April 18, 2026 | မြန်မာ
Pyroclastic Flow
ˌpī-rō-ˈkla-stik ˈflō

Definition: Pyroclastic Flow ဆိုတာက မီးတောင်ပေါက်ကွဲတဲ့အခါ ထွက်ပေါ်လာတဲ့ ဒြပ်ပစ္စည်းအမျိုးမျိုးရဲ့ ရွေ့လျားမှုဖြစ်စဉ်ကို ဆိုလိုတာပါ။

🔬 Earth Sciences 📅 February 18, 2025 👤 Fact Hub Editorial

အပူငွေ့နှင့် မီးတောင်မှ ဒြပ်များ ရွေ့လျားမှု (Pyroclastic Flow) 

Pyroclastic Flow ဆိုတာက မီးတောင်ပေါက်ကွဲတဲ့အခါ ထွက်ပေါ်လာတဲ့ ဒြပ်ပစ္စည်းအမျိုးမျိုးရဲ့ ရွေ့လျားမှုဖြစ်စဉ်ကို ဆိုလိုတာပါ။ ဒီ ဒြပ်ပစ္စည်းတွေထဲမှာ ဖုန်မှုန့်၊ ပြာ၊ ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide) နဲ့ ဟိုက်ဒရိုဂျင်ကလိုရိုက် (Hydrogen Chloride) တို့လို အသက်ရှူလမ်းကြောင်းကို ပြဿနာဖြစ်စေတဲ့ အမှုန်အမွားတွေ၊ ဓာတ်ငွေ့တွေ ပါဝင်တဲ့အပြင် ခန္ဓာကိုယ်ကို တိုက်ရိုက် ထိခိုက်စေနိုင်တဲ့  ကျောက်တုံးအပိုင်းအစတွေ၊ ချော်ရည်ပူတွေလဲ ပါဝင်ပါတယ်။ မီးတောင်ချော်ရည်တွေနဲ့ ကျောက်သားအပိုင်းအစတွေကတော့ မြေပြင်မှာ ရှိတဲ့ အရာတွေကို တိုက်စားသွားပြီး အန္တရာယ်ရှိ ဓာတ်ငွေ့တွေ၊ ဖုန်မှုန့်တွေနဲ့ ပြာတွေကတော့ ထုထည်ကြီးမားတဲ့ တိမ်တိုက်အသွင်နဲ့ ရွေ့လျားကြပါတယ်။ ဒီလိုမျိုး မီးတောင်ပေါက်ကွဲတဲ့အခါ အပူချိန်က ၂၀၀ ဒီဂရီစင်တီဂရိတ်ကနေ ၇၀၀ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းပြီး တစ်နာရီကို မိုင် ၆၀ ကနေ မိုင် ၁၀၀ နှုန်းနဲ့ အလျင်အမြန် ရွေ့လျားတဲ့အတွက်  အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ သက်ရှိတွေအတွက် ဆုံးရှုံးမှုများပါတယ်။ ဥပမာအနေနဲ့ ၁၉၀၂ ခုနှစ်က ကာရေဘီရန်ပင်လယ် (Caribbean Sea)၊ မာတီနိခ် (Martinique) ကျွန်းပေါ်မှာရှိတဲ့ ပယ်လ်လီမီးတောင် (Mount Pelée) ပေါက်ကွဲမှုကြောင့် ကျွန်းပေါ်နေ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်း၊ တစ်နည်း လူ‌ပေါင်း ၃၀၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.