ကမ္ဘာတစ်ဝန်း HIV ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း မြန်မာနိုင်ငံအပါအဝင် အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ HIV ကူးစက်နှုန်း များပြားလာ
မြန်မာနိုင်ငံမှာ လူငယ်တွေ ပွင့်လင်းမှုရှိလာတာနှင့်အမျှ HIV ရောဂါပြန့်ပွားနှုန်းတွေဟာလည်း တစ်ဟုန်ထိုးမြင့်မားလာပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ HIV ကူးစက်ခံရမှု ထုတ်ပြန်ချက်အသစ်ဟာ 1996 ခုနှစ်တုန်းကပျမ်းမျှလူသန်းပေါင်း 3.2 သန်းခန့် ရှိပြီး 2021 ခုနှစ်မှာတော့ 1.5 သန်းခန့်သာ ရှိတော့တာကြောင့် ပြန့်ပွားနှုန်းဟာ တဖြည်းဖြည်း လျော့နည်းလာတာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် Sex Education အားနည်းတဲ့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ HIV ပြန့်ပွားနှုန်းဟာ သိသိသာသာ အားကောင်းနေဆဲပဲ ဖြစ်ပါတယ်။ 2021 ခုနှစ် UNAIDS စစ်တမ်းတစ်ခုအရ ကမ္ဘာတစ်ဝှမ်း HIV ကူးစက်ခံထားရသူ 38.4 သန်း ရှိတဲ့အထဲမှာမှ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဖြစ်တဲ့ အရှေ့အာဖရိက နဲ့ တောင်အာဖရိကမှာ HIV ခံစားနေရသူ စုစုပေါင်း 20.6 သန်းဝန်းကျင် (50%) ရှိလာပြီး အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းနိုင်ငံတွေမှာ 5 သန်းဝန်းကျင် (13%) ရှိပါတယ်။ ပစိဖိတ်ကျွန်းစုနဲ့ အာရှနိုင်ငံတွေမှာတော့ 6 သန်းဝန်းကျင် (15%) ဟာ HIV ကူးစက်ခြင်းကို ခံထားရပါတယ်။ 2.3 သန်းနီးပါး (5%) ဟာဆိုရင်တော့ ဥရောပ အလယ်ပိုင်းနဲ့ အနောက်ပိုင်း၊ မြောက်အမေရိကနိုင်ငံတွေမှာ ကူးစက်နေတာကိုတွေ့ရပါတယ်။ ဒီနှုန်းထားကို ကြည့်ခြင်းအားဖြင့် HIV ကူးစက်ခံထားရသူ 95% ကျော်ဟာ ဆေးဝါး ကုသမှု အသိပညာ နဲ့ Sex Education အားနည်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နေထိုင်နေတယ်ဆိုတာကို ဝမ်းနည်းစရာကောင်းစွာ တွေ့ရပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေဟအခုလက်ရှိ ထိုင်းနိုင်ငံဟာ HIV ကူးစက်နှုန်း အမြင့်ဆုံးနိုင်ငံ ဖြစ်နေပြီး ထိုင်းနိုင်ငံနဲ့ အရောတဝင်ရှိလှတဲ့ မြန်မာနိုင်ငံမှာလည်း တစ်နေ့ထက် တစ်နေ့ ပိုပိုတိုးလာတယ်ဆိုတာ ငြင်းမရပါဘူး။ HIV ဟာ ဆေးပုံမှန် သောက်ရင် သာမန် လူတွေလိုပဲ သက်တမ်းစေ့ ရှင်သန်နိုင်သလို ကူးစက်ခံထားရသူတွေရဲ့ 75% ဝန်းကျင်ကလည်း ART ကုထုံးနဲ့ကုသမှု ခံယူနေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်မှာ HIV ကူးစက်ခံထားရတာကို မသိတဲ့ လူတွေနဲ့ ဆေးဝါးကုသမှု ခံယူရမှာကို မသိတဲ့ သူတွေ ရှိပါသေးတယ်။ ဒါကပဲ HIV ပိုးတွေကို ဆက်လက် ပြန့်ပွားစေတာလား မသိပေမယ့် ကိုယ့်ရဲ့ Partner ကို သေချာမေးပြီး Safe Sex ဖြစ်စေချင်ပါတယ်။ ကိုယ်နဲ့ ပတ်သက်ခဲ့ဖူးတဲ့ သူက မသင်္ကာစရာ ဖြစ်နေရင်လည်း ဆေးစစ်ဖို့ မနှောင့်နှေးသင့်ပါဘူး။ ဒါကြောင့် မိမိမှ တစ်ဆင့် မိမိ ကလေး၊ မိမိနဲ့ သက်ဆိုင်သူတွေကို ဆက်လက် မပြန့်ပွားရအောင် ဂရုတစိုက် နေထိုင်ဖို့နဲ့ ကာကွယ် ကုသမှုတွေကို စနစ်တကျ ခံယူဖို့ ဆေးခန်းသွားရမှာကို မရှက်မကြောက်ပါနဲ့လို့ အကြံပြုလိုက်ရပါတယ်။
Article Credits