April 18, 2026 | မြန်မာ
Electrophoresis ဆိုတဲ့ စကားလုံးကို သိပါသလား. . . ?
🔬 Physical Chemistry 📅 October 31, 2024 👤 Khant Nyar Thar

အလက်ထရိုဖိုရီစစ် (Electrophoresis)

Electrophoresis ဆိုတာ မက်ခရိုမော်လီကျူးတွေကို အရည်တွေ၊ ဂျယ်လ် (Gel) တွေ၊ ကွန်ရက် (Matrix) တွေကနေ သူတို့ရဲ့ အရွယ်အစား၊ ဓာတ်ဖို ဓာတ်မသတ္တိနဲ့ မော်လီကျူးနှစ်ခုကြား နှီးနွယ်မှုအား (Binding Affinity) ပေါ် လိုက်ပြီး လျှပ်စစ်စက်ကွင်းတစ်ခုအောက်မှာ ခွဲထုတ်တဲ့ ဓာတ်ခွဲခန်းသုံး ခွဲခြမ်းစိတ်ဖြာနည်းစနစ် ဖြစ်ပါတယ်။

ဒီနည်းစနစ်ကို အဓိကအားဖြင့် မက်ခရိုမော်လီကျူးတွေဖြစ်တဲ့ ပရိုတင်း၊ ပလတ်စမစ်ဒ်၊ ဒီအင်န်အေ (DNA) နဲ့ အာအင်န်အေ (RNA) တို့ကို ခွဲထုတ်စမ်းသပ်ရာမှာ သုံးလေ့ရှိပါတယ်။ ဒီလို ဓာတ်အဖို၊ အမသတ္တိပေါ် အခြေခံပြီး ခွဲထုတ်တဲ့ နည်းစနစ်မှာဆိုရင် မက်ခရိုမော်လီကျူးတွေကို လျှပ်စစ်စက်ကွင်း တစ်ခုအောက်မှာ သူတို့ရဲ့ ဓာတ်သတ္တိအရ ဓာတ်အဖို၀င်ရိုးစွန်း (Positive Pole) နဲ့ ဓာတ်အမ၀င်ရိုးစွန်း (Negative Pole) တွေကို ရွေ့လျားစေရပါတယ်။ ဓာတ်မသတ္တိရှိတဲ့ မော်လီကျူး ခွဲထုတ်တဲ့နည်းကို Anaphoresis လို့ခေါ်ပြီး ဓာတ်ဖိုသတ္တိရှိတဲ့ မော်လီကျူး ခွဲထုတ်နည်းကိုတော့ Cataphoresis လို့ခေါ်ပါတယ်။ နောက်ထပ်တစ်ခုဖြစ်တဲ့ မော်လီကျူးတွေရဲ့ အရွယ်အစားအလိုက် ခွဲထုတ်တဲ့နည်းမှာတော့ စစ်ထုတ်မဲ့ ဂျယ်ရဲ့အပေါက်ကနေ သေးတဲ့မော်လီကျူးတွေကို မြန်မြန်ရွေ့စေပြီး ကြီးတဲ့မော်လီကျူးတွေကို နှေးနှေးရွေ့စေရပါတယ်။ ဒီလိုနည်းနဲ့ ပါ၀င်တဲ့ မော်လီကျူးတွေကို စံအရွယ်အစားနဲ့ တိုက်စစ်ပြီး ခွဲထုတ်တာပါ။

အတိုချုပ်ပြောရရင်တော့ အလက်ထရိုဖိုရီစစ်ကို Slab Electrophoresis နဲ့ Capillary Electrophoresis ဆိုပြီး အမျိုးအစား ၂ မျိုး ခွဲနိုင်ပါတယ်။ စလတ်ဘ် အလက်ထရိုဖိုရီစစ်မှာဆိုရင် အိုင်ဆို လျှပ်စစ်အမှတ်နဲ့ စမ်းသပ်တဲ့ အိုင်ဆို အလက်ထရိုဖိုရီစစ် နည်းစနစ်အပြင် Zone Electrophoresis နဲ့ Immunoelectrophoresis တို့လဲ ပါ၀င်ပါတယ်။ Capillary Electrophoresis မှာတော့ Gel Electrophoresis နဲ့ Buffer ပျော်ရည်ကို သုံးပြီး မော်လီကျူးတွေကို ခွဲထုတ်ရတဲ့ Paper Electrophoresis တို့ ပါဝင်ပါတယ်။

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.