July 21, 2026 | မြန်မာ
“Food Web ဆိုတဲ့ စကားလုံးကို သင်သိပါသလား . . . ?”
🔬 Biology 📅 April 27, 2026 👤 Fact Hub Editorial

အစာကွန်ရက် (Food Web)အစာကွန်ရက်ဆိုတာ ဂေဟစနစ်ထဲက အစာကွင်းဆက် (Food Chain) တွေအားလုံး ပါဝင်နေတဲ့ ကွန်ရက်တစ်ခုပါ။ အစာကွင်းဆက်ဆိုတာကတော့ သက်ရှိတစ်ကောင်ကနေ တခြားသက်ရှိတစ်ကောင်ကို အဆင့်ဆင့် စားသုံးပြီး စွမ်းအင်လွှဲပြောင်းတဲ့ ဖြစ်စဉ်ကို ခေါ်တာပါ၊ ဥပမာ – မြက်ကို နှံကောင်က စား၊ နှံကောင်ကို ကြွက်က စား၊ ကြွက်ကို မြွေက စား၊ မြွေကို လင်းယုန်က စား စတဲ့ ကွင်းဆက်ပေါ့။ သက်ရှိတွေဟာ အစာကွင်းဆက် တစ်ခုမကမှာ ပါဝင်ကြပါတယ်။ အဲဒီလို ကွင်းဆက်တွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားတဲ့အခါ ဂေဟစနစ်ရဲ့ ပကတိအခြေအနေကို ထင်ဟပ်စေတဲ့ အစာကွန်ရက်ဆိုတာ ဖြစ်လာပါတော့တယ်။အစာကွန်ရက်မှာ ပါဝင်နေတဲ့ သက်ရှိတွေကို အလွှာအလိုက် အမျိုးအစားခွဲကြည့်ရင် ထုတ်လုပ်သူ (Producer) ၊ စားသုံးသူ (Consumer) နဲ့ အဆွေးအမြည့်စားသူ (Decomposer) ဆိုပြီး သုံးလွှာ ရပါတယ်။ ထုတ်လုပ်သူအလွှာ-မှာ နေရောင်ခြည်ကို အသုံးပြုပြီး ကိုယ်တိုင်အစာချက်နိုင်တဲ့ အပင်တွေ၊ ရေမှော်တွေ ပါဝင်ပါတယ်။ စားသုံးသူအလွှာ-မှာတော့ အပင်တွေကို စားတဲ့ မူလစားသုံးသူ (Primary Consumer) ၊ မူလစားသုံးသူတွေကို စားတဲ့ ဒုတိယအဆင့် ဆင့်ပွားစားသုံးသူ (Secondary Consumer) ၊ တတိယအဆင့် ဆင့်ပွားစားသုံးသူ (Tertiary Consumer) နဲ့ အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာရှိပြီး သူ့ကို ဖမ်းဆီးစားသောက်မဲ့ ရန်သူဟာ လူကလွဲ မရှိတဲ့ ထိပ်ဆုံးအဆင့်စားသုံးသူ (Apex Predator) တွေ ပါဝင်ပါတယ်။ နောက်ဆုံး အလွှာမှာတော့ အဆွေးအမြည့်စားသူတွေ ရှိပြီး သူတို့ဟာ သေဆုံးသွားတဲ့ သက်ရှိတွေကို မြေဆီလွှာအတွက် အသုံးဝင်တဲ့ အာဟာရဓာတ်တွေအဖြစ် ဖြိုခွဲပေးရင်းနဲ့ အစာကွင်းဆက်ကို တစ်ဖန် ပြန်လည်ပတ်စေပါတယ်။ 

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.