May 10, 2026 | မြန်မာ
Refractive Index ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
/rɪˈfræk.tɪv ˈɪn.deks/

Definition: အလင်းယိုင်ညွှန်းကိန်းဆိုတာ အလင်းတန်းတစ်ခုက သိပ်သည်းဆ မတူညီတဲ့ ကြားခံနယ်တွေကို ဖြတ်သန်းတဲ့အခါ လှိုင်းတွေရဲ့ ဂုဏ်သတ္တိအတိုင်း ဘယ်လောက်ပမာဏအထိ ယိမ်းယိုင်သွားသလဲဆိုတာကို တိုင်းတာရာမှာ အသုံးပြုတဲ့ အညွှန်းကိန်း ဖြစ်ပါတယ်။

🔬 Physics 📅 March 9, 2026 👤 Fact Hub Editorial

အလင်းယိုင်ညွှန်းကိန်း (Refractive Index)

အလင်းယိုင်ညွှန်းကိန်းဆိုတာ အလင်းတန်းတစ်ခုက သိပ်သည်းဆ မတူညီတဲ့ ကြားခံနယ်တွေကို ဖြတ်သန်းတဲ့အခါ လှိုင်းတွေရဲ့ ဂုဏ်သတ္တိအတိုင်း ဘယ်လောက်ပမာဏအထိ ယိမ်းယိုင်သွားသလဲဆိုတာကို တိုင်းတာရာမှာ အသုံးပြုတဲ့ အညွှန်းကိန်း ဖြစ်ပါတယ်။ ရူပဗေဒနယ်ပယ်မှာ အလင်းယိုင်ညွှန်းကိန်းကို အင်္ဂလိပ်အက္ခရာ ‘n’ နဲ့ ဖော်ပြကြပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်အနေနဲ့ နှစ်မျိုးရှိပါတယ်။ အလင်းဟာ လျှပ်စစ်သံလိုက်လှိုင်းဖြစ်တာနဲ့ အညီ လေဟာနယ်ထဲမှာ သွားတဲ့ အလျင်ဟာ အမြန်ဆုံး (တစ်စက္ကန့်ကို ၃ × ၁၀၈မီတာအထိ) ဖြစ်ပြီး လေ၊ ရေ၊ ဖန် စတဲ့ ကြားခံနယ်တွေထဲ ၀င်ရောက်တဲ့အခါ အရှိန်နှေးသွားတတ်ပါတယ်။ အလင်းတန်းတစ်ခု အရှိန်နှေးသွားတာအမျှ ဦးတည်ချက်လဲ ပြောင်းလဲသွားပြီး အလင်းယိုင်ခြင်း ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် အလင်းယိုင်ညွှန်းကိန်းကို လေဟာနယ်ထဲက အလင်းရဲ့အလျင်နဲ့ ကြားခံနယ်ထဲက အလင်းရဲ့အလျင်ရဲ့ အချိုး n = cb အနေနဲ့ ဖွင့်ဆိုကြပါတယ်။ ဒုတိယတစ်ခုအနေနဲ့ အလင်းယိုင်ညွှန်းကိန်းကို သူ့ရဲ့ ရိုက်လင်းတန်း၊ ယိုင်လင်းတန်းနဲ့ ပြင်ညီမျဉ်း (Normal) ပေါ် မူတည်ပြီး အဓိပ္ပါယ်ဖွင့်ဆိုပါသေးတယ်။ အလင်းတန်းတစ်ခုဟာ မတူညီတဲ့ ကြားခံနယ်ကို ဖြတ်သန်းတဲ့အခါ ရိုက်လင်းတန်းရဲ့ ရိုက်ထောင့်ပမာဏပေါ် မူတည်ပြီး ယိုင်လင်းတန်းဟာ အလင်းယိုင်ခြင်းနိယာမအတိုင်း ပြင်ညီမျဉ်းကို ဦးတည်ရင် တည်၊ ဒါမှမဟုတ် ပြင်ညီမျဉ်းနဲ့ ဝေးရာကို ယိုင်သွားတတ်ပါတယ်။ ဒါကိုတော့ စနဲလ်စ်နိယာမ (Snell’s Law) လို့ ခေါ်ပြီး ဒီနိယာမအရ  ကြားခံနယ်တစ်ခုရဲ့ အလင်းယိုင်ညွှန်းကိန်းကို ရိုက်လင်းတန်းရဲ့ ဆိုင်းအချိုးနဲ့ ယိုင်လင်းတန်းရဲ့ ဆိုင်းအချိုးကို အချိုးချပြီး ( n=sin(i)sin(r) ) တွက်ချက်လို့ ရပါတယ်။ ကြားခံနယ်တစ်ခုရဲ့ အလင်းယိုင်ညွှန်းကိန်း များလေလေ အလင်းတန်းရဲ့ အလျင်ကနှေးလေလေ ဖြစ်ပြီး အလင်းတန်းကလဲ ပိုယိုင်လေလေ ဖြစ်ပါတယ်။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.