April 18, 2026 | မြန်မာ
Scurvy ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
🔬 Medicine & Health 📅 November 9, 2024 👤 Fact Hub Editorial

ဗီတာမင်စီ အလွန်အမင်း ချို့တဲ့ရောဂါ (Scurvy)

စကာရ်ဗီ (Scurvy) ဆိုတာ ဗီတာမင်စီ (Ascorbic Acid) အလွန်အမင်း ချို့တဲ့,တဲ့အခါ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါ။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို လုံလုံလောက်လောက် မစားတဲ့အခါ အဓိက ဖြစ်လေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းက အစားအစာ ရှားပါးပြတ်လပ်တဲ့ နေရာတွေမှာတော့ ဒီစကာဗီရ်ရောဂါက ပိုပြီး အဖြစ်များပါတယ်။ ဗီတာမင်စီက အရိုး၊ အရေပြားနဲ့ တွယ်ဆက်တစ်သျှူးတွေ ကြီးထွားဖွံ့ဖြိုးဖို့၊ ထိခိုက်ရှနာဖြစ်တဲ့အခါ ပြန်လည်ကုစားဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ နောက်ပြီး ကိုယ်တွင်းသွေးနီဥ ထုတ်လုပ်ရာမှာ လိုအပ်တဲ့ သံဓာတ်ကို စုပ်ယူပေးဖို့လဲ ကူညီပါသေးတယ်။ ဒီတော့ စကာရ်ဗီရောဂါ ဖြစ်ပြီဆိုတာနဲ့ သွားဖုံးရောင်ရမ်းကိုက်ခဲလာပြီး သွေးထွက်လာကာ သွားဖုံးရဲ့ ခိုင်ခံ့မှုလဲ လျော့နည်းလာတာကြောင့် သွားတွေ ကျွတ်ထွက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ မျက်လုံးအောက်ဘက်နဲ့ နှုတ်ခမ်းနေရာတွေအပြင် ခန္ဓာကိုယ်အနှံ့က အပေါ်ယံ အရေပြားတွေပေါ်မှာပါ အနီရောင်၊ ခရမ်းရောင်နဲ့ အညိုရောင် အစက်အပြောက်၊ အကွက်တွေ ပေါ်လာနိုင်ပြီး အနာကျက်နှေးတာနဲ့ သွေးအားနည်းတာတွေအထိ ဖြစ်စေနိုငိပါတယ်။ ပုံမှန်ဆိုရင် အသက်အရွယ်အလိုက် ဗီတာမင်စီ (Ascorbic Acid) လိုအပ်မှုနှုန်း ကွဲပြားပေမဲ့ ကိုယ်၀န်ဆောင်မိခင်တွေနဲ့ ဆေးလိပ်သောက်သူတွေကတော့ လိုအပ်မှုနှုန်း ပိုများပါတယ်။ ဒါပေမဲ့ ဗီတာမင်စီ အလုံအလောက် မရရှိရုံနဲ့တော့ စကာရ်ဗီရောဂါ ဖြစ်တဲ့ အဆင့်ထိ မရောက်သွားနိုင်ဘဲ  ပြင်းပြင်းထန်ထန် ချို့တဲ့တဲ့ အခါမှသာ ဖြစ်နိုင်တာပါ။ ဒါကြောင့် ရောဂါ မပြင်းထန်ခင်မှာ အသီးအရွက်များများ စားတာနဲ့ ဗီတာမင်စီ ဖြည့်စွက်စာတွေ စားသောက်ရင်း (ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်အလိုက်) ကြိုတင်ကာကွယ်ထားနိုင်ပြီး ရောဂါဖြစ်လာခဲ့ရင်လဲ စနစ်တကျ ဆေးကုသမှု ခံယူသင့်ပါတယ်။

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.