May 10, 2026 | မြန်မာ
Historical Analysis Featured Featured Story
“အမေရိကန်တွေ ဘာလို့ တိုကျိုမြို့ကို နျူးကလီးယားဗုံး မကြဲခဲ့တာလဲ။”
ဩဂုတ်လ ၆ ရက်၊ ၁၉၄၅ ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ ဟီရိုရှီးမားဆိုတဲ့ မြို့လေးမှာ မြို့နေပြည်သူတွေက ပုံမှန်အတိုင်း သူတို့ရဲ့ နေ့ရက်ကို စတင်ဖို့ ပြင်ဆင်နေကြပါတယ်။ အလုပ်သွားဖို့ ရထားစောင့်‌နေတဲ့ သူက စောင့်၊ ကျောင်းသွားဖို့ ပြင်နေတဲ့ ကလေးက ပြင်၊ အိမ်မှုကိစ္စတွေ လုပ်နေသူက လုပ်နဲ့ သာမန်နေ့လေးတစ်နေ့ကို ရိုးရိုးရှင်းရှင်းနဲ့ပဲ ဖြတ်သန်းနေကြပါတယ်။…
Text size
ဩဂုတ်လ ၆ ရက်၊ ၁၉၄၅ ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ ဟီရိုရှီးမားဆိုတဲ့ မြို့လေးမှာ မြို့နေပြည်သူတွေက ပုံမှန်အတိုင်း သူတို့ရဲ့ နေ့ရက်ကို စတင်ဖို့ ပြင်ဆင်နေကြပါတယ်။ အလုပ်သွားဖို့ ရထားစောင့်‌နေတဲ့ သူက စောင့်၊ ကျောင်းသွားဖို့ ပြင်နေတဲ့ ကလေးက ပြင်၊ အိမ်မှုကိစ္စတွေ လုပ်နေသူက လုပ်နဲ့ သာမန်နေ့လေးတစ်နေ့ကို ရိုးရိုးရှင်းရှင်းနဲ့ပဲ ဖြတ်သန်းနေကြပါတယ်။ အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေ အမည်မသိအရာတစ်ခု ပြုတ်ကျလာတာနဲ့အတူ တစ်မြို့လုံးကို မီးတောက်ထုကြီး ဖုံးလွှမ်းသွားပြီး မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ ကမ္ဘာကြီးဟာ မှောင်မိုက်သွားပါတော့တယ်။
ဒါဟာ စစ်ပွဲအတွင်းမှာ ပထမဦးဆုံးအကြိမ် အလွန့်အလွန်ကို ကြောက်ဖို့ကောင်းတဲ့ ဗုံးအမျိုးအစားဖြစ်တဲ့ နျူကလီးယားဗုံးကို အသုံးပြုခဲ့တာပါ။ ဟီရိုရှီးမားမြို့နေ ပြည်သူတွေကတော့ ဒီဗုံးရဲ့ ပထမဆုံးသားကောင်တွေ ဖြစ်ခဲ့တယ်ဆိုလဲ မမှားပါဘူး။ ဒီဗုံးကို အမေရိကန်တွေက မန်ဟတ်တန် (Manhattan) ပရောဂျက်အတွင်း စမ်းသပ်တီထွင်ခဲ့တာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လက်နက်အဖြစ် အသုံးပြုခဲ့တာကို စာဖတ်သူတို့ အားလုံး သိကြမှာပါ။ ဟီရိုရှိးမားမြို့ကို Little Boy အမည်ရှိ ယူရေနီယမ် (Uranium) လောင်စာသုံး နျူးကလီးယားဗုံး၊ နာကာဆာကီကို Fat man အမည်ရှိ ပလူတိုနီယမ် (Plutonium) လောင်စာသုံး နျူကလီးယားဗုံး ကြဲချပြီးချိန်မှာတော့ ဂျပန်တွေ လက်နက်ချခဲ့ရပြီး ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပါတော့တယ်။
ဒီနေရာမှာ မေးစရာတစ်ခု ရှိလာပါတယ်။ ဂျပန်နိုင်ငံမှာ  မြို့ကြီးပြကြီးတွေ အများကြီး ရှိတဲ့အထဲကမှ ဘာလို့ ဟီရိုရှီးမားနဲ့ နာကာဆာကီကိုမှ နျူးကလီးယားဗုံးကြဲခဲ့တာလဲ။ တခြားမြို့တွေက ဘောင်မ၀င်လို့လား၊ ဒါမှမဟုတ် ကြဲချခဲ့တဲ့ မြို့က သူတွေကို ကြည့်မရလို့လား . . . စသဖြင့်ပေါ့။ စာဖတ်သူတို့ကို အခုလက်ရှိ နိုင်ငံတစ်နိုင်ငံရဲ့ မြို့တစ်မြို့ကို ဗုံးကြဲဖို့ ရွေးချယ်ခိုင်းတယ်ဆိုပါစို့။ ဒါဆိုရင် အဲဒီနိုင်ငံရဲ့ မြို့တော်ကို အရင်ကြဲဖို့ တွေးမိကြမှာပါ။ ဒါပေမဲ့ “ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုက ဘာလို့ နျူကလီးယားဗုံး ကြဲမခံခဲ့ရတာလဲ” ဆိုတာက ဒွိဟဖြစ်စရာပါပဲ။ ဒါတွေကို အဖြေရှာဖို့ နျူကလီးယားဗုံးကြဲဖို့ ရွေးချယ်စဉ်က အချိန်တွေကို ကျွန်တော်နဲ့အတူ ခရီးသွားလိုက်ရအောင်။
ဇူလိုင်လ ၁၆ ရက်နေ့၊ ၁၉၄၅ ခုနှစ်မှာ အမေရိကန်တွေ မန်ဟတ်တန် (Manhattan) ပရောဂျက်ကနေ စမ်းသပ်တီထွင်ထားတဲ့ ကမ္ဘ့ာပထမဆုံး နျူကလီးယားဗုံး Gadget ကို နယူးမက္ကစီကိုရဲ့ သဲကန္တာရထဲမှာ အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ပေါက်ကွဲမှုက သိပ္ပံပညာရှင်တွေ ခန့်မှန်းထားတာထက် ပိုပြင်းထန်ခဲ့ပြီး ဒီလို ဖျက်ဆီးမှု အားကောင်းတဲ့ ဗုံးကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်တွေအဖို့ ဒီဗုံးကို အသုံးချဖို့ရာ အတော်ခေါင်းစားခဲ့ကြပါတယ်။ ဒေါ်လာ ဘီလီယံနဲ့ချီအောင် လုပ်သား၊ လုပ်အားပေါင်းများစွာ ပေးဆပ်ထားရတဲ့အတွက် အသုံးပြုရာမှာ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
တစ်ဖက်မှာလဲ ဒုတိယကမ္ဘာစစ် ဖြစ်ပွားချိန်ဖြစ်ပြီး ဥရောပမှာ ဂျာမန်တွေ လက်နက်ချခဲ့ပေမဲ့ ပစိဖိတ်ဒေသမှာတော့ အမေရိကန်တွေဟာ ဂျပန်နဲ့ စစ်ဖြစ်နေဆဲပါ။ ဂျပန်တွေဟာ အလွန်ခေါင်းမာသူတွေ ဖြစ်ပြီး စစ်ပွဲအတွင်းမှာ ဂျပန်စစ်သား တစ်ယောက်တစ်လေတောင် အရှုံးပေးလိုစိတ် မရှိဘဲ သူတို့ရဲ့ နောက်ဆုံးအချိန်အထိ တိုက်ခိုက်သွားတာချည်းပါပဲ။ ဒါကြောင့် အမေရိကန်သမ္မတ ထရူးမန်းအဖို့ ဂျပန်တွေကို တိုက်ဖို့က အတော်ဂယက်ရိုက်ခဲ့တဲ့ ကိစ္စပါ။ ဥရောပမှာ မဟာမိတ်တွေ အောင်ပွဲရပြီးတဲ့နောက် အမေရိကန်ဟာလဲ ပစိဖိတ်မှာ ဂျပန်တွေကို အပြီးသတ်တိုက်ရဖို့ ဖြစ်လာပါတော့တယ်။ ဂျပန်တွေကို တိုက်ဖို့နဲ့ သူတို့ကိုယ်တိုင် လက်နက်ချ အရှုံးပေးစေဖို့ အမေရိကန်သမ္မတ ထရူးမန်းနဲ့ အမေရိကန်လူမျိုးတွေမှာ ရွေးချယ်စရာ ၄ ခု ရှိလာပါတယ်။
၁။ သမားရိုးကျ လေယာဉ်နဲ့ ဗုံးကြဲမလား။
၂။ ဂျပန်ပြည်မကြီးထဲကို ၀င်ရောက်ကျူးကျော်မလား။
၃။ ဂျပန်နိုင်ငံရဲ့ လူမနေတဲ့ ကျွန်းတစ်ခုအပေါ် နျူကလီးယားဗုံး ဖောက်ခွဲပြမလား။
၄။ ဂျပန်နိုင်ငံက မြို့တစ်မြို့အပေါ် နျူးကလီးယားဗုံးကြဲချမလား ဆိုပြီးပါ။
စာဖတ်သူတို့အားလုံး သိကြတဲ့အတိုင်း သမ္မတ ထရူးမန်းဟာ နံပါတ် ၄ ကို ရွေးချယ်ခဲ့ပါတယ်။ ဒါဆို တခြား ရွေးချယ်စရာတွေကို ဘာလို့ မရွေးခဲ့တာလဲ။
နံပါတ် ၁။ လေယာဉ်နဲ့ သမားရိုးကျ ဗုံးကြဲတိုက်ခိုက်ခြင်း။
အမေရိကန်တွေဟာ ၁၉၄၂ ခုနှစ်ကတည်းက ဂျပန်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ၁၉၄၄ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာ အမေရိကန်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဂျပန်စစ်သားနဲ့ အရပ်သား ၃၃၃၀၀၀ ခန့် သေဆုံးခဲ့ပြီး ၄၇၀၀၀၀ ခန့် ဒဏ်ရာရ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နယူးယော့ခ်တိုင်းမ် သတင်းစာရဲ့ ဖော်ပြချက်အရ “Operation Meetinghouse”လို့ ခေါ်တဲ့ တိုကျိုမြို့ကို ဗုံးကြဲချတဲ့ စစ်ဆင်ရေးမှာ တစ်ရက်အတွင်း လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ဟီရိုရှီးမားကို ‌ဗုံးကြဲခဲ့ချိန်ကထက် သေအပျောက်နှုန်း ပိုမြင့်နေတာပါ။ ဒါပေမဲ့ ဂျပန်တွေဟာ လုံး၀ လက်နက်မချခဲ့သလို အရှုံးလဲ မပေးခဲ့ပါဘူး။ ဆိုတော့ ဒီလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာက ထိခိုက်ဆုံးရှုံးမှုများစေပေမဲ့ ဂျပန်တွေ လက်နက်ချဖို့အထိတော့ အလုပ်မဖြစ်တာ တွေ့ရပါတယ်။
နံပါတ် ၂။ ဂျပန်ပြည်မကြီးထဲ ကျူးကျော်၀င်ရောက်တိုက်ခိုက်ခြင်း။
အမေရိကန်တွေ နျူးကလီးယားဗုံး စမ်းသပ်မအောင်မြင်ခင်က ဂျပန်ပြည်တွင်းကို မလွဲဧကန် ၀င်ရောက်တိုက်ခိုက်ရမယ်လို့ တွက်ချက်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်တွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ဟာ အလွန်ပြင်းထန်ကြတာမို့ စစ်တိုက်တိုင်းမှာ ဂျပန်စစ်သား တစ်ယောက်ချင်းစီက သူတို့ရဲ့ နောက်ဆုံးထွက်သက်အထိ တိုက်ပွဲ၀င်လေ့ ရှိပါတယ်။ ဘယ်လိုအခြေအ‌နေပဲ ဖြစ်ဖြစ် ရန်သူ့လက်ထဲမှာ အဖမ်းမခံ၊ အရှုံးမပေးတတ်ပါဘူး။ အကယ်၍သာ အမေရိကန်တွေ ဂျပန်ပြည်ထဲကို ၀င်တိုက်ခဲ့မယ်ဆိုရင် ဂျပန်ဘက်က အရပ်သား၊ အမျိုးသမီးနဲ့ ကလေးပါမကျန် သူတို့ရဲ့ အမိမြေကို သေသည်ထိတိုင် ကာကွယ်ဖို့ ဆုံးဖြတ်ထားကြတဲ့အတွက် စစ်တပ်နဲ့တင်မဟုတ်၊ ပြည်သူနဲ့ပါ တိုက်ရမဲ့ အခြေအနေပါ။ ဒီတော့ စစ်ရင်ဆိုင်ရတဲ့ အချိန်တိုင်း ဂျပန်ရော၊ အမေရိကန်ရော နှစ်ဖက်စလုံး အသေအပျောက်နှုန်း မြင့်မြင့်နဲ့ အဆုံးသတ်လေ့ရှိပါတယ်။
ဥပမာ ၁၉၄၅ ခုနှစ်၊ ဖေဖဝါရီလ ၁၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အီဝိုဂျိမား (lwo Jima) တိုက်ပွဲနဲ့ မတ်လ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အိုခီနာဝါ (Okinawa) တိုက်ပွဲတွေကို ကြည့်ကြပါစို့။ အီဝိုဂျိမားတိုက်ပွဲမှာ အမေရိကန်စစ်သား ၆၂၀၀ ခန့် သေဆုံးခဲ့ပြီး အိုခီနာဝါတိုက်ပွဲမှာတော့ အမေရိကန်စစ်သားနဲ့ သင်္ဘောသားပေါင်း ၃၀၀၀ ခန့် အသတ်ခံခဲ့ရပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ ကျွန်းငယ်လေးကိုတောင်တိုက်ဖို့ မလွယ်ကူတာ တွေ့ရပါလိမ့်မယ်။
နံပါတ် ၃။ လူမနေတဲ့ ကျွန်းပေါ်ကို နျူကလီးယားဖောက်ခွဲပြခြင်း။
ဂျပန်တွေ လက်နက်ချစေဖို့ နျူကလီးယားလက်နက်ကို ဖောက်ခွဲပြပြီး ခြိမ်းခြောက်ဖို့ အကြောင်းဖန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာလဲ ပြဿနာတွေ ရှိပါတယ်။ ဒီဖောက်ခွဲမှုကို ဘယ်သူ့ကို မြင်စေချင်တာလဲ၊ ပေါက်ကွဲမှုကို မြင်ပြီးရင် လက်နက်ချဖို့ ဘယ်လောက်ကြာမှာလဲ ဆိုတာတွေပါ။ ပိုဆိုးတာက အဲဒီအချိန်တုန်းက ထရီနတီ (Trinity site) စမ်းသပ်ရေးဆိုက်တ်မှာတော့ နျူကလီးယားဗုံးတစ်လုံးဟာ အောင်အောင်မြင်မြင် ပေါက်ကွဲခဲ့ပေမဲ့ လေယာဉ်နဲ့ ပစ်ချရင် ဗုံးပေါက်ကွဲပါ့မလား ဆိုတာ မသေချာပါဘူး။ ဗုံးတော်တော်များများက ထုတ်လုပ်နေဆဲဖြစ်ပြီး ဗုံးနှစ်လုံး (နောက်ပိုင်းမှာ ဟီရိုရှီးမားနဲ့ နာကာဆာကီကို ကြဲချဖို့) သာ ရှိပါသေးတယ်။ နောက်ထပ် စိုးရိမ်စရာတစ်ခုက ဂျပန်တွေဟာ ဒီပေါက်ကွဲမှုကို မြင်ပြီးပေမဲ့ လက်နက်မချဘဲ စစ်ပွဲအတွက် အင်အားနှစ်ဆ တင်လာနိုင်ပါတယ်။ လေယာဉ်ပစ်လက်နက်နဲ့ ဘန်ကာတွေ တည်ဆောက်လာတာမျိုးပါ။ ဒါကြောင့် နံပါတ် ၃ ကိုလဲ မရွေးချယ်ခဲ့ပါဘူး။
နံပါတ် ၄။ ဂျပန်နိုင်ငံရဲ့ မြို့တစ်မြို့ကို နျူးကလီးယားဗုံးကြဲချခြင်း။
အားလုံး သိကြတဲ့အတိုင်း သမ္မတထရူးမန်း က နံပါတ် ၄ ကို ရွေးချယ်ခဲ့ပါတယ်။ ထပ်ပြီး နျူကလီးယားစွမ်းအင်နဲ့ လက်နက်သုံးစွဲရာမှာ အကြံပေးဖို့ ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ပြီး မန်ဟတ်တန် (Manhattan) ပရောဂျက်မှာလဲ ပါဝင်သူ တော်တော်များများ ရှိခဲ့ပါတယ်။ ဒီဗုံးကြဲချမဲ့ အဓိက ရည်ရွယ်ချက်ကတော့ နျူကလီးယားဗုံးရဲ့ ဖျက်ဆီးနိုင်စွမ်းအားကို ပြသချင်လို့ပါ။ ဒါကြောင့် ဗုံးကြဲဖို့ ရွေးရာမှာလဲ အထူးသတိထားရပါတယ်။ အစပိုင်းမှာတော့ တိုကျိုဟာ မြို့တော်ဖြစ်တဲ့အတွက် ပစ်မှတ်ဖြစ်နိုင်ချေ ရှိပေမဲ့ တခြားသတ်မှတ်ချက်တွေလဲ လိုအပ်ခဲ့ပါတယ်။
နျူကလီးယားဗုံးကြဲမဲ့ မြို့ကို ဘယ်လိုရွေးချယ်ခဲ့လဲ။
မူလရည်ရွယ်ချက် ဖြစ်တဲ့ နျူကလီးယားပေါက်ကွဲမှုကို ဂျပန်တွေ ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ ကြဲချမဲ့ မြို့ကို ဂရုတစိုက် ရွေးချယ်ရပါတယ်။ ကော်မတီ၀င်တွေဟာ ၁၉၄၅ ခုနှစ်၊ ဧပြီလ (ဂျာမနီ လက်နက်မချခင် တစ်ပတ်အလို) မှာ မြို့ရွေးချယ်ဖို့ သတ်မှတ်ချက်တချို့ သတ်မှတ်ခဲ့ပါတယ်။ နျူကလီးယားဗုံး ကြဲချမဲ့ မြို့ဟာ “မြို့ပြဖြစ်ရမယ်၊ အချင်း ၃ မိုင်ထက် မကျဉ်းရဘူး၊ တိုကျိုနဲ့ နာကာဆာကီကြားက စစ်နည်းဗျူဟာကျတဲ့ မြို့ဖြစ်ရမှာ ဖြစ်ပြီး စစ်တပ်စက်ရုံနဲ့ စစ်စခန်းတွေ ရှိရမယ်၊ အဓိကအချက်အနေနဲ့ ဗုံးရဲ့ ပေါက်ကွဲအားကို သိသာစေဖို့ ဗုံးလုံး၀မကြဲဖူးတဲ့ (သို့မဟုတ်) အနည်းငယ်သာ ကြဲဖူးတဲ့ မြို့ဖြစ်ရမယ်။” ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ ပစ်မှတ်ဖြစ်နိုင်တဲ့ မြို့ ၁၇ မြို့ ထွက်လာခဲ့ပါတယ်။
အဲဒါတွေကတော့ တိုကျိုဘေး (Tokyo Bay)၊ ခါ၀စကိ (Kawasaki)၊ ယိုကိုဟားမား (Yokohama)၊ နာဂိုယာ (Nagoya)၊ အိုဆာကာ (Osaka)၊ ခိုဘဲ့ (Kobe)၊  ကျိုတို (Kyoto)၊ ဟီရိုရှီးမား (Hiroshima)၊ ခုရဲ (Kure)၊ ယာမတ (Yamata)၊ ကိုခုရ (Kokura)၊ ရှီမိုးဆန်းက (Shimosenka)၊ ယာမဂုချိ (Yamaguchi)၊ ခုမမိုတို (Kumamoto)၊ ဖုကုအိုက (Fukuoka)၊ နာကာဆာကီ (Nagasaki) နဲ့ ဆဆဲဘိုး (Sasebo) တို့ပဲ ဖြစ်ပါတယ်။
မေလကို ရောက်တဲ့ အခါမှာတော့ ပစ်မှတ်ရွေးချယ်ရေးကော်မတီက မြို့ငါးခုကို စာရင်းပြုစုခဲ့ပါတယ်။ အဲဒါတွေကတော့ ကျိုတို၊ ဟီရိုရှီးမား၊ ကိုခုရ၊ ယိုကိုဟားမားနဲ့ နီးဂါ့တမြို့‌တွေပါ။ မြို့တော်ဖြစ်တဲ့ တိုကျိုမြို့ကတော့ မပါ၀င်ခဲ့ပါဘူး။ ဒီအကြောင်းကို အနောက်မှာ ဆက်လက်ဖော်ပြပေးပါမယ်။ ကော်မတီအဖွဲ့၀င်တွေက ကျိုတိုနဲ့ ဟီရိုရှီးမားကို မျက်စိကျခဲ့ကြပါတယ်။ ဘာလို့လဲဆိုရင် အဲဒီမြို့တွေကို ဗုံးတစ်ခါမှ မကြဲဖူးသေးလို့ပါ။ ကော်မတီက လူတွေဟာ ဟီရိုရှီးမားကို ပထမဆုံးပစ်မှတ်အနေနဲ့ ထောက်ခံခဲ့ကြပြီး အဲဒီမှာ စစ်တပ်စက်ရုံတွေ ရှိတာ၊ မြို့ကို ပတ်ထားတဲ့ တောင်တန်းတွေကြောင့် ပေါက်ကွဲမှုကို ပိုသိသာစေတာတွေကြောင့် ရွေးချယ်ခဲ့ကြပါတယ်။ ကျိုတိုမြို့ကတော့ စစ်တပ်စက်ရုံတွေ မရှိတာနဲ့ ဟန်နရီ စတင်မ်ဆန် (Henery Stimson) ရဲ့ ပြောဆိုမှုကြောင့်‌ နောက်ပိုင်းမှာ စာရင်းထဲကနေ ပယ်ခံခဲ့ရပါတယ်။ အဲဒီအချိန်ရောက်မှ နာကာဆာကီကို အစားသွင်းခဲ့ပါတယ်။ အကြောင်းရင်းကတော့ သင်္ဘောဆိပ်ကမ်းအကြီးကြီးရှိနေပြီး ကုန်သွယ်ရေးအချက်အချာကျတဲ့ မြို့ဖြစ်တဲ့အပြင် စစ်လက်နက်စက်ရုံတွေဖြစ်တဲ့ Mitsubishi steel and Arms works နဲ့ Mitsubishi-Urakami torpedo works (တော်ပီဒိုထုတ်လုပ်ရေး) တွေ ရှိတာကြောင့်ပါ။
နောက်ဆုံးပစ်မှတ်တွေကိုတော့ ဗိုလ်ချုပ် ဂရူးဗ်စ် (Groves) က သမ္မတ ထရူးမန်းကို တင်ပြပြီး စတင်မ်ဆန် (Stimson) နဲ့ ဂန် (Gen) တို့က အတည်ပြုပေးခဲ့ပါတယ်။
ဘာလို့ တိုကျိုက နျူကလီးယားဗုံး မကြဲခံခဲ့ရတာလဲ။
ပထမဆုံးအချက်ကတော့ တိုကျိုမှာ စစ်တပ်ခေါင်းဆောင်တွေနဲ့ အစိုးရ ထိပ်ပိုင်းက အရေးပါသူတွေ ရှိနေလို့ပါ။ အကယ်၍ ဗုံးကြဲချလိုက်လို့ ခေါင်းဆောင်တွေ ထိခိုက်သွားရင် အရှုံးပေးလက်နက်ချဖို့ ကြန့်ကြာသွားနိုင်ပါတယ်။ အမေရိကန်တွေက အဲဒီလောက် အကြာကြီး မစောင့်နိုင်ပါဘူး။ တိုကျိုကို ဗုံးမကြဲရတဲ့ အဓိကအကျဆုံး အချက်က တိုကျိုဟာ လေကြောင်းက ဗုံးဒဏ်ကြောင့် အတော်အတန် ပျက်စီးနေပြီပဲ ဖြစ်ပါတယ်။ မတ်လ ၉ ရက်နေ့၊ ညပိုင်းမှာ ဆင်နွှဲခဲ့တဲ့ “Operation Meeting House” စစ်ဆင်ရေးဟာ တိုကျိုကို ရစရာမရှိအောင် ဖျက်ဆီးခဲ့ပါတယ်။ 339 B-29 ဗုံးကြဲလေယာဉ်တွေဟာ မတ်လ ၉ ရက်နေ့ညမှာ မာရီယားနား (Mariana) ကျွန်းကနေ တိုကျိုကို မီးလောင်တိုက်သွင်းခဲ့တာ ဖြစ်ပြီး စုစုပေါင်း စတုန်းရန်းကီလိုမီတာ ၄၀ ခန့် လေးရက်ဆက်တိုက် မီးလောင်ခဲ့ပါတယ်။ နူးယော့ခ်တိုင်းမဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ လူပေါင်း ၁ သိန်းခန့် တစ်ရက်ထဲမှာ သေဆုံးခဲ့ပြီး ၁ သန်းခန့်ကတော့ အိမ်ခြေရာမဲ့ဘ၀ ရောက်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါကလဲ တိုကျိုကို နျူးကလီးယားရဲ့ သားကောင်မဖြစ်စေတဲ့ အဓိကအချက်ပါ။
အကျဉ်းချုပ်အနေနဲ့ ပြောရရင် ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်ဖို့အတွက် အမေရိကန်ဟာ အလွန့်အလွန် ဖျက်ဆီးမှုအားကောင်းတဲ့ နျူကလီးယားဗုံးကို သုံးခဲ့တာကို ကျွန်တော်တို့ သိပြီးပါပြီ။ ဒီလိုအဖျက်စွမ်းအားများတဲ့ ဗုံးကို ပြုလုပ်ရာမှာ ကုန်ကျစရိတ် များတာကြောင့် အသုံးပြုတဲ့နေရာမှာလဲ သတိနဲ့ ဂရုတစိုက်သုံးရပါတယ်။ ဒါကြောင့်ပဲ အမေရိကန်တွေဟာ ကြဲချမဲ့ မြို့ကို ရွေးချယ်ရာမှာ သတ်မှတ်ချက်တွေ ထားရှိပြီး သေသေချာချာ ရွေးချယ်ခဲ့ပါတယ်။ ပစ်မှတ်အဖြစ် ဟီရိုရှီးမားနဲ့ နာကာဆာကီကို ရွေးချယ်ခဲ့ပြီး ၁၉၄၅ ခုနှစ်ရဲ့ ဩဂုတ်လ ၆ ရက်နဲ့ ၉ ရက်အသီးသီးမှာ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုကတော့ ” Operation Meetinghouse” ကြောင့် အတော်အတန် ပျက်စီးနေခဲ့တဲ့အတွက် နျူကလီးယားဗုံးကြဲခြင်း မခံခဲ့ရပါဘူး။ ဒါကြောင့် အမေရိကန်တွေ တိုကျိုကို ဘာလို့ နျူကလီးယားဗုံးမကြဲခဲ့လဲဆိုရင် ကြဲစရာမရှိတော့လို့ပဲပေါ့။     ။
နံပါတ် ၂။ ဂျပန်ပြည်မကြီးထဲ ကျူးကျော်၀င်ရောက်တိုက်ခိုက်ခြင်း။
Article Credits
Written by Khant Nyar Thar
Fact-Checking Noon Yuki
Managing Editor Aww Myat Khin Khin
Final Review Nyan Win Htet
သိပ္ပံကို သင်ချစ်ပါသလား?
Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.
No spam. Unsubscribe any time.