July 10, 2026 | မြန်မာ
“Pinocytosis ဆိုတဲ့ စကားလုံးကို သင်သိပါသလား . . . ?”
🔬 Biology 📅 May 4, 2026 👤 Khant Nyar Thar

ဆဲလ်သောက်ခြင်း (Pinocytosis) ဆဲလ်သောက်ခြင်း (Pinocytosis) ဆိုတာ ဆဲလ်ပြင်ပမှာ ရှိတဲ့ အာဟာရဓာတ်နဲ့ အိုင်ယွန်း (Ion) ပါဝင်တဲ့ အရည်တွေကို — ဆဲလ်တွင်းသယ်ယူပို့ဆောင်ရာမှာ သုံးတဲ့ ဆဲလ်ရည်ကြည်အိတ် (Vesicles) တွေနဲ့ ဆဲလ်အမြှေးပါးကနေတစ်ဆင့် — ဆိုက်တိုပလာဆမ် (Cytoplasm) ထဲကို ပို့ဆောင်တဲ့ ဆဲလ်သယ်ပို့နည်းတစ်မျိုးပါ။ အခြေခံအနေနဲ့တော့ ဆဲလ်သောက်ခြင်းဖြစ်စဉ်မှာ ဆဲလ်ပြင်ပက အရည်တွေကို သယ်ယူဖို့ ‌ဆဲလ်အမြှေးပါးဟာ အတွင်းကို ပထမဆုံး ခေါက်ဝင်ရပါတယ်။ ဒီလို ခေါက်ချိုးရာ နေရာတစ်ခု ပေါ်လာပြီဆိုရင် ဆဲလ်ပြင်မှာ ပိုထွက်နေတဲ့ အမြှေးပါးတွေက ဆဲလ်ခေါက်ချိုးထဲမှာရှိတဲ့ အရည်တွေကို ပတ်ပတ်လည် ဝိုင်းလိုက်ပြီး အရည်ကြည်ပူဖောင်းလေးတွေ ဖြစ်စေပါတယ်။ အဲဒီနောက် ဆဲလ်အိတ်အနေနဲ့ သုံးထားတဲ့ အရည်ကြည်ပူဖောင်းတွေဟာ အရည်ထဲမှာ ပျော်ဝင်နေတဲ့ သတ္တုဓာတ်နဲ့ အိုင်ယွန်း စတာတွေကို သယ်ဆောင်ပြီး ဆဲလ်တွင်း ဝင်ရောက်တာပါ။ ဒီအရည်တွေဟာ ဆိုက်တိုပလာဆမ်ထဲမှာ ဆဲလ်ရည်ကြည်အိတ်တွေအနေနဲ့ သယ်ယူပို့ဆောင်တာ မခံရသေးခင် ဆဲလ်အမြှေးပါးရဲ့ စုပ်ယူမှုကို အရင်ကြုံရပါသေးတယ်။ ဒီဖြစ်စဉ်က ‘ပျံ့ရောခြင်း’ (Osmosis) လို မဟုတ်ဘဲ ဆဲလ်တွင်း အေတီပီ (ATP) စွမ်းအင် လိုအပ်တဲ့ သယ်ယူပို့ဆောင်မှုမျိုးပါ။   ။

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.