ့အခါ သေချာပေါက် ရှိပါတယ်လို့ Where the wild things are ဆိုတဲ့စာအုပ်က မားမားမတ်မတ် အာမခံပေးမှာပါ။ Where the wild things are ကို Maurice Sendak က ၁၉၆၃ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ ၁၉၆၄ မှာ the Randolph Caldecott medal ဆုကို ရခဲ့တော့ ဒီစာအုပ်အတွက် “Where the Wild Things Are စာအုပ်က လူတိုင်းကို ကျေနပ်စေဖို့အတွက် မဟုတ်ဘူး – ကလေးတွေအတွက်ပဲ” လို့ ခနဲ့တဲ့တဲ့ မှတ်ချက်ပြုခံခဲ့ရတာမို့ တွေးဆစရာ ဖြစ်ခဲ့တယ်။ မှတ်ချက်ကတော့ ကလေးတွေအတွက်ပဲ လို့သာ ဆိုခဲ့ပေမဲ့ ဒီစာအုပ်ရဲ့ သက်ရောက်မှုက ကမ္ဘာလုံးအတိုင်းအတာထိ ပြန့်ထွက်ခဲ့တာကို သက်သေထူနေတာတွေ ရှိပါတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ အော်ပရာပြဇာတ်တွေနဲ့ အခြားစာအုပ်တွေအပေါ်မှာပါ လွှမ်းမိုးမှုတွေ ရှိလာခဲ့တဲ့အထိပါပဲ။ ဒါကြောင့် ဒီစာအုပ်ကို IBBY ရဲ့ ဥက္ကဌPam Dix က “တစ်ခါတစ်ခါ ဖတ်လိုက်တိုင်းမှာ မတူညီတဲ့ ရှုထောင့်တွေကနေ ထုတ်ဖော်ပြသမဲ့၊ အလွှာများစွာပါဝင်နေတဲ့၊ပြီးပြည့်စုံတဲ့ ရုပ်ပြစာအုပ်တစ်အုပ်ပါ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီစာအုပ်ထဲမှာ ဘာတွေ ပါနေမလဲ။ တကယ်တော့ ဒီစာအုပ်မှာ ချစ်စရာ ကြည်နူးစရာတွေအကြောင်း သရုပ်ဖော်ထားတဲ့ပုံတွေ၊ စာတွေ မဟုတ်ဘဲ လူသားတစ်ဦးအဖြစ် နေထိုင်ရတဲ့ သက်တမ်းတစ်လျှောက်မှာ ကလေးဘဝကို ဖြတ်သန်းခဲ့ရစဉ်မှာ အဲဒီအရွယ်ရဲ့ ပကတိစိတ်သဘောကို ပကတိအတိုင်း ထင်ထင်လင်းလင်း မြင်မြင်သာသာ ဖွင့်ချပြလိုက်တာပါပဲ။ ဒီအချက်က ဒီစာအုပ်ကို အထူးခြားဆုံးဖြစ်အောင်၊ ဂန္ထဝင်ကလေးစာပေစာရင်းတွေမှာ ထိပ်ဆုံးနေရာတွေကနေ မပါမဖြစ် ရွေးချယ်စေတဲ့ အချက် ဖြစ်နေခဲ့တာပဲပေါ့။  ၁၉၂၈ ခုနှစ်မှာ လူ့လောကထဲ ရောက်လာခဲ့တဲ့ Maurice Sendak ဟာဒီစာအုပ်ထဲ ဖော်ပြမဲ့ ဇာတ်လမ်းအတွက် သူ့ငယ်ဘဝက အဓိကဖြစ်နေခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ခပ်ဆိုးဆိုးလုပ်မိရင် သူ့အမေက သူ့ကို “သတ္တဝါဆိုး (vilde chaya)” လို့ ခေါ်ခဲ့တယ် လို့ Sendak က ဖြေခဲ့ဖူးတယ်။ ဇာတ်လမ်းထဲမှာဇာတ်ဆောင် Max က သူ့အမေက သူ့ကို “သတ္တဝါဆိုး” လို့ ခေါ်လိုက်လို့ “ငါ မင်းကို စားလိုက်မယ်” ဆိုပြီး ပြောလိုက်တယ်၊ ဒါကြောင့် သူ့အမေက သူ့ကို အိပ်ရာမဝင်ခင် ညစာမကျွေးဘဲ အိပ်ခိုင်းခဲ့တာဆိုတဲ့ ဇာတ်ကွက်နဲ့ သွယ်ဝိုက်ပြခဲ့တယ်။ ဇာတ်လမ်းထဲက Max လိုပဲ Maurice…

Htet Phone Shein · Aug 19, 2023 · 5 min read

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.